HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

7 Day သတင်းဌာန နာမည်သုံးပြီး Clickbait နဲ့ ဝင်ငွေရှာနေတဲ့ ဝဘ်ဆိုက်

အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်သိမ်းခံထားရတဲ့ 7 Day News သတင်းဌာနအမည်အကိုအသုံးပြုပြီး Click Bait သတင်းတွေဖြန့်ဝေနေတဲ့ ဝဘ်ဆိုက်တစ်ခုရှိနေပါတယ်။

By - Boom Live Myanmar | 27 Aug 2022 2:54 AM GMT

ဒီဝဘ်ဆိုက်ဟာ 7DAYNEWS.CO ဆိုတဲ့ အမည်နဲ့ဆင်တူရိုးမှားပြုလုပ်ထားတာဖြစ်ပြီး နေ့စဉ်နဲ့အမျှ တခြားဝဘ်ဆိုက်နဲ့ ဖေ့စဘွတ်အကောင့်တွေက လူစိတ်ဝင်စားမယ့် ပို့စ်တွေကိုကူးယူပြီး သတင်းအဖြစ်ပြန်လည်ရေးသားကာ New State ဆိုတဲ့ Page ကနေ ပြန်လည်ဖြန့်ဝေနေတာဖြစ်ပါတယ်။ ဝဘ်ဆိုက်ထဲမှာ သတင်းတု၊ သတင်းအမှားတွေ အများအပြားမရှိပေမယ့်လည်း တချို့ လူမှုကွန်ရက်ပေါ်က အကြောင်းအရာတွေကို ခေါင်းစဉ်တွေပြန်လည်ဖန်တီးပြီး သတင်းတွေဖြန့်ဝေနေတာဖြစ်ပါတယ်။

ဒီဖေစ့်ဘွတ်ပေချ့်ကို like လုပ်ထားသူ နှစ်သိန်းကျော်နဲ့ Follow လုပ်ထားသူ သုံးသိန်းနီးပါး ရှိနေပါတယ်။ ပျက်နေတဲ့ ဝက်ဘ်ဆိုက်အတုသုံးပြီး သတင်းခေါင်းစဉ်သာပါရှိတဲ့ သတင်းတွေ ဖြစ်ပေမယ့် ဒီလင့်ကို ပြန်လည်ဖြန့်ဝေသူ အများအပြားလည်း ရှိနေပါတယ်။


ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေထားတဲ့ သတင်းတချို့ကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ဖြန့်ဝေနေတဲ့ သတင်းတွေထဲမှာ အခြားသတင်းမီဒီယာတွေက သတင်းတွေကို ပြန်လည်ကူးယူဖြန့်ဝေတာ ရှိသလို သတင်းအမှားတွေကိုလည်း ကူးယူဖြန့်ဝေနေတာရှိပါတယ်။

သတင်းဆန်းစစ်ချက်

New State ဆိုတဲ့ ဒီဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေနေတဲ့ 7DAYNEWS.COM ဆိုတဲ့ ဝက်ဘ်ဆိုက်ကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရေးသားထုတ်လွှင့်ခွင့် ပိတ်သိမ်းခံထားရတဲ့ သတင်းဌာနတွေထဲက တစ်ခုဖြစ်တဲ့ 7 Day News သတင်းဌာနရဲ့ နာမည်ကို တုပယူထားတာသာဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မဇ္စျိမ၊ DVB၊ Myanmar Now၊ 7 Day News နဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာနတွေအပြင် ဒေသတွင်းနဲ့ တိုင်းရင်းသားမီဒီယာတွေဖြစ်ကြတဲ့ တာချီလိတ်သတင်း အေဂျင်စီ၊ မြစ်ကြီးနားသတင်းဂျာနယ်၊ The 74 Media ၊ Delta News Agency စတဲ့ သတင်းဌာန ၉ ခု ဟာ ပိတ်သိမ်းခံထားရတာဖြစ်ပေမယ့် 7 Day News သတင်းဌာနကလွဲပြီး ကျန်သတင်းဌာနတွေဟာ ဆက်လက်လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။

ဒီဖေ့စ်ဘွတ်ပေ့ချ်မှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင်ဖန်တီးဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

ဝက်ဘ်ဆိုက်အတုနဲ့ သတင်းတုတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ New State ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories