BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဝါဒဖြန့်သတင်းတွေနဲ့ စီးပွားရှာနေတဲ့...
      သတင်းအတု

      ဝါဒဖြန့်သတင်းတွေနဲ့ စီးပွားရှာနေတဲ့ YouTube Channel

      YouTube ပေါ်မှာ ဝင်ရောက် ကြည့်ရှု့သူများအောင် သတင်းအမှားတွေ ဖန်တီးပြီး စီးပွားရှာနေတဲ့ Channel တွေ မကြာခဏ တွေ့နေရပါတယ်။

      By - Boom Live Myanmar | 25 July 2020 3:09 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ဝါဒဖြန့်သတင်းတွေနဲ့ စီးပွားရှာနေတဲ့ YouTube Channel

      ဒီရက်ပိုင်းအတွင်းမှာ YouTube Channel တစ်ခုက ရခိုင်ပြည် ကျောင်းသားသမဂ္ဂ အပေါ် ဝါဒဖြန့်ထားတဲ့ သတင်းအမှား တစ်ပုဒ် တင်ထားပါတယ်။ အဲ့ဒီ သတင်းအမှာ YouTube Video ကို Opera Entertainment ဆိုတဲ့ YouTube အကောင့်က July လ ၁၇ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး အဆိုပါ သတင်းရဲ့ ခေါင်းစဉ်မှာ "ရခိုင်ပြည်ကျောင်းသားသမဂ္ဂက သိန်း ၅၀၀ ငွေကြေးအလွဲသုံးစား လုပ် AA ကိုထောက်ပံဟုဆို" လို့ ရေးသားထားပါတယ်။

      ၎င်း Video ရဲ့ အတွင်းပိုင်းမှာတော့ ရခိုင်ပြည်ကျောင်းသား သမဂ္ဂ နှစ်ပတ်လည် ညီလာခံ ပြုလုပ်ခဲ့တဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး နောက်ခံအသံ ရွတ်ဆိုထားကာ Video သတင်းတစ်ပုဒ် အဖြစ် ဖန်တီးထားပါတယ်။ အဲ့ဒီ video ထဲမှာ "ရခိုင်ပြည် ကျောင်းသား သမဂ္ဂ Arakan Students Union အဲ့အဖွဲ့ဟာ သိန်း ၅၀၀ ကျော် ငွေကြေး အလွဲသုံးစား လုပ်နေတယ်ဆိုတဲ့ အကြောင်းအရာ လေးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်လေးကို မစတင်သေးမီ အချိန်လေးအတွင်းမှာ ကျွန်တော်တို့ရဲ့ Opera Entertainment Channel လေးကို Subscribe လေး နှိပ်ပေးခဲ့ပါဦး ခင်ဗျ။ ရခိုင်ပြည် ကျောင်းသားသမဂ္ဂ Arakan Students Union အဖွဲ့ဟာ ငွေကြေး အလွဲသုံးစားမှု ပြုလုပ်နေတယ်လို့ အမည်မဖော်လိုတဲ့ စစ်တွေ ကျောင်းသား သမဂ္ဂအဖွဲ့ဝင် တစ်ဦးက ပြောပြခဲ့ပါတယ်။ ရခိုင်ပြည် ကျောင်းသားသမဂ္ဂ Arakan Students Union အဖွဲ့ အနေဖြင့် အခမ်းအနားကို ၁၃ ရက် ၇ လ ၂၀၂၀ ခုနှစ်မှာ သံတွဲမြို့ အစိုးရ စက်မှု လက်မှု သိပ္ပံကျောင်းမှာ နှစ်ပါတ်လည် ညီလာခံ အခမ်းအနား ကျင်းပခဲ့ပြီး အဲ့ဒီ အခမ်းအနားမှာ ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ တိုက်ပွဲရှောင် စခန်းများမှာ နေထိုင်ကြတဲ့ ကျောင်းသား ကျောင်းသူများကို ပညာဆက်လက် သင်ကြားနိုင်ရေးနှင့် ရခိုင် တိုက်ပွဲရှောင်များကို ထောက်ပံ့ရန်အတွက် အလှူငွေများ ကောက်ခံမယ်ဆိုတဲ့ အချက်များ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ထိုအခမ်းအနားမှာ ရခိုင်ပြည် ကျောင်းသားသမဂ္ဂ၊ ရခိုင်ကျောင်းသားများသမဂ္ဂ တက္ကသိုလ်များရန်ကုန်၊ ရခိုင်ကျောင်းသားများသမဂ္ဂ ရန်ကုန်တက္ကသိုလ်၊ ရခိုင်ကျောင်းသားများ သမဂ္ဂ ဒဂုံတက္ကသိုလ်၊ ကျောင်းသားများ သမဂ္ဂ စစ်တွေ တက္ကသိုလ်၊ ကျောင်းသားများ သမဂ္ဂ စစ်တွေ နည်းပညာ တက္ကသိုလ်၊ ကျောင်းသားများ သမဂ္ဂ စစ်တွေ ကွန်ပျူတာ တက္ကသိုလ်၊ ကျောင်းသား သမဂ္ဂတောင်ကုတ် ဒီဂရီကောလိပ်၊ ကျောင်းသားသမဂ္ဂ စက်မှုလက်မှု သိပ္ပံ သံတွဲ၊ ကျောင်းသားများ သမဂ္ဂက ကျောက်ဖြူ၊ ကျောင်းသားများ သမဂ္ဂ ကျောက်ဖြူ ပညာရေးကောလိပ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ကျောင်းအလိုက်က အလှူငွေများ စုပြီးတော့မှ ရခိုင်ပြည် ကျောင်းသားသမဂ္ဂ ထံကို ပေးသွင်းခဲ့ပြီး ရခိုင်ပြည် ကျောင်းသား သမဂ္ဂမှ လိုက်လံ လှူဒါန်းမည်ဟု ဆိုကာ ဆုံးဖြတ်ခဲ့ကြကြောင်း ထိုပွဲကို တက်ရောက်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေ တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက Opera ကို ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ ၁ လပိုင်း ၂၇ ရက်နေ့ကနေ စပြီးတော့မှ နေပူထဲမှာ အလှူခံကောက်ခဲ့ကြတာ ပေးချင်ချင် မပေးချင်ချင် အမုန်းခံပြီးတော့မှ ဆရာမတွေဆီက ၁ လ ၅၀၀၀ ဆီ လိုက်ကောက်တယ်။ ဌာနတွေ ဆီကနေလည်း ရခိုင်လွတ်မြောက်ရေးအတွက် ရခိုင်လူမျိုးတိုင်း ငွေထည့်ရမယ် ဆိုပြီးတော့မှ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်တောင်းခဲ့ရတယ်။ မြို့ပေါ်က လုပ်ငန်းရှင်တွေ ဈေးဆိုင်တွေကနေ နည်းလမ်းပေါင်းစုံ အသုံးပြုပြီးတော့မှ တောင်းခဲ့ကြတယ်။ မြို့ပေါင်းစုံ နေရာစုံ ကျောင်းပေါင်းစုံက ပိုက်ဆံတွေ ပေါင်းလိုက်မယ်ဆိုရင် အနည်းဆုံး သိန်း ၅၀၀ အထက်မှာ ရှိတယ်။ တကယ်တမ်း လှူတာ ကြည့်မယ်ဆိုရင်တော့ ဘေထုပ်ကြီး ၂ ထုပ်နဲ့ ဆန်အိတ် ၅၀ ကျော် မာမီး (ခေါက်ဆွဲ) ၂ ဖာ၊ ရေသန့်ဘူး ၅၀ ကျော်လောက်ပဲ လှူထားတာ တွေ့ရတယ်။ မယုံရင် ရခိုင်ပြည် ကျောင်းသား သမဂ္ဂ Page မှာ သွားကြည့်လို့ ရပါတယ်။ ယခု ကျောင်းဖွင့်ရာသီ ရောက်ပြီ ဘယ်ကျောင်းသား ကလေးကိုမှ စာအုပ် ထောက်ပံံ့တာ၊ ဘောလ်ပင် ထောက်ပံ့တာ မကြားရသေးဘူး။ မနေနိုင်လို့ မေးကြည့်လိုက်တော့ ကျောင်းသား သမဂ္ဂတွေ လုပ်ဆောင်တဲ့ အင်တာနတ် ပြန်ဖွင့်ဖို့ ဆန္ဒပြပွဲတွေမှာ လိုက်အော်တဲ့ သူတွေကို ငွေနဲ့ စားစရာဝယ်ပေးလိုက်တာနဲ့ တော်လှန်ရေး ရန်ပုံငွေဆိုပြီးတော့မှ AA အဖွဲ့ကို ပေးလိုက်လို့ အကုန် ကုန်ပြီလို့ ကြားတယ်။ ဖြစ်နိုင်ရင် ရှင်းတမ်းနဲ့ ပြန်ရှင်းပေးစေချင်တယ်လို့ မေယုဌာနေ ကို ဆက်သွယ် ပြောဆိုခဲ့ပါတယ်။ အဲ့ ကိစ္စနဲ့ ပက်သက်ပြီးမှ မိမိ သတင်းဌာနမှ စစ်တွေ တက္ကသိုလ်ကို စုံစမ်း မေးမြန်းခဲ့ရာမှာ ဆရာမ တစ်ဦးမှာ ကျွန်မတို့ လစာထုတ်တဲ့ နေ့တွေဆို သူတို့တွေ လာကောက်ပြီ။ မထည့်ဘူး ဆိုရင်လည်း လူမိုက်ကြည့် ကြည့်ပြီးတော့ ပေးမှာလား မပေးဘူးလား။ AA က အဖွဲ့တွေကို သစ္စာဖောက်တွေဆိုပြီး သတင်းပေးလိုက်ရမလား ဆိုပြီးတော့မှ ခြိမ်းခြောက်လို့ လတိုင်း လိုလို ပေးနေရတယ်။ ကျွန်မတို့တွေတင် မဟုတ်ဘူး။ အမက၊ အလက၊ အထက ကျောင်းတွေဆီက ဆရာမတွေဆီကပါ ၁ လ ၅၀၀၀ ဆီ တောင်းနေကြတာ။ ဟိုတလောက ဆရာမတွေ သင်တန်းလာတက်ကြတာတွေ ရှိတယ်။ ထောက်ပံံ့ကြေးရတဲ့ ၃၀၀၀ ဆီပါ အကုန်တောင်းကြတာ မပေးရင်လည်း အသတ်ခံရမှာဆိုတော့ သူတောင်းစားထည့် သလောက်တောင် မရှိတော့ ပေးလိုက်တယ်။ အသတ်တော့ မခံနိုင်ဘူး။ သတင်းရေးရင် ကျွန်မနာမည် မရေးပါနဲ့ ဒါလက်ရှိ ပညာရေးလောကမှာ မတရားခံနေရတဲ့ အမှန်တရားတွေပါလို့ ပြောပြခဲ့ပါတယ် ……" လို့ လုပ်ကြံဖန်တီးပြီး သတင်းတစ်ပုဒ် ပြုလုပ်ထားပါတယ်။

      အဆိုပါ Video ဟာ ကြာမြင့်ချိန် ၅ မိနစ်နဲ့ ၁၃ စက္ကန့် ရှိပြီး ဝင်ရောက် ကြည့်ရှု့သူ ၅၂၀၀ ကျော် ရှိနေပါတယ်။

      ဒီ သတင်းအမှား Video ကို YouTube ပေါ်ကနေ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူများတဲ့ Group တွေထဲကို ထပ်ဆင့်ဖြန့်ဝေပြီး ဝင်ရောက် ကြည့်ရှု့သူ များအောင် ပြုလုပ်ထားပါတယ်။

      သတင်းဆန်းစစ်ချက်

      Opera YouTube အကောင့်မှာတင်ထားတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက သိန်း ၅၀၀ ငွေကြေးအလွဲသုံးစား လုပ်ပြီး AA အဖွဲ့ကို ထောက်ပံံ့ခဲ့တယ် ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ ရက္ခိုင်ကျောင်းသားများ သမဂ္ဂ တက္ကသိုလ်များ-ရန်ကုန်က အထွေထွေ အတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ အဆိုပါ သတင်းဟာ ရခိုင်ပြည် ကျောင်းသား သမဂ္ဂကို ပုံဖျက် ရေးသားထားတဲ့ သတင်းအမှား တစ်ပုဒ် ဖြစ်တယ်လို့ ဆိုပါတယ်။

      ဒီ YouTube Video မှာ ဖော်ပြထားတာနဲ့ ပက်သက်ပြီး "ရခိုင်ပြည် ညီလာခံလုပ်ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ ပညာရေးအတွက်ဆိုပြီးတော့ စစ်ဘေးရှောင်စခန်းက ကျောင်းသားတွေ ပညာရေး ထောက်ပံ့ကြေးပေးမယ်ဆိုပြီးတော့ အလှူငွေ ကောက်တာတွေ ရှိတယ်။ အလှူငွေ ကောက်တာတွေ ရှိပြီးတော့ ဒီ စစ်ဘေးရှောင် စခန်းက ကျောင်းသားတွေ အားလုံးအတွက်တော့ မစီစဉ်ပေးနိုင်ဘူး။ ဒါပေမယ့် ရခိုင်ကျောင်းသားများ သမဂ္ဂ တက္ကသိုလ်များရန်ကုန်က ဆိုလို့ ရှိရင် ဘော်ဒါတစ်ခုမှာ ကျောင်းသား ၄ ယောက်လောက် အပ်ပေးပြီးတော့ စာသင်ပေးထားတာ ရှိတယ်။ ပြီးလို့ ရှိရင် သံတွဲကနေ စစ်ဘေးရှေင် ကျောင်းသားတွေကို ပညာသင်နေတဲ့ ကျောင်းတစ်ကျောင်းမှာ သွားလှူပေးတာတွေ ရှိတယ်ပေါ့။ ပြီးတော့ နောက် စာရေးကိရိယာတွေ အလှူခံပြီးတော့ သွားပို့ပေးတာတွေ ကျောင်းသားတွေကို ထောက်ပံံ့ပေးနေတာတွေ အဲ့လိုဟာတွေ ရှိတယ်။ သိန်း ၅၀၀ ဆိုတဲ့ ပမာဏက ဒီ အခြေအနေမှာ သတင်းအမှား တစ်ခုပဲ ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ကို သိန်း ၅၀၀ ဆိုတဲ့ ပမာဏနဲ့ ဘဏ္ဍာငွေ လည်ပတ်ဖို့က တော်တော်ခက်ခဲတယ်။ ပြီးတော့ ကျောင်းသား သမဂ္ဂဆိုတော့ ငွေရေးကြေးရေး အပိုင်းက လိုအပ်နေတဲ့ အပိုင်းတွေ ရှိတယ်" လို့ ကိုမြတ်ဟိန်းထွန်းက ဆိုပါတယ်။

      ရခိုင်ပြည် ကျောင်းသား သမဂ္ဂဟာ မကြာခဏ သတင်းအမှားတွေနဲ့ ပုံဖျက် တိုက်ခိုက်ခံရလေ့ရှိပြီး ဒီအခြေအနေနဲ့ ပက်သက်လို့ ရခိုင်ကျောင်းသားများသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ကိုမြတ်ဟိန်းထွန်းက "ကျွန်တော်တို့က လတ်တလော ဆိုလို့ ရှိရင် ၂ ရက် ၃ ရက် လောက်က ကျနော်တို့ ဒီ ရခိုင်ပြည် ကျောင်းသားသမဂ္ဂကနေပြီးတော့မှ အစိုးရရဲ့ Online learning ပုံစံ ဖော်မယ်ဆိုတဲ့ ကိစ္စမှာ အိတ်ဖွင့်စာ ပေးတာတွေ ရှိတယ်။ ပြီးလို့ ရှိရင် ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းတွေ ပြောတာတွေ ရှိတယ်။ အဲ့ဒါနဲ့လည်း ဆက်စပ်လာမှာပဲ။ ပြီးလို့ ရှိရင် နောက် ဒီ ၁ နှစ်ကျော်လောက် အင်တာနက် ပိတ်တဲ့ ကိစ္စအပေါ် ကျွန်တော်တို့ ကျောင်းသားတွေက အင်တာနတ် ပြန်ဖွင့်ပေးဖို့ အမြဲတမ်း တောင်းဆိုတယ်။ အဲ့ဒီအပေါ်မှာလည်း တစ်စိတ်တစ်ပိုင်း ဖြစ်တာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ ဘာဖြစ်လဲ ဆိုတော့ ဒီ ရန်ကုန်မှာ ရောက်နေတဲ့ ရခိုင်ကျောင်းသားတွေ ကိုယ်တိုင်ကို ဘာတွေဖြစ်နေလဲဆိုတော့ ဟိုဘက်ဒီဘက်ကြားမှာ ကြားညှပ်သလိုပေါ့ ကျောင်းသားတွေကို Attack လုပ်တဲ့ ပုံစံမျိုးတွေ ကျွန်တော်တို့ အမြဲတမ်း ကြုံရတယ်။ တချို့ကျောင်းသားတွေဆို ရခိုင်ကျောင်းသားမှန်းသိရင် ကားပေါ်မှာ Attack လုပ်ခံရတဲ့ ပုံစံမျိုးတွေ Harassment လုပ်ခံရတာတွေ အများကြီးရှိတယ်။ ဒီနောက်ပိုင်း ရွေးကောက်ပွဲလည်းနီးလာပြီ ဖြစ်တဲ့အပြင် နောက်ပိုင်း ဘယ်လိုပြောရမလဲ ဆိုတော့ ရခိုင်ပြည်ရဲ့ နိုင်ငံရေးက လုံးဝ Stable မဖြစ်တော့ဘူး။ ပိုပြီး ရှုပ်ထွေးပြီးတော့ ပိုပြီးကြမ်းကြမ်းတမ်းတမ်း ဖြစ်လာတာပေါ့။ အဲ့အပေါ်မှာ ဒီကျောင်းသားတွေက ဘက် တစ်ဖက်ဖက် ကနေ ရပ်တည်သလိုမျိုး သူတို့က ပုံဖော်စေချင်တယ်။ ကျောင်းသားတွေက ဟိုဘက်က ပါနေတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲ့လိုမျိုး ပုံဖော်ပြီးတော့ ကျွန်တော်တို့ ကိုယ်တိုင်က ရခိုင်ပြည်ရဲ့ အရေး ကိစ္စတွေ လုပ်နေတဲ့ အရှိန်တွေကို လျော့သွားစေချင်တယ်။ အဓိက အဲ့လိုပုံစံမျိုးနဲ့ တိုက်ခိုက်တယ်။ အခုကတော့ ပိုပြီး ပေါ်ပေါ်ထင်ထင် ဖြစ်လာတယ်။ အရင်တုန်းကဆို ကျွန်တော်တို့ကို တိုက်ခိုက်တဲ့ ပုံစံမျိုး အများကြီး လုပ်ခဲ့တာ ရှိတယ်။ အခုတော့ YouTube Video မှာ တက်လာတဲ့ ပုံစံမျိုးတွေက အမြဲတမ်း ရှိခဲ့တယ်" လို့ မှတ်ချက်ပေးပါတယ်။

      ဒါ့အပြင် ဒီသတင်းအမှား ဖြန့်ခဲ့တဲ့ YouTube Channel ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့ အခါမှာ လက်နတ်ကိုင် အဖွဲ့အစည်းတွေကြား ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှားတွေ၊ စစ်ရေးသတင်းအမှားတွေ၊ နိုင်ငံရေး သတင်းအမှားတွေ မကြာခဏ တင်နေတာကို တွေ့ရပါတယ်။


      အဆိုပါ YouTube Channel ဟာ ယခင် Myanmar Ghost Audio Book ဆိုတဲ့ နာမည်နဲ့ လက်နတ်ကိုင်အဖွဲ့အစည်းတွေကြား သွေးထို့ လှုံ့ဆော်ထားတဲ့ သတင်းပေါင်းများစွာ တင်ခဲ့ပြီး Boom Myanmar အပါအဝင် တခြား Fact Checking အဖွဲ့များကပါ ၎င်းတို့ Channel အကြောင်း ရေးသားကြသောကြောင့် တင်ထားသမျှ သတင်းအမှား Video အားလုံးကို ပြန်ဖျက်သွားခဲ့ပါတယ်။ ၎င်းရဲ့ Chennel အဟောင်းဖြစ်တဲ့ Myanmar Ghost Audio Book ဟာ Creation 2.0 ဆိုတဲ့ နာမည်ကို ပြောင်းသွားခဲ့ပါတယ်။

      ယခင် Myanmar Ghost Audio Book အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။


      ဒါ့အပြင် အဆိုပါ YouTube ပြုလုပ်သူတွေမှာ Burmese Time ဆိုတဲ့ Channel တစ်ခု ရှိပြီး ၎င်း YouTube Channel မှာလည်း သတင်းအမှားတွေ သာတင်လေ့ရှိပါတယ်။ အဆိုပါ Burmese Time YouTube Channel အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။


      ဒီ YouTube Channel တွေ ကို ပြုလုပ်သူတွေ နာမည်မျိုးစုံနဲ့ အကောင့်ပေါင်း များစွာ ဖွင့်ပြီး သတင်းအမှားတွေ တင်ကာ Facebook ပေါ် အကောင့်တုတွေနဲ့ မျှဝေပြီး ဝင်ရောက် ကြည့်ရှု့သူ များအောင် ပြုလုပ်ကာ စီးပွားရှာနေကြပါတယ်။ ၎င်းတို့မှာ အဆိုပါ Channel တွေ အပြင် Myanmar Top News ဆိုတဲ့ Channel တစ်ခု ထပ်ရှိပြီး ၎င်း Channel မှာလည်း သတင်းအမှားတွေသာ မကြာခဏ တင်လေ့ရှိပါတယ်။















      Tags

      Fake newspropaganda YouTube ChannelArakan Students Unionဝါဒဖြန့်သတင်းသတင်းအမှားရခိုင်ပြည်ကျောင်းသားသမဂ္ဂသိန်း ၅၀၀ အလွဲသုံးစားလုပ်Opera YouTube Channel
      Read Full Article
      Claim :   Opera YouTube အကောင့်မှာတင်ထားတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက သိန်း ၅၀၀ ငွေကြေးအလွဲသုံးစား လုပ်ပြီး AA အဖွဲ့ကို ထောက်ပံံ့ခဲ့တယ် ဆိုတဲ့ သတင်းကို Boom Myanmar က ရက္ခိုင်ကျောင်းသားများ သမဂ္ဂ တက္ကသိုလ်များ-ရန်ကုန်က အထွေထွေ အတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းကို ဆက်သွယ် မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!