HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG နာမည်သုံးပြီး ကျိုက်ထီးရိုးတောင်တက်စခန်းအနီး ပစ်ခတ်မှုကို ထုတ်ပြန်ထားတဲ့ စာအတု

ကျိုက်ထိုမြို့က ကျိုက်ထီးရိုး တောင်တက်ကားဂိတ်အနီး ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး NUG အစိုးရနာမည်သုံးပြီး ထုတ်ပြန်ထားတဲ့ ကြေညာချက်အတုတစ်စောင် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 19 Oct 2022 2:27 AM GMT

အဆိုပါ ကြေညာချက်အတုဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကနေတဆင့် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ် ဖြန့်ဝေနေကြတာဖြစ်ပါတယ်။ ကြေညာချက်ရဲ့ ထိပ်ဆုံးမှာ NUG အစိုးရရဲ့ တံဆိပ်ကိုဖော်ပြထားပြီး NUG က ထုတ်ပြန်လေ့ရှိတဲ့ ထုတ်ပြန်ချက်ပုံစံ ပြုလုပ်ထားပါတယ်။

ကြေညာချက်အတွင်းမှာတော့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်း မဟာမိတ်အဖွဲ့တို့ဟာ ကျိုက်ထိုမြို့ ကင်မွန်းစခန်းတောင်တက်ကားဂိတ်အနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး NUG ရဲ့ မဟာမိတ်အဖွဲ့ပစ်ခတ်မှုကြောင့် အနီးပါတ်ဝန်းကျင်က ဘုရားဖူးပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကြောင်း ၊ NUG အနေနဲ့ စစ်ကောင်စီကို တော်လှန်ရာမှာ ဘုရားဖူးလာသူ မိဘပြည်သူတွေကို ထိခိုက်ခဲ့မိတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ဖော်ပြထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ ကြေညာချက်အတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာပေါ် ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

သတင်းဆန်းစစ်ချက်

ကင်မွန်းစခန်း တောင်တက်ကားဂိတ်အနီး ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး NUG က ၎င်းတို့ လက်အောက်ခံအဖွဲ့က ပစ်ခတ်မိသဖြင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖြန့်ဝေထားတဲ့ ဝါဒဖြန့် သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

ဒီကြေညာချက်ဟာ NUG ဘက်က ထုတ်ပြန်ထားတဲ့ ကြေညာချက်မဟုတ်ပါဘူး။ သတင်းအမှားဖြန့်သူတွေက Photoshop နဲ့ ပြုပြင်ပြီး လူမှုကွန်ယက်ပေါ် ဖြန့်ချီထားခြင်းသာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင် သတင်းဌာနတစ်ခုဖြစ်တဲ့ PVTV သတင်းဌာန ကလည်း ဒီထုတ်ပြန် ကြေညာချက်ဟာ အတုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ကြေညာချက်နဲ့ ပတ်သက်ပြီး PVTV က ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။ဒါ့အပြင် ဒီကြေညာချက်ကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းကမှ တရားဝင်ထုတ်ပြန်ကြေညာထားတာမျိုး မရှိဘဲ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်တွေကသာ အချိန်ကိုက်ဖြန့်ဝေထားတာဖြစ်ပါတယ်။

NUG အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ National Unity Government of Myanmar ၊ Ministry of Defence - National Unity Government of Myanmar ၊ Acting President Duwa Lashi La နဲ့ Ministry of Foreign Affairs - Myanmar – NUG စတဲ့ Page တွေမှာ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ အကောင့်တုတွေဖြစ်တာကို တွေ့ရပြီး မကြာခဏ ဝါဒဖြန့် သတင်းတွေ ဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။

Related Stories