BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဖေစ့်ဘွတ်ဂရုတွေမှာ ဖြန့်ဝေနေတဲ့...
သတင်းအတု

ဖေစ့်ဘွတ်ဂရုတွေမှာ ဖြန့်ဝေနေတဲ့ လုပ်ကြံသတင်းအမှားတွေ

နိုင်ငံရေး၊ ဘာသာရေးနဲ့ ပက်သတ်တဲ့ သတင်းအမှားတွေကို ဖေစ့်ဘွတ်ဂရုတွေထဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ကြံရေးသားပြီး ဖြန့်ဝေနေတာတွေ ရှိပါတယ်။

By - Boom Live Myanmar |
Published -  4 Oct 2023 8:51 AM IST
  • ဖေစ့်ဘွတ်ဂရုတွေမှာ ဖြန့်ဝေနေတဲ့ လုပ်ကြံသတင်းအမှားတွေ

    Neetu Kumeri ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ဖေစ့်ဘွတ်ပေါ်က ဂရုတွေပေါ်မှာ သတင်းအမှားတွေ လုပ်ကြံဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဒီ Neetu Kumeri ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ပိုစ့်နှစ်ခုလောက်သာ public နဲ့ တင်ထားတာက လွဲပြီး တခြား ဘာပိုစ့်မှ မတင်ထားပေမယ့် ဖေစ့်ဘွတ်ဂရုတွေမှာ သတင်းအမှားတွေ အများအပြား ဖြန့်ဝေနေတာပါ။

    ဒီအကောင့်က သတင်းတွေ ဖြန့်ဝေရာမှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေမယ့် ခေါင်းစဉ်တွေ ရေးသားပြီး ဖြန့်ဝေနေပါတယ်။

    ဖြန့်ဝေရာမှာ သတင်းအမှားဖြန့်ထားတဲ့ ပိုစ့်အောက်မှာ ‘ကြည့်ရန်နှိပ်ပါ’ ဆိုပြီး ဝက်ဆိုက်လင့်တစ်ခုပေးထားပါတယ်။ အဆိုပါ လင့်ကို နှိပ်လိုက်ပါက ဖြန့်ဝေထားတဲ့ သတင်းနဲ့ မသက်ဆိုင်တဲ့ ကြော်ငြာတွေ တင်ထားတဲ့ ဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး အသုံးပြုနေတဲ့ ဖုန်း (သို့) ကွန်ပျူတာ ဆက်လက်အသုံးပြုလို့ မရတော့ပဲ ဖွင့်ထားသမျှပိတ်ပြစ်ရလောက်တဲ့အထိ လေးလံတာမျိုးထိဖြစ်နိုင်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစီချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    မဟာမြတ်မုနိဘုရားကြီး ပြုံးတော်မူနေပြီ ဆိုပြီး ဖြန့်ဝေထားတဲ့ ပိုစ့်မှာ ပေးထားတဲ့ လင့်ထဲကို ဝင်ကြည့်ပါက အထက်မှာ ပြောထားသလို အခြားဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး နောက်ထပ် ညွှန်းထားတဲ့ ကလစ်ကို နှိပ်ပါက ဖေစ့်ဘွတ်ပေါ်က သူများဖြန့်ဝေထားတဲ့ မဟာမြတ်မုနိဘုရား ပုံတော်တွေကို ဖော်ပြထားပါတယ်။

    ဒီပုံတော်တွေမှာ တစ်ခုက ရခိုင်ပြည်နယ် ကျောက်တော်က မဟာမုနိ ရုပ်ပွားတော် ပုံဖြစ်ပြီး ကျန်ပုံတော်ကတော့ မန္တလေးက မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးရဲ့ ပုံတော်ဖြစ်ပါတယ်။ ဒီပုံတော် နှစ်ခုကို ပြပြီး တစ်ပုံက ပြုံးတော်မူလာတယ်ဆိုပြီး လုပ်ကြံရေးသားထားတာပါ။


    တခြားဖြန့်ဝေမှုတွေဟာလည်း လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာတွေကို ယုံကြည်စိတ်ချရတဲ့ မည်သည့်သတင်းဌာနတွေမှာမှ ဖော်ပြထားတာ မရှိသလို လက်ရှိ ဖြစ်ပျက်နေမှုနဲ့လည်း ကျိုးကြောင်းဆီလျှော်မှု မရှိတာကို တွေ့ရပါတယ်။

    ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ အများပြည်သူ အထင်အမြင်လွဲအောင် တမင်လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake Facebook pagemisinformationFakenewsClickbaits. panic headlinesသတင်းမှား
    Read Full Article
    Claim :   ဖေစ့်ဘွတ်ဂရုတွေထဲက နိုင်ငံရေး၊ ဘာသာရေးနဲ့ ပက်သတ်တဲ့ သတင်းအမှားတွေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!