HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

7 Day သတင်းဌာန နာမည်အသုံးပြီး သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ရေးသားထုတ်လွှင့်ခြင်း ပိတ်သိမ်းခံထားရတဲ့ 7 Day News သတင်းဌာနရဲ့ နာမည်ကို တုပယူထားတဲ့ ဖေစ့်ဘွတ်ပေချ့်အတုက သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 5 May 2022 11:33 AM GMT

စစ်တပ်က အာဏသိမ်းပြီးနောက်ပိုင်း ယမန်နှစ် မတ်လကတည်းက ရေးသားထုတ်လွှင့်ခွင့် ပိတ်သိမ်းခံထားရတဲ့ သတင်းဌာနတွေထဲက တစ်ခုဖြစ်တဲ့ 7 Day News သတင်းဌာနရဲ့ နာမည်ကို တုပယူထားတဲ့ 7Day news ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အတုက သတင်းအတုတွေ ဆက်တိုက် ဖြန့်ဝေနေတာပါ။

သတင်းတုတွေဖန်တီးရာမှာ ပရိတ်သတ်စိတ်ဝင်စားမယ့် ခေါင်းစဉ်တွေရေးသားကာ ဗွီဒီယိုဖိုင်တွေ ပြုလုပ်ပြီး အများဆုံးဖြန့်ဝေနေတာ တွေ့ရပါတယ်။

"အခုပဲ မြဝတီမှာလွှင့်နေပြီ အာဏာပြန်အပ်တော့မယ်နဲ့ တူတယ်၊ သမ္မတ ၂ ဦးထပ်ဖမ်း" စတဲ့ ခေါင်းစဉ်တွေ လုပ်ကြံရေးသားကာ သတင်းတုတွေ ဖြန့်ဝေနေတဲ့ ပေချ့်ဖြစ်ပါတယ်။


ပေချ့်မှာ ဖြန့်ဝေထားတဲ့ သတင်းတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေထားတဲ့ သတင်းတွေကို ဝင်ရောက်ကြည့်ရှု့ရင် ခေါင်းစဉ်နဲ့ ရုပ်သံဖိုင်ထဲပါဝင်တဲ့ အကြောင်းအရာတွေဟာ ဆက်စပ်မှုမရှိတာကို တွေ့ရမှာပါ။ နေ့စဉ် သတင်းအတု အနည်းဆုံး ၂ ပုဒ်ခန့် ဖြန့်ဝေနေတဲ့ ဒီဖေစ့်ဘွတ်ပေချ့်ကို Like လုပ်ထားသူ လေးထောင်ကျော်ရှိနေပြီး Follower နှစ်သောင်းလေးထောင်ခန့် ရှိနေပါတယ်။

ဖြန့်ဝေထားတဲ့ သတင်းတွေဟာ ရေးသားထားတဲ့ ခေါင်းစဉ်နဲ့ ဆက်စပ်မှုမရှိတဲ့ သတင်းတု သတင်းအမှားတွေ ဖြစ်နေပေမယ့် အချို့ပိုစ့်တွေမှာ react ပေးသူနဲ့ ထပ်ဆင့်ဖြန့်ဝေသူ ထောင်ကျော်ထိ ရှိနေတာလည်း တွေ့ရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မဇ္စျိမ၊ DVB၊ Myanmar Now၊ 7 Day News နဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာနတွေအပြင် ဒေသတွင်းနဲ့ တိုင်းရင်းသားမီဒီယာတွေဖြစ်ကြတဲ့ တာချီလိတ်သတင်း အေဂျင်စီ၊ မြစ်ကြီးနားသတင်းဂျာနယ်၊ The 74 Media ၊ Delta News Agency စတဲ့ သတင်းဌာန ၉ ခု ဟာ ပိတ်သိမ်းခံထားရတာဖြစ်ပေမယ့် 7 Day News သတင်းဌာနကလွဲပြီး ကျန်သတင်းဌာနတွေဟာ ဆက်လက်လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။

သတင်းတုတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ 7Day news ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories