BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • Top Block
      • ငွေလှုမယ်ဆိုပြီး လိမ်လည်နေတဲ့...
      Top Block

      ငွေလှုမယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေ့စ်ဘွတ်ပေါ်က Group တွေ

      လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ အမည်အမျိုးမျိုးသုံးပြီး အလှူငွေတွေ ပေးအပ်နေတယ်ဆိုတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေ မကြာခဏ တွေ့ရလေ့ရှိပါတယ်။

      By - Boom Live Myanmar |
      Published -  8 Sept 2020 8:26 PM IST
    • ငွေလှုမယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေ့စ်ဘွတ်ပေါ်က Group တွေ

      လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ အမည်အမျိုးမျိုးသုံးပြီး အလှူငွေတွေ ပေးအပ်နေတယ်ဆိုတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေ မကြာခဏ တွေ့ရလေ့ရှိပါတယ်။

      ဒီလို လှည့်ဖျားထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေဟာ Group အသစ်တွေကနေတဆင့် အသုံးပြုသူတွေကို မြှူဆွယ်လေ့ရှိပြီး အဲ့ဒီ ဖေ့စ်ဘွတ်ပိုစ့်တွေ ရဲ့အောက်မှာ အလှူငွေ လက်ခံ ရရှိချင်ရင် ဖုန်းနံပါတ်တွေ ရေးသားပေးရမယ်လို့ ဖြန့်ဝေလေ့ရှိပါတယ်။ ဒီလိုပို့စ်တွေရဲ့အောက်မှာ အမှန်တကယ်ယုံကြည်ပြီး ဖုန်းနံပါတ်ရေးသားသူတွေ ထောင်ချီပြီး ရှိနေတတ်ပါတယ်။

      ဘယ်လို ရေးသားဖြန့်ဝေလေ့ရှိလဲ

      အလှူငွေ ပေးမယ်လို့ ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်တိုင်းဟာ Group တစ်ခုထဲမှာ တင်ထားကြပြီး ပိုက်ဆံလိုချင်ရင် အဲ့ဒီ Group ကို Join ထားဖို့ ရေးသားထားကြပါတယ်။ အဲ့အပြင် အဲ့ဒီ ပိုစ့်ကို နောက်ထပ် လူများတဲ့ Group (၅) ခန့်ကို Share ပေးရမယ်လို့ ရေးသားထားလေ့ ရှိပါတယ်။

      ဒီလို ရေးသားမှုထဲက ပိုစ့်တစ်ခုကို နမူနာအဖြစ် ဖော်ပြရရင် "ဒီပို့စ်အောက်.မှာ ဖုန်းနံပါတ်မန့်ခဲ့ပါ။ ဝေ့မန်းနီးနဲ့ လွှဲပေးပါမယ်။ နှစ်ရက်အတွင်း ငွေမရောက်ရင် ပါးလာရိုက်။ မြန်မာတစ်နိုင်ငံလုံးက လူတွေရစေချင်လို့ပါ။ ဒီပို့စ်ကို မိမိတတ်နိုင်သလောက် share ရှယ်ပေးခဲ့ပါ။ လူတိုင်းနီးပါးကိုထုတ်ပေးမှာပါ။ ဖြည်းဖြည်းချင်း စောင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒီပို့စ်ကို ဂရု ၅ ခုမှာ ၅ခါရှယ်ပြီး ဖုန်းနံပါတ် ရေးခဲ့ပါ။ မှတ်ချက် ဂရုအပ်ထားဘို့ မမေ့နဲ့နော် အားလုံး ok ပါစေ။ ယခု gp အား join လုပ်ပြီး like & share များများလုပ်ပေးပါ။ group ကို join ထားသူတိုင်း ရှယ်ထားသူတိုင်း အကုန်ရပါမယ်။ Group join ထားတဲ့ သူတိုင်း စီစစ်ပြီး ငွေကို အဆက်မပြက်လွဲပေးနေပါပီး ကျေးဇူးပါ။ မှတ်ချက်Group ကို join ထားမှရမယ်နော်" (မူရင်းရေးသားထားသည့် အတိုင်း) လို့ ပရဟိတစေတနာရှင်အသင်း Group ထဲမှာ စေတနာရှင် ဆိုတဲ့ နာမည်နဲ့ အသုံးပြုထားတဲ့ အကောင့်က ဩဂုတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီ ၄၆ မိနစ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

      ဒါတင်မကပါဘူး ယခုနောက်ပိုင်းမှာ လဆန်းပိုင်းရက်တွေ အောင်ဘာလေထီ ဆုကြီးထွက်တဲ့အချိန်တိုင်းမှာလည်း ထီပေါက်သူတွေရဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး Wave ကနေ ငွေလွဲပေးမယ်လို့ လိမ်ညာ ရေးသားတဲ့ပို့စ်တွေလည်းအမြောက်အများရှိပါတယ်။


      ဘာကြောင့် အလှူငွေတွေ ပေးမယ်လို့ ရေးသားတာလဲ

      လူမှုကွန်ယက်ပေါ်မှာ အလှူငွေတွေ ပေးအပ်မယ်ဆိုပြီး ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေကို မြန်မာနိုင်ငံမှာ ပထမအကြိမ် ကိုရိုနာ ရောဂါဖြစ်ပွားမှု ပြန့်ပွားလာတဲ့အချိန်မှာ အများဆုံးတွေခဲ့ရပြီး အခု တကျော့ပြန်ဖြစ်ပွားမှု ပြန်လည် စတင်လာချိန်မှာလည်း အဲ့ဒီပိုစ့်တွေ ပြန်တွေ့နေရပါတယ်။

      အဲ့ဒီ ပိုစ့်တွေကို တင်တဲ့ သူတွေဟာ Facebook Group အသစ်တစ်ခုထဲမှာ တင်ကြပြီး ၎င်းပိုစ့်ကို ရှယ်ပေးဖို့ နဲ့ Group ထဲကို member အဖြစ်ဝင်ရောက်ဖို့ ရေးသားထားလေ့ရှိပါတယ်။ ကိုရိုနာကပ်ဘေးကြောင့် ငွေကြေးအကျပ်အတည်း ဖြစ်ပေါ်နေတဲ့အချိန် လူအများစိတ်ဝင်စားမှု အလွယ်တကူ ရနိုင်မယ့် နည်းလမ်းကို အသုံးပြုပြီး ၎င်းတို့ရဲ့ Group ကို လူများအောင် ပြုလုပ်ချင်းသာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရင် ရက်ပိုင်းအတွင်း Group ထဲမှာ member သိန်းဂဏာန်းအထိ ရောက်ရှိသွားလေ့ရှိတာကို တွေ့ရပါတယ်။

      ဘာကြောင့် Group တွေ ထောင်ကြတာလဲ

      အလှူငွေတွေ ပေးမယ်လို့ ဖျားယောင်းထားတဲ့ ပိုစ့်တွေဟာ ထောင်ပြီး စတင်ဖြန့်ဝေလေ့ရှိပါတယ်။ ပိုက်ဆံလိုချင်ရင် ပိုစ့်ကို ထပ်ဆင့်ဝေမျှပေးရမှာ ဖြစ်တဲ့အပြင် တခြား Group ၅ ခု ထဲကိုပါ ထပ်ဆင့်ဝေမျှ ပေးရမယ်လို့ ရေးသားထားတဲ့အတွက် ၎င်းတို့ရဲ့ Group တွေဟာ ရက်ပိုင်းအတွင်း လူ သိန်းဂဏာန်းလောက်ထိ Member အရေအတွက် တိုးမြင့်လာဘေ့ရှိပါတယ်။ Group ထဲက member ဝင် အရေအတွက် အရမ်းများလာတဲ့အခါမှာ ၎င်းတို့ တင်ထားတဲ့ ပိုက်ဆံပေးမယ်ဆိုတဲ့ ပိုစ့်တွေကို ဖျက်သွားကြပြီး Group နာမည်ချိန်းကာ ချဲ ဂဏာန်းပေးတဲ့ Group တွေ အဖြစ် ပြောင်းလဲ ပစ်လေ့ရှိပါတယ်။

      အဲ့ဒီနောက်မှာ ချဲဂဏာန်းပေးပြီး ပိုက်ဆံတောင်းခံတာတွေ ပြုလုပ်လေ့ရှိသလို အခကြေးငွေယူပြီး ကုန်ပစ္စည်းတွေ ကြော်ငြာ လက်ခံတာမျိုးတွေ၊ သတင်းအမှားတင်ပြီး စီးပွားရှာနေတဲ့ Website တွေက သတင်းတွေကို ၎င်းတို့ Group တွေထဲ share ပြီး ဖြန့်ဝေတာမျိုးတွေ ပြုလုပ်လေ့ရှိပြီး ဒီလိုနည်းလမ်းတွေနဲ့ ငွေရှာလေ့ရှိကြပါတယ်။


      သတင်းဆန်းစစ်ချက်

      လူမှုကွန်ယက်ပေါ်မှာ အလှူငွေတွေ ပေးနေပြီလို့ ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေ အကြောင်းကို Boom Myanmar က အချက် အလက် စစ်ဆေးကြည့်တဲ့ အခါ ဒီလို ရေးသားထားတဲ့ ပိုစ့်တွေဟာ လူအများ စိတ်ဝင်စားမှုရရှိအောင် လိမ်ညာပြီး ၎င်းတို့ ကိုယ်ကျိုးစီးပွား ရှာနေတာကို တွေ့ရပါတယ်။

      ဒီပိုစ့်တွေဟာ မြန်မာနိုင်ငံမှာ ကိုရိုနာရောဂါ ပြန့်ပွားမှု စတင်ဖြစ်ပေါ်ခဲ့တဲ့ ဧပြီလ လောက်မှာ စတင်တွေ့ခဲ့ရပြီး အဲ့ဒီ Group တွေထဲ လူများလာတဲ့အခါ ပိုစ့်ဖျက်ပြီး ချဲထီ လောင်းကစား နံပါတ်တွေ ပေးပြီး ပိုက်ဆံတောင်းတဲ့ Group တွေ အဖြစ်ပြောင်းလဲ လိုက်ကြပါတယ်။

      ဒီလို Group တွေအကြောင်းကို ဧပြီလနဲ့ မေလ ခန့်က Boom Myanmar က အချက်အလက်စစ်ဆေးထားတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

      ဒီလို Group တွေကို Facebook အကောင့် ၃ ခု လောက်က Admin အဖြစ် ပြုလုပ်ထားပြီး အဲ့ဒီ အကောင့် ၃ ခု လောက်နဲ့ Group တွေ အများကြီးဖွင့်ပြီး အလှူငွေတွေ ပေးအပ်မယ်ဆိုတဲ့ ပိုစ့်တွေကို ၎င်း Group တွေထဲ ဖြန့်တင်လေ့ရှိပါတယ်။


      ဒီ Group တွေဟာ လူအများ အကြပ်အတည်း ဖြစ်နေတဲ့ကာလမှာ အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာနေတဲ့ Group တွေသာ ဖြစ်ပါတယ်။






      Tags

      fake Facebook groupslyingdonation moneymaking moneyဖေ့ဘွတ်ဂရုအတုလိမ်ညာပြီးငွေရှာအလှူ
      Read Full Article
      Claim :   လူမှုကွန်ယက်ပေါ်မှာ အလှူငွေတွေ ပေးနေပြီလို့ လိမ်ညာ ရေးသား ပြီး စီးပွားရှာနေတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေ အကြောင်းကို Boom Myanmar က အချက် အလက် စစ်ဆေးပေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!