BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဖော်လိုဝါတစ်သန်းကျော်ရှိနေတဲ့...
သတင်းအတု

ဖော်လိုဝါတစ်သန်းကျော်ရှိနေတဲ့ အလိမ်အညာ Page

တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန် အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ အမှားအမှန် ရောထားတဲ့ သတင်းတွေကို တမင်ရည်ရွယ် ဖြန့်နေတာတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  29 Sept 2023 12:28 PM IST
  • ဖော်လိုဝါတစ်သန်းကျော်ရှိနေတဲ့ အလိမ်အညာ Page

    အဆိုတော် မေဆွိနာမည်နဲ့ ဖေစ့်ဘွတ်ပေချ့်အတုပြုလုပ်ကာ သတင်းအမှားတွေ ဖြန့်ဝေပြီး Clickbaits နဲ့ ပိုက်ဆံရှာနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတစ်ခု လူမှုကွန်ရက်ပေါ်မှာ ရှိနေပါတယ်။

    အဆိုတော် မေဆွိရဲ့ နာမည်နဲ့ ပုံတွေ အသုံးပြုထားတဲ့ ဒီဖေစ့်ဘွတ်ပေချ့်အတုကို ၂၀၁၈ ခုနှစ် နှစ်စကတည်းက ဖွင့်ထားတာဖြစ်ပြီး လက်ရှိမှာ Follower အရေအတွက် တစ်သန်းနီးပါး ရှိနေပါတယ်။

    ဒီဖေစ့်ဘွတ်ပေချ့် အတုကနေ နေ့စဉ် သတင်းတွေ ဖြန့်ဝေရာမှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေမယ့် ခေါင်းစဉ်တွေ ရေးသားပြီး အမှားအမှန်ရောထားတဲ့ သတင်းဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ သတင်းအမှားဖြန့်ထားတဲ့ ပိုစ့်အောက်မှာ ‘ကြည့်ရန်နှိပ်ပါ’ ဆိုပြီး ဝက်ဆိုက်လင့်တစ်ခုပေးထားပါတယ်။ အဆိုပါ လင့်ကို နှိပ်လိုက်ပါက ဖြန့်ဝေထားတဲ့ သတင်းနဲ့ မသက်ဆိုင်တဲ့ ကြော်ငြာတွေ တင်ထားတဲ့ ဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး အသုံးပြုနေတဲ့ ဖုန်း (သို့) ကွန်ပျူတာ ဆက်လက်အသုံးပြုလို့ မရတော့ပဲ ဖွင့်ထားသမျှပိတ်ပြစ်ရလောက်တဲ့အထိ လေးလံလာမှာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစီချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ သတင်းတွေအောက်က ပေးထားတဲ့ ဝက်ဆိုက်လင့်တွေကို ဝင်ရောက်ကြည့်ရှု့ပါက အထက်မှာ ပြောခဲ့သလို သတင်းနဲ့ မသက်ဆိုင်တဲ့ ကြော်ငြာတွေ တင်ထားတဲ့ ဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး အသုံးပြုနေတဲ့ ဖုန်း (သို့) ကွန်ပျူတာ ဆက်လက် အသုံးပြုလို့ မရတော့ပဲ ဖွင့်ထားသမျှပိတ်ပြစ်ရလောက်တဲ့အထိ လေးလံလာမှာ ဖြစ်ပါတယ်။

    အချို့လင့်တွေမှာတော့ အခြားသတင်းဌာနတွေရဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြထားပါတယ်။ ဒီသတင်းတွေကို ပြန်လည်ကူးယူဖော်ပြချိန်မှာလည်း အများအပြည်သူထိတ်လန့်မယ့် ပိုစ့်တင်ပြီး ကွန်မန့်မှာ လင့်ပေးဖြန့်ဝေထားတာ ဖြစ်ပါတယ်။


    ဥပမာအားဖြင့် 'ရွှေဝယ်စုတဲ့သူတွေ အကုန်ပြဿနာတတ်ပြီ' ဆိုတဲ့ ပိုစ့်မှာ နေ့စဉ် ရွှေစျေးအနည်းငယ် ပြောင်းလဲမှုကို ရွှေစျေး အဆမတန်ပြုတ်ကျသယောင် ပိုစ့်တင်ရေးသားထားတာပါ။ နောက်ထပ် 'ဘဏ်အပ်ထားသူတွေ ပြဿနာတတ်ပြီဟေ့' ဆိုပြီး ဖြန့်ဝေထားတဲ့ ပိုစ့်မှာတော့ Ayeyarwaddy Times သတင်းမီဒီယာမှာ ဖော်ပြထားတဲ့ 'စစ်ကောင်စီက စားအုန်းဆီ၊ စက်သုံးဆီ၊ ပို့ကုန်သွင်းကုန်နှင့် ဘဏ်လုပ်ငန်းရှင်များ ပါဝင်သည့် စီးပွားရေးလုပ်ငန်းရှင် ၁၀၀ နီးပါးကို ဖမ်းဆီးစစ်ဆေးနေ' ဆိုတဲ့ သတင်းကို ပြန်လည်ကူးယူ ဖော်ပြထားတာပါ။

    သတင်းထဲမှာ ရွှေလုပ်ငန်းရှင်၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေ ဖမ်းဆီးစစ်ဆေး ခံနေရကြောင်း၊ စစ်တပ်ထိပ်တန်း အရာရှိတွေအပြင် ဘဏ်သုံးခုမှ တာဝန်ရှိသူတွေကိုလည်း ဒေါ်လာအရောင်းအ၀ယ်ကိစ္စနှင့် ဖမ်းဆီးစစ်ဆေးနေကြောင်းတွေ ရေးသားထားတာပါ။

    ဒါကို ဘဏ်တွေပြိုလဲတော့ မလို ရေးသားပြီး အများပြည်သူ အထိတ်တလန့်ဖြစ်အောင် တမင် လုပ်ကြံရေးသားထားတာ ဖြစ်ပါတယ်။အပေါ်ကပုံမှာပါတဲ့ အကြောင်းအရာတွေကို ယုံကြည်စိတ်ချရတဲ့ မည်သည့်သတင်းဌာနတွေမှာမှ ဖော်ပြထားတာ မရှိသလို လက်ရှိဖြစ်ပျက်နေမှုနဲ့လည်း ကျိုးကြောင်းဆီလျှော်မှု မရှိတာကို တွေ့ရပါတယ်။

    ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ အများပြည်သူ အထင်အမြင်လွဲအောင် တမင်လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake Facebook pagefamous singermisinformationFakenewsClickbaitspanic headlines
    Read Full Article
    Claim :   အဆိုတော် မေဆွိနာမည်နဲ့ ဖေစ့်ဘွတ်ပေချ့်အတုပြုလုပ်ကာ သတင်းအမှားတွေ ဖြန့်ဝေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!