HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သတင်းတွေကို ပုံဖျက်ပြီး ဖျားယောင်းတဲ့ ပေ့ချ်အတုတွေ

သတင်းဌာနတွေရဲ့ သတင်းတွေကို ခေါင်းစဉ်တလွဲတပ်ကာ ပုံဖျက်ပြီး အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ အမှားအမှန် ရောထားတဲ့ သတင်းတွေ ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ ရှိနေပါတယ်။

By - Boom Live Myanmar | 30 Oct 2023 12:07 PM GMT

‘ချက်နည်းပြုတ်နည်းမုန့်လုပ်နည်း’ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့် နဲ့ ‘မိုးလေဝသ သတင်းများ’ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကနေ ဒီလို လုပ်ကြံသတင်းတွေ ရေးသားပြီး ဖော်လိုဝါရှာနေတာ ဖြစ်ပါတယ်။သတင်းတွေဖြန့်ရာမှာ များပြည်သူ အထိတ်တလန့်ဖြစ်စေမယ့် ခေါင်းစဉ်တွေ ရေးသားပြီး အမှားအမှန်ရောထားတဲ့ သတင်းဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ သတင်းအမှားဖြန့်ထားတဲ့ ပိုစ့်အောက်မှာ ‘ကြည့်ရန်နှိပ်ပါ’ ဆိုပြီး ဝက်ဆိုက်လင့်တစ်ခုပေးထားပါတယ်။ အဆိုပါ လင့်ကို နှိပ်လိုက်ပါက ဖြန့်ဝေထားတဲ့ သတင်းနဲ့ မသက်ဆိုင်တဲ့ ကြော်ငြာတွေ တင်ထားတဲ့ ဝက်ဆိုက်တစ်ခုကို ရောက်သွားမှာ ဖြစ်ပါတယ်။

ဒီဝက်ဆိုက်ထဲက ‘သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ’ ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ရင် နောက်ထပ် ဆိုက်တစ်ခုထဲက သတင်းကို ဖတ်ရမှာ ဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စိတ်မကောင်းလိုက်တာ ခိုင်နှင်းဝေရယ်၊ လုပ်ရက်ကျတယ်နော် ဆိုပြီး ဖြန့်ဝေထားတဲ့ ပိုစ့်မှာ ပေးထားတဲ့ လင့်ထဲကို ဝင်ကြည့်ပါက အထက်မှာ ပြောထားသလို အခြားဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး နောက်ထပ် ညွှန်းထားတဲ့ ကလစ်ကို နှိပ်ပါက ‘ချက်ကြိုးတန်းလန်းနဲ့ စွန့်ပစ်ခံခဲ့ရတဲ့ သမီးငယ်လေး ကွယ်လွန်သွားပြီလို့ ပရဟိတမင်းသမီး သရုပ်ဆောင်ခိုင်နှင်းဝေပြော’ ဆိုတဲ့ အခြားမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းအကြောင်းအရာတစ်ခုကို ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။ ခေါင်းစဉ်မှာ ရေးထားသလို သရုပ်ဆောင် ခိုင်နှင်းတစ်စုံတစ်ခုဖြစ်သွားတဲ့ အကြောင်းအရာ မဟုတ်ပါဘူး။

အချို့ပိုစ့်တွေမှာလည်း အခြားသတင်းဌာနတွေရဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြထားမျိုး ဖြစ်ပေမယ့် ပြန်လည်ကူးယူ ဖော်ပြချိန်မှာ အများအပြည်သူ အထိတ်တလန့်ဖြစ်စေမယ့် ခေါင်းစဉ်တွေရေးပြီး ကွန်မန့်မှာ လင့်ပေးဖြန့်ဝေထားတာ ဖြစ်ပါတယ်။

ဒီလို ခေါင်းစဉ်တလွဲတပ်ကာ ပုံဖျက်ပြီး အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ အမှားအမှန် ရောထားတဲ့ သတင်းတွေ ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ ဂရုတွေအကြောင်းကို BOOM မှာ မကြာခန သတင်းဆန်းစစ်ရေးသား ထားတာတွေရှိပါတယ်။

သတင်းတွေကို ဒီနေရာ နဲ့ ဒီနေ့ရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories