BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စီးပွားရှာတဲ့ YouTube Channel ပေါ်က...
သတင်းအတု

စီးပွားရှာတဲ့ YouTube Channel ပေါ်က သတင်းအတု

သတင်းအမှားတွေဖန်တီးပြီး စီးပွားရှာနေတဲ့ YouTube Channel တစ်ခုကဖြန့်ဝေတဲ့ ဒီသတင်းအတုကို လူမှူကွန်ရက်မှာ ယခုရက်ပိုင်းအတွင်း ဝေမျှနေကြပါတယ်။

By - Boom Live Myanmar |
Published -  1 July 2020 3:53 PM IST
  • စီးပွားရှာတဲ့ YouTube Channel ပေါ်က သတင်းအတု

    ဒီရက်ပိုင်းအတွင်းမှာပဲ Burmese Time ဆိုတဲ့ YouTube Channel က ဘင်္ဂလားဒေ့ချ် နဲ့ မြန်မာနိုင်ငံအကြား ပဋိပက္ခ ကို ဦးတည်စေနိုင်တဲ့ သတင်းအမှား တစ်ပုဒ်တင်ထားပါတယ်။ အဲ့ဒီသတင်းကို June လ ၂၇ ရက်နေ့က တင်ထားတာဖြစ်ပြီး "ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ်က ဘင်္ဂလီများကို မြန်မာနိုင်ငံသို လက်နက်ပေးပြီး စေလွတ်မည်ဟုကြေငြာ" ဆိုတဲ့ သတင်းခေါင်းစဉ်တပ်ထားပါတယ်။

    အဲ့ဒီ Video ဟာ ကြာမြင့်ချိန် ၁၀ မိနစ်နဲ့ ၃၂ စက္ကန့် ရှိပြီး အဲ့ဒီ Video ရဲ့ အတွင်းမှာ ဓါတ်ပုံတွေကို နောက်ခံအသံ ရွတ်ဆိုထားတဲ့ သတင်း ၃ ပုဒ် တင်ထားပါတယ်။ အဲ့ဒီ Burmese Time ဆိုတဲ့ YouTube Channel က Video ကို Burmese Time ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ပြန်တင်ထားတဲ့အပြင် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူများတဲ့ Group တွေထဲကိုလည်း မျှဝေထားပါတယ်။

    လက်ရှိမှာဒီ Video ကို ဝင်ရောက်ကြည့်ရှု့သူ ၄၀၀၀ ကျော်ရှိနေပြီး အဆိုပါ YouTube Channel ကို Subscribe ပြုလုပ်ထားသူ ၂၄၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Burmese Time ဆိုတဲ့ YouTube အကောင့်မှာတင်ထားတဲ့ ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ်က ဘင်္ဂလီများကို မြန်မာနိုင်ငံသို လက်နက်ပေးပြီး စေလွတ်မယ်လို့ ကြေငြာခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဒီ Video ဟာ ဝင်ရောက်ကြည့်ရှု့သူ များအောင် လိမ်ညာဖန်တီးထားတာကို တွေ့ရပါတယ်။ ဒီသတင်းရဲ့ ခေါင်းစဉ်မှာ လူမျိုးရေးအမုန်းတရား ပျံ့နှံ့အောင်လှုံ့ဆော်ထားပြီး သတင်းရဲ့ အတွင်းမှာတော့ ခေါင်းစဉ်နဲ့ မသက်ဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။

    အဆိုပါ ၁၀ မိနစ်ကျော် ကြာမြင့်တဲ့ Video ထဲမှာ သတင်း အကြောင်းအရာ ၃ ပုဒ် ပါဝင်ပြီး ပထမ သတင်းဟာ "ကိုဗစ်ကိုအခွင့်ကောင်းယူကာ ဘင်္ဂါလီအရေး မြန်မာကို ပိုဖိအားပေးဖို့ ဗြိတိန်ဝန်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း" ဆိုတဲ့ သတင်းတစ်ပုဒ်ကို နောက်ခံအသံရွတ်ဆိုထားပြီး၊ ဒုတိယ သတင်းကတော့ ရဲမေတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံခဲ့ရတယ်ဆိုတဲ့ သတင်းကို ဖော်ပြထားပါတယ်။ တတိယ သတင်းကတော့ ကိုဗစ် ကပ်ရောဂါ ဖြစ်ပေါ်နေတဲ့အချိန် တစ်ကမ္ဘာလုံး အပစ်အခတ် ရပ်ဆဲထားဖို့ ကုလသမ္မဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပန်ကြားချက်ကို နိုင်ငံပေါင်း ၁၇၀ က ထောက်ခံခဲ့တယ် ဆိုတဲ့ သတင်းကို ဖော်ပြထားပါတယ်။

    အဲ့ဒီသတင်းသုံးခုံလုံးမှာ Video ခေါင်းစဉ်မှာဖော်ပြထားသလို ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ်က ဘင်္ဂလီတွေကို လက်နက်တပ်ဆင်ပေးပြီး မြန်မာနိုင်ငံစေလွှတ်မယ် ဆိုတဲ့ သတင်း မပါဝင်ပါဘူး။

    ဒီ သတင်းအမှား တင်ခဲ့တဲ့ YouTube အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ လွန်ခဲ့တဲ့ ၁ လ ခန့်က လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပက်သက်ပြီး သတင်းအမှားများစွာ တင်ခဲ့တဲ့ Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်ရဲ့ အကောင့်အခွဲ တစ်ခု ဖြစ်တာကို တွေ့ရပါတယ်။

    Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်ဟာ သတင်းအမှားပေါင်းများစွာ တင်ခဲ့တာကို Boom Myanmar အပါအဝင် တခြား သတင်းအမှား စောင့်ကြည့်တဲ့ အဖွဲ့တွေက ၎င်းတို့အကြောင်း သတင်းတွေမှာ ဖော်ပြခဲ့တဲ့အတွက် အဆိုပါ YouTube အကောင့်က သတင်းအမှား Video တွေ အကုန် ပြန်ဖြူတ်ချခဲ့ပါတယ်။

    လက်ရှိမှာတော့ အဲ့ဒီ YouTube အကောင့်ဟာ နာမည်အသစ် တစ်မျိုးနဲ့ ပြန်ပေါ်လာပြီး သတင်းအမှားတွေ ပြန်လည် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    တချိန်က သတင်းအမှားတွေ ဖြန့်ခဲ့တဲ့ Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    Tags

    fake newsBangladesh Prime Ministersending Bengali to Burmaဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ်ဘင်္ဂလီတွေကို လက်နက်တပ်ဆင်သတင်းအမှား
    Read Full Article
    Claim :   Burmese Time ဆိုတဲ့ YouTube အကောင့်မှာတင်ထားတဲ့ ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ်က ဘင်္ဂလီများကို မြန်မာနိုင်ငံသို လက်နက်ပေးပြီး စေလွတ်မယ်လို့ ကြေငြာခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!