HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ငါးမွေးကန်သုံး အောက်ဆီဂျင်နဲ့ ကိုဗစ်လူနာ ကုလို့ရသလား

အရေးပေါ် ကိုဗစ်လူနာတွေ အသက်ရှူကျပ်ချိန်မှာ ငါးမွေးကန်သုံး အောက်ဆီဂျင်စက်ကို အသုံးပြုလို့ရတယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေဟာ မှားယွင်းပါတယ်။

By - Boom Live Myanmar | 12 July 2021 11:55 AM GMT

လက်ရှိနိုင်ငံအတွင်း ကိုဗစ်ရောဂါကြောင့် လူအများ အောက်ဆီဂျင်လိုအပ်ချက် များပြားနေချိန်မှာ ငါးမွေးကန်သုံးအောက်ဆီဂျင်စက်ကို ပြုပြင်ပြီး လူနာအတွက် သုံးရင်ရနိုင်တယ်ဆိုပြီး အိမ်သုံးနဲ့ အရေးပေါ်သုံး အောက်ဆီဂျင်စက် ပြုလုပ်ပုံတွေကို ရေးသားဖြန့်ဝေမှုတွေရှိလာပါတယ်။

ရေးသားဖြန့်ဝေရာမှာ "ငါးမွေးကန်မှာသုံးတဲ့ အောက်ဆီဂျင် အသုံးပြုလို့ရ။ အာက်ဆီဂျင်အိုးဝယ်မရရင် ငါးမွေးကန်ထဲ ထည့်တဲ့ အောက်စီဂျင်စက် ၂ လုံးဝယ်လိုက်။ အောက်ဆီဂျင်စက်ကို သုံးလုံးတပ်လိုက်ရင် လူနာအတွက် လုံလောက်ရုံမဟုတ်ဘူး ပိုတောင်ပိုတယ်။ " ဆိုပြီး အောက်ဆီဂျင်ထုတ်လုပ်ပုံတွေ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

တကယ်တော့ ငါးကန်သုံး အောက်ဆီဂျင်စက်ကို အသုံးပြုပြီး ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်ထုတ်နိုင်တယ်ဆိုတာ လုံး၀မှားယွင်းနေတဲ့ အချက်အလက်သာ ဖြစ်ပါတယ်။

တချို့ Youtuber တွေနဲ့ ဖေစ့်ဘွတ်အသုံးပြုသူတွေဟာ ငါးကန်သုံး အောက်ဆီဂျင်စက်ကို အသုံးပြုပြီး လိုအပ်ချက်ကို ဖြေရှင်းနိုင်ကြောင်း အွန်လိုင်းပေါ်မှာ ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။

ဒီအကြောင်းအရာဟာ အခုမှ မြန်မာနိုင်ငံမှာပြန့်နှံ့လာတာဖြစ်ပေမယ့် မက္ကဆီကိုလို နိုင်ငံမှာ ဒီနှစ်အစောပိုင်းကတည်းကလည်း အလားတူအယူအဆအမှားတွေပြန့်နှံ့ခဲ့ပါသေးတယ်။ မက္ကဆီကိုအာဏာပိုင်တွေဟာ ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းတိုးတက်နေချိန်မှာ အိမ်တွင်းလုပ် အောက်ဆီဂျင်ထုတ်စက်တွေ အသုံးမပြုကြဘို့ သတိပေးထားပါတယ်။


မက်ဆီကို Puebla မြို့ အရပ်ဘက် ကာကွယ်ရေးခေါင်းဆောင် Gustavo Ariza က ဒီလိုစက်တွေထုတ်နေတနဲ့ ပတ်သတ်ပြီး သတိပေးခဲ့တာက ဒါဟာ အောက်ဆီဂျင်ပမာဏကိုတိုးမြှင့်ပေးတာ မဟုတ်ကြောင်းနဲ့ လေကို ပြန်လည် လည်ပတ်စေခြင်းသာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ လူတွေနဲ့ ဒါမျိုးတွေ မလုပ်ပါနဲ့ လို့ ပြောဆိုထားတာကို ABC သတင်းဌာနမှာ ဖော်ပြထားတာပါ။

သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ငါးကန်သုံး အောက်ဆီဂျင်စက်နဲ့ ပါတ်သတ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာလည်း တာဝန်ရှိသူတွေက သတိပေးနေရပြီး ဒါဟာ အလုပ်မဖြစ်ကြောင်းအသိပေးကြေငြာခဲ့ရပါတယ်။Instrumentation Development Center ၏အကြီးအကဲ Anto Tri Sugiarto ၏ပြောကြားချက်အရ aerator pump ကသာ လေကို အသက်ရှူလမးကြောင်းထဲရောက်အောင် ကူညီပေးနိုင်ပြီး ဒီငါးကန်သုံးစက်က အသက်ရှူမိတဲ့ အောက်စီဂျင်ပမာဏကို တိုးမပေးနိုင်ကြောင်း ရှင်းပြထားထားပါတယ်။

ဒီစက်က ထုတ်တဲ့ လေထဲမှာ အောက်ဆီဂျင်ပါဝင်နှုန်း ၂၀.၉ ရာခိုင်နှှုန်းသာရှိတဲ့အတွက် ဒီပမာဏဟာ ကိုဗစ်လူနာတွေလိုအပ်နေတဲ့ အောက်ဆီဂျင်ပမာဏနဲ့ ကွာခြားနေပါတယ်လို့လည်း ပြောထားတယ်လို့ အင်ဒီနီးရှားနိုင်ငံအခြေစိုက် VOI သတင်းဌားနမှာ ဖော်ပြထားပါတယ်။ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ကိုဗစ်ဖြစ်ပွားနှန်းမြင့်တက်ပြီး အောက်ဆီဂျင်လိုအပ်ချက် များပြားလာတာကြောင့် အင်တာနက်ပေါ်မှာ အိမ်တွင်း အောက်ဆီဂျင်ထုတ်လုပ်ပုံ ရှာဖွေသူ အများအပြားရှိခဲ့ရာမှာ ပြီးခဲ့တဲ့ ဧပြီလမှာ ရှာဖွေမှု အများဆုံးဖြစ်ခဲ့တယ်လို့လည်း ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။


အိန္ဒိယနိုင်ငံမှာလည်း ကျွမ်းကျင်သူတွေက အိမ်မှာ အောက်ဆီဂျင်လုပ်တာ အန္တရယ်ရှိတဲ့အတွက်မလုပ်ဖို့ သတိပေးတားမြစ်တာတွေ လုပ်နေရတယ်လို့ ဖော်ပြထားပါတယ်။ ရိုက်တာသတင်းဌာန ရဲ့ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှုနိုင်ပါတယ်။

အောက်ဆီဂျင်ဟာ အန္တရယ်ရှိပြီး ပေါက်ကွဲစေနိုင်တဲ့ အပြင် သာမာန်လူတွေအနေနဲ့ အောက်ဆီဂျင်အသုံးပြုရာမှာ လိုက်နာရမယ့် အချက်အလက်တွေ များစွာရှိတဲ့အတွက် အင်တာနက်ပေါ်က အချက်အလက်အမှားတွေကို ချင့်ချိန်ပြီး ယုံကြဘို့ လိုအပ်ပါတယ်။

Related Stories