HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လောင်းကစားဂိမ်းတွေ ကြော်ငြာဖို့ စာရေးဆရာမ ခင်ခင်ထူးအမည်ခံထားတဲ့ ပေချ့်အတု

စာရေးဆရာမ ခင်ခင်ထူး ဓါတ်ပုံနဲ့ နာမည်အသုံးပြုဖွင့်လှစ်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်က လောင်းကစားနဲ့ ပတ်သတ်တဲ့ အွန်လိုင်းဂိမ်းတွေ ကြော်ငြာခြင်းနဲ့ အခြားချဲထီပိုစ့်တွေ ဖြန့်ဝေလျက်ရှိပါတယ်။

By - Boom Live Myanmar | 16 Aug 2022 12:36 PM GMT

ဆရာမခင်ခင်ထူးနာမည်နဲ့ ဓါတ်ပုံတွေ ယူသုံးထားတဲ့ 'ခင်ခင်ထူး' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းက စတင်ဖွင့်လှစ်ထားတာ ဖြစ်ပြီး လက်ရှိမှာ ဒီပေချ့်ကို Like လုပ်သူ ခြောက်သောင်းငါးထောင်ကျော်ရှိနေပြီး follower တစ်သိန်းခုနှစ်သောင်းကျော် ရှိနေပါတယ်။

ဒီဖေစ့်ဘွတ်ပျေ့် အတုကနေ ဩဂုတ်လ ၁၃ ရက်နေ့မှာ အွန်လိုင်းလောင်းကစား ကစားနည်းဂိမ်းကြော်ငြာတွေ တင်ပြီး မန်ဘာတွေ ခေါ်နေတဲ့အပေါ် တချို့က ဆရာမခင်ခင်ထူး ကိုယ်တိုင်သုံးနေတယ်ထင်ကာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ဒီဖေစ့်ဘွတ်ပေချ့်မှာ တခါတရံ ဆရာမခင်ခင်ထူးရဲ့ ဓါတ်ပုံနဲ့ တွဲပြီး စာတွေရေးတင်တာရှိသလို နှစ်လုံး၊ သုံးလုံး ချဲထီအကြောင်း ဖြန့်ဝေနေတာတွေလည်း ရှိနေပါတယ်။


ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖေစ့်ဘွတ်ပေချ့်အတုနဲ့ ပတ်သတ်ပြီး ဆရာမခင်ခင်ထူးက သူမရဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ဩဂုတ်လ ၁၄ ရက်နေ့မှာ ပြန်လည်ဖြေရှင်းထားပါတယ်။

သူမပြန်လည်ဖြေရှင်းထားတဲ့ ပိုစ့်ထဲမှာ အွန်လိုင်းလောင်းကစားဂိမ်းတွေ ဖြန့်ဝေနေတဲ့ 'ခင်ခင်ထူး' ဆိုတဲ့ ဖေစ့်ဘွတ်ပျေ့်ဟာ အကောင့်တုသာ ဖြစ်ကြောင်း၊ သူမဓါတ်ပုံသုံးပြီး ထင်​​ယောင်ထင်မှားဖြစ်​အောင် ဖန်တီး​နေတဲ့ အ​ကောင့်တု​ကနေ လောင်းကစားတွေတင်နေတာကို ပရိတ်သတ်တချို့က အကောင့်အစစ်ထင်ပြီး လှောင်ပြောင်သရော်နေကြောင်းနဲ့ သူမအကောင့်မှာ တင်တဲ့ စာတိုပေစတွေကိုလည်း ချက်ခြင်းခိုးယူတင်လေ့ရှိကြောင်း ရေးသားထားပါတယ်။


ဒီပေချ့်အတုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဆရာမ ခင်ခင်ထူးရဲ့ ဖေစ့်ဘွတ်ပေချ့်အစစ်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပြီး သူမပြန်လည်ဖြေရှင်းထားတဲ့ ပိုစ့်ကိုတော့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

လက်ရှိမှာ ဆရာမခင်ခင်ထူးရဲ့ ဖေစ့်ဘွတ်ပေချ်မှာ blue mark မရသေးပေမယ့် မကြာခင်ရဖို့ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ပိုစ်အောက်မှာ သူမကိုယ်တိုင်ပေးထားတဲ့ မှတ်ချက်အရ သိရပါတယ်။

Related Stories