HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဖေစ့်ဘွတ်ပေချ့်အတုတွေကနေ တော်လှန်ရေးတပ်သားသစ် ကောက်ယူမှုတွေ သတိထား

တော်လှန်ရေးလုပ်နေတဲ့ အနုပညာရှင်တွေရဲ့ နာမည်အသုံးပြု ဖွင့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေကနေ စစ်ကောင်စီ လက်အောက်မှာ စစ်မှုမထမ်းချင်သူတွေ စာရင်းလာပေးလို့ ရပါပြီဆိုပြီး အချက်အလက် ကောက်ယူမှုတွေပြုလုပ်နေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 17 Feb 2024 4:05 AM GMT

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းချက် ထုတ်ပြန်အပြီးမှာ စတင်ပြီး ဖေစ့်ဘွတ်ပေချ့်အတုတွေကနေ တော်လှန်ရေး တပ်သားသစ် စာရင်းကောက်ယူမှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

ဒီလို မက်ဆေ့ချ် ပို့မှုတွေကို ဒါရိုက်တာ ကိုပေါက်၊ သရုပ်ဆောင် မင်းမော်ကွးန်း၊ ဟားငါးကောင် အဖွဲ့သား တိုင်းကျော် တို့ရဲ့ နာမည်တွေနဲ့ ဖွင့်ထားတဲ့ ဖေစ့်ဘွတ်‌ပေချ့်တွေဖြစ်တဲ့ Pauk News၊ Kyaw News နဲ့ Taing News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေက ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီလို့ ဖေစ့်ဘွတ်ပေချ့်အတုတွေမှာ အကောင့်ချိတ်ဆက်ဖို့အတွက် ‘ချစ်သေးရင် အကောင့်အသစ်ကို အပ်ပေးပါအုံးနော်’ ဆိုပြီး ပုံစံတူ ရေးသားဖြန့်ဝေမှုတွေလည်း ရှိပါတယ်။


ဒီဖေစ့်ဘွတ်ပေချ့်တွေမှာ ပုံစံတူ သတင်းမှားတွေကို နေ့စဉ်ဖြန့်ဝေနေတာလည်း ရှိပါတယ်။


သတင်းမှားဖြန့်ဝေပြီး အချက်အလက်တောင်းယူနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

တော်လှန်ရေးမှာ ပါဝင်နေတဲ့ အနုပညာရှင်အချို့က သူတို့ရဲ့ ကိုယ်ပိုင်အကောင့်တွေ၊ ပေချ့်တွေကတဆင့် တော်လှန်ရေးတပ်သား လုပ်ချင်သူတွေကို ခေါ်ယူနေတာတွေ ရှိပေမယ့် ဖေစ့်ဘွတ်ပေချ့်အတုတွေမှာ စာရင်းပေးမိသူတွေအတွက် အန္တရယ်ရှိပါတယ်။

ဒီလို ပေချ့်အတုတွေကနေ နိုင်ငံရေး၊ စစ်ရေးသတင်းတွေကနေ မိုးလေဝသသတင်းတွေအထိ သတင်းမှား၊ သတင်းမှန် အကုန် ရောထွေးပြီး ဖြန့်ဝေနေကြတာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေထဲမှာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေ ပါဝင်သလို လူအများစိတ်ဝင်စားစေမယ့် အကြောင်းအရာမျိုး ပိုစ့်တင်ရေးသားကာ ပေးထားတဲ့ လင့်ထဲမှာ အခြားအကြောင်းအရာတွေ ရေးသားတဲ့ သတင်းအမှားတွေလည်း ပါဝင်ပါတယ်။

အချို့ဖြန့်ဝေမှုတွေရဲ့ အောက်မှာ အကောင့်တုဖွင့်ခံရတဲ့ အနုပညာရှင်ကိုယ်တိုင် လာရောက် မှတ်ချက်ပေးတာမျိုးအထိ လုပ်နေတာ တွေ့ရပါတယ်။

အောက်ဖော်ပြပါပုံမှာ ဒါရိုက်တာကိုပေါက်ကိုယ်တိုင် Pauk News ဆိုတဲ့ ပေချ့်ဟာ အတုဖြစ်တဲ့အကြောင်း မှတ်ချက်ပေးထားတာ ဖြစ်ပါတယ်။


အထက်ပါ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ဒီဖေစ့်ဘွတ်ပေချ့်အတုတွေနဲ့ ပက်သတ်ပြီး ဒါရိုက်တာ ကိုပေါက်က သူ့ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်နဲ့ အကောင့်ကနေ မကြာခန သတိပေးမှုတွေ လုပ်နေပါတယ်။


ဒါရိုက်တာကိုပေါက်ရဲ့ ဖြန့်ဝေထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ဒါကြောင့် ဒီလိုဖေစ့်ဘွတ်ပေချ့်အတုတွေကို သတိထားဖို့ လိုအပ်ပြီး မိမိရဲ့ အချက်အလက်တွေ မပေးမီ သေချာစိစစ်သင့်ပါတယ်။

Related Stories