BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • လူကြည့်များဖို့ လိမ်ညာဖန်တီးထားတဲ့...
      သတင်းအတု

      လူကြည့်များဖို့ လိမ်ညာဖန်တီးထားတဲ့ YouTube ဗီဒီယို

      လူမှုကွန်ယက်ပေါ်မှာ ပျံနှံ့လေ့ရှိတဲ့ သတင်းအမှားတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး၊ စီးပွားရေးအရ အမြတ်ထုတ်ဖို့ရည်ရွယ်ချက်နဲ့ ဖြန့်ချိတဲ့သတင်းအမှားတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ရည်ရွယ်ဖြန့်ချိ တဲ့သတင်းအမှားတွေပါဝင်လေ့ရှိပါတယ်။

      By - Boom Live Myanmar | 22 May 2020 3:02 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • လူကြည့်များဖို့ လိမ်ညာဖန်တီးထားတဲ့ YouTube ဗီဒီယို

      ဒီလိုသတင်းအမှားတွေထဲမှာ အများပြည်သူ ထိတ်လန့်စေမယ့် သတင်းခေါင်းစဉ်တွေ၊ စကားလုံးအထူးအဆန်းတွေနဲ့သတင်းခေါင်းစဉ်တွေတပ်ပြီး ၎င်းတို့ရဲ့ သတင်းကို ဝင်ရောက်ကြည့်ရှု့သူများအောင် ပြုလုပ်ပြီး ငွေရှာနေတဲ့ Website တွေ YouTube အကောင့်တွေလည်း ရှိနေပါတယ်။

      Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်ဟာ မဟုတ်မမှန်တဲ့ သတင်းခေါင်းစဉ်တွေတပ်ပြီး Youtube ပေါ်မှာ ၎င်းရဲ့ Video တွေကို လူအများဝငိကြည့်အောင် ပြုလုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ၎င်းရဲ့ Video တွေကို သတင်းအမှားတင်တဲ့ Website တွေမှာ ပြန်တင်လေ့ရှိပြီး ငွေရှာလေ့ရှိပါတယ်။

      ဒီ Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်ဟာ မေလ ၃ ရက်နေ့မှာ "နေ ကို ပစ်ချနိုင်တဲ့ လက်နက်ကြီး မြန်မာပိုင်ဆိုင်" ဆိုတဲ့ စာသားကို Photoshop နဲ့ ပြုလုပ်ထားပြီး နောက်ခံ အသံရွတ်ဆိုထားတဲ့ Video တစ်ပုဒ်တင်ထားပါတယ်။ ဒီ သတင်းအမှား Video နဲ့ အတူ နေကို ပစ်ချနိုင်တဲ့ လက်နက်ကို မြန်မာက ပိုင်ဆိုင်ထားလို့ တခြားနိုင်ငံတွေက စိုးရိမ်နေတယ်လို့ ရေးထားပါတယ်။ Video ရဲ့ အတွင်းပိုင်းမှာတော့ အဆိုပါခေါင်းစဉ်နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို နောက်ခံအသံရွတ်ဆိုထားပါတယ်။

      ဒီ Video ကို ၎င်းရဲ့ YouTube မှာ ဝင်ရောက်ကြည့်ရှု့သူ ၄ သောင်းကျော်ရှိနေပြီး like လုပ်ထားသူ ၁၀၀၀ ကျော်ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      Myanmar Ghost Audio Book ရဲ့ YouTube အကောင့်မှာတင်ထားတဲ့ နေကိုပစ်ချနိုင်တဲ့ လက်နက်ကြီး မြန်မာပိုင်ဆိုင်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဒီသတင်းဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာထားတဲ့ အကြောင်းအရာဖြစ်ကြောင်း တွေ့ရပါတယ်။တကယ်တော့ ဒီဗီဒီယိုဟာ သတင်းရဲ့ ခေါင်းစဉ်မှာ တစ်မျိုးရေးသားထားပြီး အတွင်းမှာ ခေါင်းစဉ်နဲ့ မဆိုင်တဲ့ အကြောင်းအရာကို ဖော်ပြထားတဲ့ အလိမ်အညာ Video တစ်ပုဒ်သာ ဖြစ်ပါတယ်။

      ဒီ Video ရဲ့ အတွင်းပိုင်းမှာတော့ နိုင်ငံတော်လုံခြုံရေး ရှု့မြင်ချက်များဖြင့် မြန်မာကို လျှပ်တစ်ပြတ်အကဲဖြတ်ခြင်း ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို နောက်ခံအသံ ရွတ်ဆိုထားပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများသာ ပါဝင်ပါတယ်။

      ဒါ့အပြင် နေ ကို ပစ်ချနိုင်တဲ့ လက်နက်ရှိတယ်ဆိုတဲ့ သတင်းခေါင်းစဉ်ပါအကြောင်းအရာဟာ စိတ်ကူးယဉ်ဆန်ပြီးလုပ်ကြံဖန်တီးတဲ့ အကြောင်းအရာသာ ဖြစ်ပြီးအဆိုပါအကြောင်းအရာဟာလူတွေလှည့်ဖျားအသုံးချဖို့အတွက်ဖန်တီးထားချက်သက်သက်သာဖြစ်ပါတယ်။

      နေဟာ တောက်လောင်နေတဲ့ ဓါတ်ငွေ့လုံးကြီး ဖြစ်ပြီး နေ ရဲ့ အရွယ်အစားဟာ ကမ္ဘာနဲ့ နိုင်းယှဉ်ရင် အဆပေါင်းများစွာသေးငယ်ပါတယ်။ နေကို လက်နက်နဲ့ ပစ်ချမယ်ဆိုတဲ့အရေးအသားဟာလည်း လုံးဝ မဖြစ်နိုင်တာကို လိမ်ညာပြီး ရေးထားခြင်းသာ ဖြစ်ပါတယ်။


      Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်ဟာ ဒီလို သတင်းအမှားတွေ မကြာခဏ တင်လေ့ရှိပြီး အဲ့ဒီ YouTube အကောင့်ကို Subscribe ပြုလုပ်ထားသူ ၄ သောင်းခွဲ နီးပါးရှိပါတယ်။ ဒီ YouTube အကောင့်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပက်သက်ပြီး သွေးထိုးလှုံ့ဆော်တဲ့ သတင်းတွေလည်း တင်လေ့ရှိပြီး "ရောဂါမပျောက်ပါက တရုတ်က မြန်မာကို စစ်ကြေငြာမည်" ၊ "AAရဲ့အကြီးဆုံးငှါနချုပ်ကဘယ်မှာလဲ အမေရိကန်မှာလား"၊ "ထိုင်းဆိုတာမြန်မာအတွက်လေ့ကျင့်ခန်းဆင်းသလောက်ပါပဲ" စတဲ့ သတင်းခေါင်းစဉ်တွေနဲ့ သတင်းတွေလည်း တင်လေ့ရှိပါတယ်။

      Tags

      fake newsFake YouTube Video
      Read Full Article
      Claim :   Myanmar Ghost Audio Book ရဲ့ YouTube အကောင့်မှာတင်ထားတဲ့ နေကိုပစ်ချနိုင်တဲ့ လက်နက်ကြီး မြန်မာပိုင်ဆိုင်ဆိုတဲ့ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာထားတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
      Claimed By :  YouTube, Facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!