HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

"COVID-19 ဒုတိယလှိုင်းတွင် ညှိသွားခဲ့သော မိခင်နှင့်( ၂)လသားအရွယ် ကလေးငယ်တစ်ဦးပုံပါ ...ဆိုတဲ့ သတင်းအမှား

လသားအရွယ်ကလေးဓါတ်ပုံကို အသုံးပြုကာ COVID-19 အတည်ပြုလူနာဆိုပြီး အွန်လိုင်းပေါ်ဖြန့်ဝေနေတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar | 28 Aug 2020 7:36 AM GMT

ဖြန့်ဝေရာမှာ "COVID-19 ဒုတိယလှိုင်းတွင် ညှိသွားခဲ့သော မိခင်နှင့်( ၂)လသားအရွယ် ကလေးငယ်တစ်ဦးပုံပါ .. ..လူတိုင်းကျန်းမားရေးအသိရှိကြပါရန်" ဆိုပြီး ရေးသားထားပါတယ်။

PPE ဝတ်ဆင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် နှာခေါင်းစည်းတပ် ကျန်းမာရေးဝန်ထမ်းတွေက ကလေးကိုစမ်းသပ်နေတဲ့ပုံကို အသုံးပြုပြီး နာမည်ကျော်သရုပ်ဆောင် စမိုင်းလ်ကလည်း သူ့ပေ့ချ့်မှာ ဖြန့်ဝေထားပါသေးတယ်။ ပြန်လည်ဖြန့်ဝေသူ ၂ ထောင်ခုနှစ်ရာကျော်အထိ ရှိခဲ့တဲ့ သူမရဲ့ပိုစ့်ကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။


စမိုင်းလ် ရဲ့ ရေးသားဖြန့်ဝေမှုတွေထဲမှာ ကလေးကို COVID-19 အတည်ပြုလူနာဟု ပြောဆိုထားခြင်းမရှိပေမယ့် သူမရဲ့ ပိုစ့်အကြောင်းသတင်းပြန်လည်ရေးသားထားတဲ့ XB Media MyanmarMyanmar News Media စတဲ့ ဝက်ဘ်ဆိုက်တွေကတော့ "COVID – 19 ရောဂါပိုးကူးစက်ခံရတဲ့ (၂)လသားအရွယ်ကလေးရဲ့ မိခင်ကို ကြည့်ပြီး မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရတယ်ဆိုတဲ့ စမိုင်းလ်" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။


ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနရော တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုရက်ပိုင်း အွန်လိုင်းပေါ်မှာဖြန့်ဝေနေတဲ့ ပုံပါကလေးဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့ စာရင်းမှာပါတဲ့ ၂ လလသားအရွယ် COVID-19 အတည်ပြုလူနာမဟုတ်ပါဘူး။ ဓာတ်ပုံထဲက ကလေးလေးက သဲကုန်းမြို့ Quarantine စင်တာမှာ Q ဝင်နေတာဖြစ်ပြီး ဓာတ်ပုံကတော့ဩဂုတ်၂၅ ရက်နေ့က Swab ယူနေတာကို ရိုက်ထားတာပါ။

ဒီဓာတ်ပုံနဲ့ပတ်သတ်ပြီး သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံ ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေးမြန်းထားတာတွေလည်းရှိပြီး ဆေးရုံက ပြန်လည်ဖြေကြားထားရာမှာ ပုံပါကလေးမှာ သဲကုန်းမြို့ကဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ဆေးဆဲအဆင့်သာရှိကြောင်း၊ COVID-19 အတည်ပြုလူနာကလေးက ရခိုင်ပြည်နယ် မြောက်ဦးကဖြစ်ကြောင်း ပြန်လည်ရှင်းလင်းထားပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံ ရဲ့ပြန်လည်ဖြေရှင်းထားချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories