HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကော်သူးလေ ပိုက်ဆံထုတ်လုပ်နေပြီဆိုတဲ့ သတင်းအမှား

KTLA ခေါင်းဆောင် စောနယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအစိုးရ တည်ထောင်လိုက်ကြောင်း ထုတ်ပြန်ပြီးနောက်မှာ အမေရိကန်ဒေါ်လာ 100 နဲ့ ညီမျှတဲ့ ကော်သူးလေပိုက်ဆံ ၅၀၀၀ တန်တွေ ထုတ်လုပ်နေပြီဖြစ်ကြောင်း ရေးသားဖြန့်ဝေ နေပါတယ်။

By - Boom Live Myanmar | 15 Jan 2026 8:17 AM IST

ဒီအကြောင်းအရာကို Somchai Saensuk ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဇန်နဝါရီ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ အင်္ဂလိပ်စာသားနဲ့ KTLA လို့ အလည်မှာ ရေးသားထားတဲ့ ပိုက်ဆံပုံစံထုတ်လုပ်ထားတဲ့ ဓာတ်ပုံပေါ်မှာ ကရင်စာလို့ ယူဆရတဲ့ စားသားတွေအပြင် အင်္ဂလိပ်အက္ခရာနဲ့ ၅၀၀၀ လို့ ရေးသားထားပြီး 'ကောသူးလေပိုက်ဆံထွက်ပါပြီ။ တန်‌ဖိုးကတော့ ကောသူးလေပိုက်ဆံ 5000ကို အမေရိကန်ဒေါ်လာ 100နဲ့ ညီမျှသည်ဟုဆို' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ကော်သူးလေ ပိုက်ဆံထုတ်လုပ်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့ အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဒီသတင်းမှားတွေဟာ ကော်သူးလေသမ္မတနိုင်ငံတော်ကို တည်ထောင်လိုက်ကြောင်း KTLA ခေါင်းဆောင် စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA က ကြေညာပြီးနောက်ပိုင်းမှာ ထွက်ပေါ်လာတာပါ။

လက်ရှိမှာ ဗိုလ်ချုပ် စောနယ်ဒါးမြရဲ့ ကော်သူးလေ နိုင်ငံထူထောင်မှုဟာ ကရင်တော်လှန်ရေးနဲ့ အမျိုးသားဂုဏ် သိက္ခာ ကျဆင်းအောင် ပြုလုပ်နေတာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU က ထုတ်ပြန်ကြေညာထားပါတယ်။

KTLA အဖွဲ့က ကော်သူးလေအစိုးရကို ဖွဲ့စည်းပြီး ကော်သူးလေ နိုင်ငံထူထောင်သည်လို့ဆိုကာ ကော်သူးလေ လွတ်လပ်ရေးနေ့ကို ကြေညာခဲ့ခြင်းဟာ ကရင်အမျိုးသားအစည်းအရုံး-KNU နဲ့ လုံးဝ ပတ်သက်မှု မရှိကြောင်း၊ KTLA ရဲ့ လုပ်ဆောင်ချက်တွေဟာ ကရင်အမျိုးသားတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှုမရှိကြောင်း KNU က ပြောဆို ထားပါတယ်။

ဒါ့အပြင် ကော်သူးလေ ပိုက်ဆံထုတ်လုပ်နေပြီဆိုတဲ့ အကြောင်းအရာကို KNLA တပ်ဖွဲ့ကိုယ်တိုင်က ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

Tags:

Related Stories