HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဗိုလ်နဂါး ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

လက်ရှိဖြစ်ပွားနေတဲ့ NUG နဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ ကြားက ပြဿနာတွေပေါ် အခြေခံပြီး BNRA ဥက္ကဋ္ဌ ဗိုလ်နဂါး ဖမ်းဆီးခံရတယ်ဆိုပြီး သတင်းမှားတွေ ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 11 Jan 2026 6:44 PM IST

ဒီအကြောင်းအရာကို DK TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ဇန်နဝါရီလ ၉ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ဗိုလ်နဂါးပုံပါဝင်တဲ့ စစ်ကြောင်းတစ်ခုကို ဖော်ပြထားတဲ့ ကြာချိန် ၁၉ မိနစ် ဝန်းကျင်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဗိုလ်နဂါးပါသွားပီတဲ့ဗျာ' လို့ ရေးသားထားပါတယ်။ ဗီဒီယိုဖိုင်ထဲမှာလည်း 'ဗိုလ်နဂါးတပ်ကို NUG လက်အောက်ခံတပ်များက ဝန်းရံပိတ်ဆို့ထား' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဗိုလ်နဂါး ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ THN Freelance Journalist သက်ထွေးနိုင် (သတင်းထောက်) ဆိုတဲ့ Youtube ချန်နယ်မှာ ဇန်နဝါရီ ၉ ရက်နေ့က ဖော်ပြထားတဲ့ 'NUG က BNRA ကို လာတိုက်မယ်ဆိုတဲ့အပေါ် ဗိုလ်နဂါးနဲ့ သီးသန့် မေးမြန်းချက်' ဆိုတဲ့ ဗိုလ်နဂါးနဲ့ အင်တာဗျူးကို နောက်ခံစကားပြော အနည်းငယ်ပေါင်းပြီး ပြန်လည်ဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။


ဗိုလ်နဂါးနဲ့ အင်တာဗျူး အပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဖြစ်စဉ်မှာ NUG က BNRA ကို တိုက်ခိုက်ဖို့ တပ်အင်အားတွေ ပြင်ဆင်စုစည်းနေတာကို သက်သေ အတိအကျ ရရှိထားပြီး တိုက်ပွဲဖြစ်ပွားလာပါက အဆုံးစွန်ထိ တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ဇန်နဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါကို တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား တိုက်ခိုက်ဖို့ မူလည်းမရှိဘူး၊ ရည်ရွယ်ချက်ထဲမှာလည်း မရှိဘူး၊ ကျွန်တော်တို့ NUG က ညွှန်ကြားထားတာမျိုးလည်း မရှိပါဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ငြင်းဆိုတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဇန်နဝါရီ ၉ ရက် မနက်မှာတော့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ BNRA ရဲ့ အခွန်ကောက်ဂိတ်စခန်း ၂ ခုကို NUG ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတွေက ဝင်ရောက် စီးနင်းခဲ့ပြီး သေနတ် ၁၀ လက် သိမ်းဆည်းသွားတဲ့အပြင် ညပိုင်းမှာလည်း BNRA တပ်ရင်း ၃ ရဲ့ စခန်းကုန်းကို ခရိုင်တပ်ရင်းတွေက စက်လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အခုဖြန့်ဝေနေတဲ့ ဗိုလ်နဂါးပါသွားပြီ၊ ဗိုလ်နဂါးကို ဖမ်းဆီးသွားပြီ ဆိုတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

Tags:

Related Stories