HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လက်နက်ထုတ်နိုင်ပြီလို့ ဒေါက်တာဆာဆာပြောတကယ်ပြောသလား

NUG အစိုးရအဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ယူကေလွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပထမဆုံး လက်နက်ထုတ်လုပ်နိုင်ပြီလို့ ပြောဆိုခဲ့တယ်ဆိုပြီး ဖြန့်ဝေရေးသားမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 3 Aug 2021 3:14 AM GMT

ဒီလိုဖြန့်ဝေနေတဲ့ ရုပ်သံဖိုင်ထဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာအနေနဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ယူကေအထက်လွှတ်တော်အမတ်၊ ဒုလွှတ်တော် ဥက္ကဌနဲ့ သူ့ရဲ့ပါလီမန်အတွင်းရေးမှူးအပါအဝင် လုပ်ဖော်ကိုင်ဖက်များနဲ့ မြန်မာနိုင်ငံရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးရာမှာ ဒေါက်တာဆာဆာက NUG အစိုးရမှာ လက်နက်ဆိုင်ရာ နည်းပညာအထောက်အပံ့နဲ့ ဥပဒေအရ ကာကွယ်ရေးအစီအစဉ်တွေ စနစ်တကျ ချမှတ်ထားကြောင်း၊ ပထမဆုံး M22 မောင်းတင်ရိုင်ဖယ်နဲ့ ကျည်များကို စတင်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ PDF တပ်တွေမှာ စတင်ကိုင်တွယ်နေပြီဖြစ်ကြောင်း၊ ဒါဟာ အပေါ့စားလက်နက် လေးမျိုးထဲမှ တစ်မျိုး ထုတ်လုပ်နိုင်ခြင်းဖြစ်ကြောင်း ပြောဆိုထားတယ်ဆိုပြီး နောက်ခံသတင်းကြေငြာ တဲ့ပုံစံနဲ့ ရုပ်သံဖိုင်ပြုလုပ်ဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါက်တာဆာဆာအနေနဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေနဲ့ အစည်းအဝေးတွေကို သူ့ရဲ့ တရားဝင်ဖေစ့်ဘွတ်အကောင့်မှာ တင်လေ့ရှိပါတယ်။ တင်တဲ့နေရာမှာလည်း တွေ့ဆုံသူတွေ၊ သူတက်ရောက်တဲ့ အစည်းအဝေးတွေနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာတွေကို အနည်းဆုံးအကျဉ်းချုပ် ပြန်လည်ရေးသားဖော်ပြနေတာပဲ ဖြစ်ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က သူ့ရဲ့ဖေစ်ဘွတ်မှာ တင်ထားတဲ့ ပိုစ့်အရ ဒေါက်တာဆာဆာဟာ လန်ဒန်၊ Queensbury ရှိ ဗြိတိန်ပါလီမန်အမတ် Baroness Cox အပါအဝင် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရှိ ရက်စက်တဲ့ စစ်ဗိုလ်ချုပ်တွေလက်အောက်မှာ ကာလအတန်ကြာနာကျင်ခံစားနေရတဲ့ မြန်မာပြည်သူတွေရဲ့ ဝေဒနာတွေကို အကောင်းဆုံး သက်သာအောင် ဘယ်လိုကူညီလုပ်ဆောင်မလဲဆိုတာကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။


သူဖော်ပြထားတဲ့အထဲမှာ လက်နက်ထုတ်လုပ်တဲ့ ကိစ္စတွေမပါသလို ယုံကြည်ရတဲ့ မီဒီယာကြီးတွေမှာ ဖော်ပြထားတာလည်း တွေ့ရှိရခြင်း မရှိတဲ့အတွက် အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒေါက်တာဆာဆာရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories