HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အသက် ၃၈ နှစ်နဲ့ အထက်တွေကိုလည်း စစ်မှုထမ်းဥပဒေ ပြဌာန်းမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုတယ်ဆိုတဲ့ သတင်းအမှား

စစ်မှုထမ်း လူငယ်တွေဟာ တိုက်ပွဲတွေမှာ သုံးစားလို့ မရတဲ့အတွက် လူကြီးတွေနဲ့ အစားထိုးဖို့ ပြင်ဆင်တဲ့အနေနဲ့ အသက် ၃၈ နှစ်နဲ့ အထက်တွေကိုလည်း စစ်မှုထမ်းဥပဒေ ပြဌာန်းရမှာဖြစ်တယ်လို့ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 Dec 2025 11:13 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Burma TV Views ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ စစ်ကော်မရှင် ပြောခွင့်ရ ဇော်မင်းထွန်းပုံကို အသုံးပြုကာ "လူငယ်တွေက လူလည်ကျကြတယ်။ စစ်မြေပြင် ရောက်ရင် ရန်သူကို မတိုက်ပဲ ပြေးဖို့ပဲ ကြိုးစားနေကြတယ်။ တပ်မတော်သားတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတယ်။ ဒီလူငယ်တွေက သေနတ်သံတောင် ကြောက်နေကြတယ်။ လက်နက်တွေပါပြီး ရန်သူတွေကို အပ်နေကြတယ်။ အသက်ကြီးတဲ့ သူတွေက အမိန့်ကို နာခံကြတယ်။ ကျည်မရှိတော့မှ အဖမ်းခံတာ။ ဒါကြောင့် အသက်ကြီးတဲ့သူတွေကို စစ်မှုထမ်းခိုင်းဖို့ ဥပဒေသစ် ပြန်လည်ပြင်ဆင်ဖို့ လိုနေပြီ" လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အသက် ၃၈ နှစ်နဲ့ အထက်တွေကိုလည်း စစ်မှုထမ်းဥပဒေ ပြဌာန်းမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာကို စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေး ချန်နယ်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန် ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

လက်ရှိမှာ အရပ်သားလူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းနေတဲ့ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၀) ရှိပြီဖြစ်ပြီး အပတ်စဉ်တစ်ခုမှာ လူဦးရေ ၅၀၀၀ နှုန်းနဲ့ ခေါ်ယူနေတာဖြစ်ပါတယ်။

စုဆောင်းရရှိတဲ့ စစ်မှုထမ်းလူငယ်တွေကို ရှေ့တန်းစစ်မျက်နှာပြင်တွေနဲ့ စစ်ကြောင်း ထိုးရာတွေမှာ အများဆုံး အသုံးပြုနေတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်နဲ့ ၂၀၁၀ ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ အရွယ်ရောက်သူတိုင်း စစ်တပ်ထဲမှာ အချိန်အကြာဆုံး ငါးနှစ် ဝင်ရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကော်မရှင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းခဲ့တာဖြစ်ပြီး လက်ရှိမှာ လူငယ် တစ်သိန်းခန့် စုဆောင်းပြီးဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ပြည်ပရန်ကာကွယ်ရေး ရည်ရွယ်တဲ့ ဒီဥပဒေအရ သာမန်အရပ်သားတွေထဲက ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့ ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးတွေကို နှစ်နှစ်အထိ စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းအရာကို Myanmar Now သတင်းမှာလည်း ဖော်ပြထားပြီး ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories