HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြွေတွေတွေ့လာတာ ငလျင်နဲ့ဆက်စပ်သလား

ရန်ကုန်မြို့တွင်း မြွေများ မကြာခဏဖမ်းမိလာခြင်းမှာ ငလျှင်လှှုပ်မယ့် ရှေ့ပြေးဖြစ်ကြောင်း ရေးသားဖြန့်ဝေမှုတွေ ရှိနေပြီး ဒီအကြောင်းအရာကြောင့် စိုးရိမ်မှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 31 Dec 2020 7:18 AM GMT

ဒီအကြောင်းအရာကို နိုဝင်ဘာလမှာကတည်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ပြန်လည်ဖြန့်ဝေသူတွေ အများအပြားရှိခဲ့ပါတယ်။

ရေးသားထားတာက "အခုရက်ပိုင်း စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းဝန်းကျင်မှာ မြေအောက်မှာနေတဲ့ သတ္တဝါ တွေထွေက်လာကြောင်း၊ အများစုမှာ တောထဲနဲ့ မြေကြီးထဲမှာသာနေလေ့ရှိတဲ့ စပါးအုန်းမြွေကြီးတွေဖြစ်ကြောင်း၊ ဒီသတ္တဝါတွေထွက်လာတဲ့ ဒေသတွေဟာ စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက် ဒေသတွေဖြစ်တဲ့အတွက် ငလျင်ကြီးတွေကို သတိထားရမှာဖြစ်ကြောင်း၊ မြွေတွေတော်တော်များများက ငလျင်ခန့်မှန်း တဲ့ နေရာမှာ အတော်ဆုံးလို့ ပြောလို့ရကြောင်း၊ မြွေတွေက ငလျင်မတိုင်မီ ကမ္ဘာ့အပေါ်ယံလွှာက လျှင်မြန်စွာဖြစ်ပေါ်လာတဲ့ သံလိုက်စက်ကွင်း အပြောင်းအလဲတွေကို ကောင်းကောင်းထောက်လှမ်းနိုင်ပြီး ကျောက်တုန်းဖိအားတွေ ပြောင်းလဲလာရင်လည်း ကြိုတင်သိရှိပြီး မြေပေါ်သို့ တက်လာတတ်ကြောင်း၊ မြွေတွေက ငလျင်ဖြစ်ဖို့ကို ငါးရက်ကနေ သုံးလအတွင်း ကြိုတင်ခန့်မှန်းနိုင်ကြောင်းနဲ့ သမိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်မတိုင်မီ ထွက်လာတဲ့ မြွေတွေအကြောင်းကို ရေးသားထားတာပါ။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီတောနက်ထဲမှာ တွေ့ရတတ်တဲ့ မြွေမျိုးစိတ်တွေကို ရန်ကုန်မြို့တွင်း မကြာခဏ ဖမ်းဆီးရနေတာနဲ့ ပတ်သတ်ပြီး 7 Day News သတင်းဌာနက မြွေနှင့် တွားသွား သတ္တဝါများ လေ့လာသူတွေ၊ ကုန်းနေ၊ ရေနေနှင့် တွားသွား သတ္တဝါပညာရှင်တွေ၊ သားငှက်ထိန်းသိမ်းရေး အဖွဲ့က ပညာရှင်တွေ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲက တာဝန်ရှိသူတွေနဲ့ မြွေလေ့လာသူတွေကို အင်တာဗျူးထားတဲ့ "မြွေတွေဘယ်ကလာ" ဆိုတဲ့ သတင်းဆောင်းပါးမှာတော့ ပညာရှင်အားလုံးက ငလျင်လှုပ်ခတ်မည့်နိမိတ် မဖြစ်နိုင်ဘူးလို့ ခန့်မှန်းပြောဆိုထားပါတယ်။


အထက်ပါပုံမှာ တွေ့ရတဲ့ အတိုင်း ကုန်းနေ၊ ရေနေနှင့် တွားသွား သတ္တဝါပညာရှင် ဦးမြင့်ကျော်သူရ က သဘာဝဘေးအန္တရယ်ကြောင့် မြွေများထွက်လာတယ်ဆိုပါက မြွေအပါအဝင် အခြားမြေတွင်းအောင်း သတ္တဝါတွေပါ အပြင်သို့ ထွက်ရှိလာရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။


ဒါ့အပြင် မြွေလေ့လာသူတွေက အခုလို မြွေတွေမကြာခဏ တွေ့ရှိနေရခြင်းမှာ မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားရာမှဖြစ်စေ၊ ရောင်းချရန်ဖြစ်စေ၊ တရားမဝင် ကုန်သွယ်မှုပြုလုပ်ရန် စုဆောင်ထားခြင်းမှဖြစ်စေ ကျွေးမွေးရန် အစာစရိတ်အခက်အခဲ ကြောင့် တိတ်တဆိတ် ပြန်လွှတ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံသို့ ကုန်သွယ်ရန်ဖြစ်စေ၊ နိုင်ငံခြားခရီးသွားများ စားသောက်ရောင်းချရန်ဖြစ်စေ ရှာဖွေစုဆောင်းထားမှုများက လက်ရှိတွင် COVID-19 ရောဂါ ကန့်သတ်ချက်များကြောင့် ခရီးသွားလုပ်ငန်းများနှင့် တရားမဝင်ကုန်သွယ်မှုများ ရပ်တန့်နေချိန်တွင် ကောင်ရေများများကို ကာလရှည်စွာ မကျွေးမွေးနိုင်ခြင်းကြောင့် စွန့်ပစ်ခြင်းဖြစ်နိုင်သည် ဟု မြွေလေ့လာသူများက ပြောတယ်လို့လည်း ရေးသားထားပါတယ်။

7 Day News သတင်းဌာနမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories