HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရွေးကောက်ပွဲ အကြိုနေ့မှာ ဦးခင်ရီ အသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲ အကြိုနေ့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌ ဦးခင်ရီ အသတ်ခံရပြီး ရွေးကောက်ပွဲလည်း ပျက်သွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 Dec 2025 12:12 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Nice page ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ဦးခင်ရီ ဆေးရုံမပေါ်ရောက်နေတဲ့ ဓာတ်ပုံတွေ အသုံးပြုပြီး 'တစ်နိုင်ငံလုံး ဝမ်းသာလွန်းလို့ ထခုန်နေကြပြီ။ ပိုမိုတောက်ပသောအနာဂတ်။ ရွေးကောက်ပွဲ ပျက်ပြီ။ စစ်တပ် ရဲ့ အရေးကြီးဆုံး ကြံ့ခိုင်ရေး ဥက္ကဌခင်ရီ ရွေးကောက်ပွဲ အကြို နေ့မှာ အသက်ပေးရပြီ' လို့ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ရွေးကောက်ပွဲ အကြိုနေ့မှာ ဦးခင်ရီ အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Khit Thit Media မှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'NLD ခေတ်ကို ရည်ညွှန်းပြီး အတိတ်ကာလ ပြီးဆုံးသွားပြီဖြစ်၍ ပြင်ဆင်မရတော့ဟု ခင်ရီပြော၊ နိုင်ငံတည်သရွေ့ ကြံ့ဖွတ်ပါတီမှတစ်ပါး အခြားမရှိဟု ကြုံးဝါး' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

သတင်းထဲမှာ NLD ခေတ်ကို ရည်ညွှန်းပြီး ပြီးဆုံးသွားတဲ့ အတိတ်ကို ချန်ရစ်ပြီး ကြံ့ဖွတ်ပါတီကိုသာ အနာဂတ်မဲပေးကြဖို့နဲ့ ပြီးဆုံးသွားတဲ့ အတိတ်ကို ပြင်ဆင်လို့ မရတော့ဘူးလို့ ကြံ့ဖွတ်ခင်ရီက ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ မဲဆွယ်သွားခဲ့ကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ ရွေးကောက်ပွဲ အကြိုနေ့မှာ USDP ဥက္ကဌ ဦးခင်ရီ အသတ်ခံရပြီး ရွေးကောက်ပွဲ ပျက်သွားတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories