HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဘီးလင်းအမတ်အဖြစ် ရေးသားဖြန့်ဝေတဲ့ ပုံတစ်ပုံမှားယွင်းနေ

အမျိုးသမီးတစ်ဦး ဘောင်းဘီတိုနဲ့ ဆန်အိတ်ထမ်းတဲ့ပုံတစ်ပုံကို ဘီးလင်းအမတ် ဒေါ်သီရိရတနာအဖြစ် ပုံဖေါ်ရေးသားထားတဲ့အကြောင်းအရာတချို့လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar | 18 Dec 2020 2:28 AM GMT

ရေးသားဖြန့်ဝေရာမှာ "အမေစုသမီး လွှတ်တော်ကိုယ်စားလှယ်ကအာ့လိုမျိုး အလုပ်တွေလုပ်သတဲ့ဗျ" ပုံစာ ရေးသားထားတဲ့ မျက်နှာကို အိတ်နဲ့ ကွယ်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပုံအပြင် လွှတ်တော်အမတ် ဒေါ်သီရီရတနာရဲ့ အခြားပုံများလည်း ပါဝင်ပါတယ်။

ပို့စ်ထဲမှာတော့ "ဘီးလင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်း "မသီရိရတနာ" ပျော့ရင်ဖရောင်း မာရင်သံချောင်းပဲ။ ဒါမှ NLD ကလွှတ်တော်ကိုယ်စားလှယ် မေမေ့သမီးဗျ။ ဂုဏ်ယူရပါသည် "မသီရိရတနာ"ရေ။" လို့ ရေးသားဖြန့်ဝေ နေတာပါ။ ဒီပုံတွေကို NLD ပါတီ ထောက်ခံအားပေးတဲ့ ဖေစ့်ဘွတ် ဂရုတွေနဲ့ ပေချ့်တွေမှာ အများအပြား ပြန်လည်ဖြန့်ဝေနေကြတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဆန်အိတ်ထမ်းနေတဲ့ အမျိုးသမီးပုံကို Zaw Zaw ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်က ဒေါ်သီရိရတနာရဲ့ တရားဝင် ဖေစ့်ဘွတ်အကောင့်မှာ ဒီဇင်ဘာ ၉ ရက်နေ့က Photo Comment အဖြစ်ထည့်သွင်းခဲ့ပါတယ်။


ဒီပုံနဲ့ပတ်သက်ပြီး လွှတ်တော်အမတ် ဒေါ်သီရိရတနာက အဆိုပါပုံဟာ သူမမဟုတ်ကြောင်း ပြန်လည်မှတ်ချက်ပေးထားပါတယ်။ဒေါ်သီရိရတနာရဲ့ ပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

မွန်ပြည်နယ် အမျိုးသားလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာကို NLD ပါတီ ဝန်းရံသူတွေက ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း သူမပုံတွေအသုံးပြုကာ မွန်ပြည်နယ်အတွက် ဒီလိုအမတ်မျိုးရတာ ကောင်းမွန်ကြောင်း ရေးသားချီးမွန်းကာ ဖြန့်ဝေခဲ့ကြပါသေးတယ်။



Related Stories