နိုင်ငံတကာ သတင်းဆိုပြီး သတင်းဌာန အမည်ခံထားတဲ့ ဒီဖေစ့်ဘွတ်ပေချ့်အတုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဖွင့်ထားတာဖြစ်ပြီး လက်ရှိမှာ Follower အရေအတွက် နှစ်သောင်းလေးထောင်ကျော် ရှိနေပါတယ်။
ဒီဖေစ့်ဘွတ်ပေချ့် အတုကနေ နေ့စဉ် သတင်းတွေ ဖြန့်ဝေရာမှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေမယ့် ခေါင်းစဉ်တွေ ရေးသားကာ အမှားအမှန်ရောထားတဲ့ သတင်းတွေ ဖြန့်ဝေနေတာပါ။
ဖြန့်ဝေရာမှာ သတင်းဌာနတွေမှာ လူစိတ်ဝင်စားနေတဲ့ အကြောင်းအရာ တစွန်းတစကို အသုံးပြုပြီး ပိုစ့်တင်ရေးသားကာ အောက်က ကောမန့်မှာတော့ ‘ကြည့်ရန်နှိပ်ပါ’ ဆိုပြီး ဝက်ဆိုက်လင့်တစ်ခုပေးထားပါတယ်။ အဆိုပါ လင့်ကို နှိပ်လိုက်ပါက ဖြန့်ဝေထားတဲ့ သတင်းနဲ့ မသက်ဆိုင်တဲ့ ကြော်ငြာတွေ တင်ထားတဲ့ ဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး အသုံးပြုနေတဲ့ ဖုန်း (သို့) ကွန်ပျူတာ ဆက်လက်အသုံးပြုလို့ မရတော့ပဲ ဖွင့်ထားသမျှပိတ်ပြစ်ရလောက်တဲ့အထိ လေးလံလာမှာ ဖြစ်ပါတယ်။
အချို့ပိုစ့်တွေရဲ့ အောက်က လင့်တွေကတော့ ကြော်ငြာတွေ တင်ထားတဲ့ ဝက်ဆိုက်တစ်ခုမှာ သတင်းဌာနတွေက သတင်းတွေကို ပြန်ကူးပြီး ဖော်ပြထားတာပါ။ ဒီလိုဖော်ပြရာမှာလည်း ပိုစ့်မှာ ရေးသားထားတဲ့ အကြောင်းအရာနဲ့ ကွဲလွဲတဲ့ အကြောင်းတွေကို ဖော်ပြထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ သတင်းတွေအောက်က ပေးထားတဲ့ ဝက်ဆိုက် လင့် တွေကို ဝင်ရောက်ကြည့်ရှု့ပါက အထက်မှာ ပြောခဲ့သလို သတင်းနဲ့ မသက်ဆိုင်တဲ့ ကြော်ငြာတွေ တင်ထားတဲ့ ဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး အသုံးပြုနေတဲ့ ဖုန်း (သို့) ကွန်ပျူတာ ဆက်လက် အသုံးပြုလို့ မရတော့ပဲ ဖွင့်ထားသမျှပိတ်ပြစ်ရလောက်တဲ့အထိ လေးလံလာမှာ ဖြစ်ပါတယ်။ အချို့လင့်တွေမှာတော့ အခြားသတင်းဌာနတွေရဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြထားပါတယ်။
ဒီသတင်းတွေကို ပြန်လည် ကူးယူဖော်ပြချိန်မှာလည်း အများအပြည်သူထိတ်လန့်မယ့် ပိုစ့်တင်ပြီး ကွန်မန့်မှာ လင့် ပေး ဖြန့်ဝေ ထားတာ ဖြစ်ပါတယ်။
ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ အများပြည်သူ အထင်အမြင်လွဲအောင် တမင်လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား တွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။