BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုဗစ်နဲ့ ပတ်သတ်ပြီး ဖြန့်ဝေနေတဲ့...
သတင်းအတု

ကိုဗစ်နဲ့ ပတ်သတ်ပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှားများ

ကိုရိုနာ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အချက်အလက်အမှန် ၊သတင်းအမှန်တွေကနေသွေဖည်နေတဲ့အကြောင်း အရာ တော်တော်များများဟာ လူထုကြားထဲပျံ့နှံ့နေပြီး ကိုဗစ်နဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်ကိစ္စတွေမှာ လူတွေကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေ ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။

By - Boom Live Myanmar |
Published -  26 July 2021 8:49 AM IST
  • ကိုဗစ်နဲ့ ပတ်သတ်ပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှားများ

    ကိုဗစ် 19 ရောဂါနဲ့ပတ်သက်ပြီး လူတွေရဲ့ စိုးရိမ်မှူမြင့်တက်နေတဲ့ အခြေအနေမှာ သတင်းအမှားအချက်အလက်အမှားတွေကြောင့် လူတွေကိုဆုံးဖြတ်ရခက်ခဲစေပါတယ်။ လတ်တလော လူထုကြားထဲပျံံ့နှံ့နေတဲ့ အကြောင်းအရာကတော့ ရေနွေးနဲ့ ရေချိုးခိုင်းခြင်း၊ ဆားရည်နဲ့ ပါးလုပ်ကျင်းခြင်း၊ နေပူစာလှုံခိုင်းခြင်း၊ ကြက်သွန်ဖြူစားခိုင်းခြင်းနဲ့ ဗီတာမင် စီ ဒီ ဇင့် ပါတဲ့ အာဟာရဖြည့်စွက်ဆေးတွေ စားခိုင်းတဲ့ အချက်တွေကို ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။

    ဒီရေးသားဖြန့်ဝေမှုတွေမှာ ပါဝင်တဲ့ တချို့သော အချက်တွေဟာ ကျန်းမာရေးဌာနတွေမှာ ဖော်ပြထားချက်တွေနဲ့ လွဲချော်နေပြီး စနစ်တကျလိုက်နာကျင့်သုံးနိုင်ခြင်းမရှိပါက အန္တရယ်ဖြစ်စေနိုင်မှာဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ရေနွေးဖြင့် ရေချိုးခြင်း

    ရေနွေးနဲ့ ရေချိုးခြင်းဟာ ကိုရိုနာရောဂါကို မကာကွယ်နိုင်ပါဘူး။ ရေချိုးတဲ့အခါအသုံးပြုတဲ့ ရေရဲ့ အပူချိန်ဟာ ဘယ်လောက်ပဲ ရှိနေပါစေ ခန္ဓာကိုယ်အပူချိန်က ၃၆.၅ ကနေ ၃၇ အတွင်းတည်ရှိပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကိုရိုနာဗိုင်းရပ်ကို မကာကွယ်နိုင်တဲ့အပြင် ရေနွေးအရမ်းပူရင် လူကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် Covid-19 ကို ကာကွယ်ဖို့ အကောင်းဆုံးနည်း ကတော့ လက်ကို မကြာခဏ ဆေးကြောခြင်းနဲ့ မျက်လုံး၊ ပါးစပ် နဲ့ နှာခေါင်းတွေကို ထိခြင်းကို ရှောင်ရှားရမှာပဲ ဖြစ်တယ်လို့ WHO က အကြံပြု တိုက်တွန်းထားပါတယ်။ အကြံပြုချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    ဆားရည်နဲ့ ပလုပ်ကျင်းခြင်း

    ဆားရည်ကြည်နဲ့ ပလုပ်ကျင်းတာက ကိုဗစ်ရောဂါပိုးကို ကာကွယ်နိုင်ခြင်း မရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောထားပါတယ်။ ဆားငန်ရေကိုသုံးပြီး နှာခေါင်းကိုဆေးခြင်းကတော့ သာမန်အဖျားတွေ ပျောက်ကင်းခဲ့တဲ့ သက်သေ အထောက်အထား အနည်းငယ် ရှိခဲ့ပေမယ့် ဆားပျော်ရည်နဲ့ ပုံမှန် နှာခေါင်းဆေးခြင်းဟာ အသက်ရှုလမ်းကြောင်းက ဝင်ရောက် ကူးစက်နိုင်တဲ့ ရောဂါကို မကာကွယ်နိုင်ပါဘူးလို့ ပြောထားပါတယ်။ ဒါဟာ မှားယွင်းတဲ့ အချက်အလက်ဖြစ်တဲ့အကြောင်းကို ဘီဘီစီသတင်းဌာနမှာလည်း ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။


    သတင်းမှာ ဖော်ပြခဲ့တာက Edinburgh တက္ကသိုလ်သိပ္ပံပညာရှင်တွေက ဆားငန်ရေကို Covid-19 ကုသရာမှာသုံးဘို့ စမ်းသပ်နေတယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ဒါက စမ်းသပ်နေတာပဲဖြစ်ပြီး ဆားရည်ကြည်နဲ့ ပလုပ်ကျင်းစေတာတော့ မဟုတ်ပါဘူး။ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    နေပူဆာလှုံခြင်း

    နေပူဆာလှုံခြင်းတွေ အပူချိန်မြင့်တဲ့အပူချိန်တွေဟာလည်း COVID-19 မှကာကွယ်ပေးသည်မဟုတ်ပါဘူး။ ပူပြင်းတဲ့ ရာသီဥတုရှိတဲ့ နိုင်ငံတွေမှာ လည်း ကိုရိုနာဗိုင်းရောဂါဟာ ကူးစက်ပျံပွားနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် နေပူဆာလှုံခြင်းဟာ ကိုရိုနာဗိုင်းရပ် ကို မကာကွယ်နိုင်ကြောင်း ကမ္ဘာကျန်းမာရေး အဖွဲ့ကြီးက အသိပေးထုတ်ပြန်ထားပါတယ်။


    ကြက်သွန်ဖြူစားခြင်း

    ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် သင့်တော်ပြီး အချို့ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ပြောထားပါတယ်။


    ဗီတာမင် စီ ဒီ ဇင့် ပါတဲ့ ဓာတ်သတ္တုဖြည့်စွက်ဆေးဝါးများ

    ဗီတာမင် D၊ C နှင့် zinc လိုမျိုး ဓာတ်သတ္တုဖြည့်စွက်ဆေးတွေဟာ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စွာလည်ပတ်ဘို့နဲ့ အာဟာရ ပြည့်ဝဘို့ မြှင့်တင်ပေးတဲ့နေရာမှာ အရေးပါတယ်ဆိုပေမယ့် COVID-19 ရောဂါ ကာကွယ်ကုသရာမှာ အသုံးပြုဘို့တော့ ညွှန်ကြားထားခြင်း မရှိသေးပါဘူး။


    အထက်ပါ အကြောင်းအရာတွေဟာ လူမှုမီဒီယာတွေပေါ်မှာ လတ်တလောဖြန့်ဝေနေတဲ့ အချက်အလက်အမှားတွေ ဖြစ်ပါတယ်။ BOOM အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပါတ်သတ်တဲ့ သတင်းအချက်အလက် စစ်ဆေးမှုအများအပြားလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုသတင်းဖော်ပြချက်မှာ မပါဝင်တဲ့ အခြားအချက်တွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာလည်း ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

    Tags

    covid19FalsenewsmisinfomationCorona outbreakExposing SunHigh temperatureshot bathEating garlicVitaminGarglingSalt water
    Read Full Article
    Claim :   ကိုရိုနာ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အချက်အလက်အမှန် ၊သတင်းအမှန်တွေကနေသွေဖည်နေတဲ့အကြောင်း အရာ တော်တော်များများဟာ လူထုကြားထဲပျံ့နှံ့နေပြီး ကိုဗစ်နဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်ကိစ္စတွေမှာ လူတွေကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေ ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!