BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုရိုနာနဲ့ပတ်သက်ပြီး...
သတင်းအတု

ကိုရိုနာနဲ့ပတ်သက်ပြီး လူတွေယုံကြည်မိတဲ့ သတင်းအမှားတွေ (၂)

ကိုဗစ် ၁၉ ရောဂါ ပိုးသတ်ဖို့ခန္ဒာကိုယ်ကို ဆေးဖြန်းခြင်းအပါအဝင် နားလည်မှူလွဲမှားနေတဲ့ရော ဂါကာကွယ်ကုသခြင်းဆိုင်ရာအချက်အလက်အမှန်တွေကို ဒီဆောင်းပါးမှာလေ့လာနိုင်ပါတယ်။

By - Boom Live Myanmar |
Published -  15 May 2020 8:41 PM IST
  • ကိုရိုနာနဲ့ပတ်သက်ပြီး လူတွေယုံကြည်မိတဲ့ သတင်းအမှားတွေ (၂)

    တစ်ကမ္ဘာလုံးမှာ သတင်းအမှားတွေ အချက်အလက်အမှားတွေပျံ့နှံ့နေတဲ့ကာလမှာ ကိုဗစ် ၁၉ ရောဂါနဲ့ပတ်သက်တဲ့ သတင်းအတုအယောင်တွေ အချက်အလက်အမှားတွေဟာလည်း လူထုကြားထဲကို စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ အထူးသဖြင့်ကိုဗစ် ၁၉ ရောဂါနဲ့ပတ်သက်ပြီး လူတွေရဲ့ စိုးရိမ်မှူမြင့်တက်နေတဲ့ အခြေအနေမှာ သတင်းအမှားအချက်အလက်အမှားတွေကြောင့် လူတွေကိုဆုံးဖြတ်ရခက်ခဲစေတဲ့ အခြေအနေတွေ တစ်ကမ္ဘာလုံးကြုံတွေ့နေရပါတယ်။ကိုရိုနာ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အချက်အလက်အမှန် ၊သတင်းအမှန်တွေကနေသွေဖည်နေတဲ့အကြောင်းအရာတော်တော်များများကလည်း လူထုကြားထဲပျံ့နှံ့နေပြီး ကိုဗစ်နဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်ကိစ္စတွေမှာ လူတွေကိုထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေရှိနေပါတယ်။

    ဒီဆောင်းပါးကတော့ ကိုဗစ်နဲ့ပတ်သက်ပြီးလူတွေထင်ယောင်ထင်မှားဖြစ်နေတဲ့ အချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကစုစည်းထုတ်ပြန်ပေးထားတဲ့ဖြေရှင်းချက်တွေကို ရေးသားဖေါ်ပြထားတာဖြစ်ပါတယ်။

    ကိုရိုနာရောဂါက ခြင်ကနေ တဆင့်ကူးစက်ပျံနှံ့နိုင်လား

    Covid-19 ရောဂါပိုးဟာ ခြင်ကနေ တဆင့် ကူးစက်နိုင်ခြင်း မရှိပါဘူး။ ဒီနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်ဟာ ခြင်ကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ ဘာသက်သေ အထောက်အထားမှ မတွေ့ရှိသေးဘူးလို့ WHO က ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်ဟာ အသက်ရှုလမ်းကြောင်းကနေ တဆင့် ကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီး ရောဂါဖြစ်ပွားနေသူတွေရဲ့ နှာချေ၊ ချောင်းဆိုးခြင်းတွေ တံတွေးတွေ ကနေတဆင့်ကူးစက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ် ဟာ ခြင်ကနေ တဆင့် ကူးစက်ပြန့်ပွားနိုင်ခြင်း မရှိပါဘူး။


    ကိုရိုနာဗိုင်းရပ်ပိုးကို သေစေဖို့ လက်ခြောက်သွေ့သန့်စင်စက်က အသုံးဝင်လား

    လက်ခြောက်သွေ့ သန့်စင်စက်က ကိုရိုနာဗိုင်းရပ်ပိုးကို မသေစေနိုင်ပါဘူး။ လက်ခြောက်သွေ့သန့်စင်စက်ရဲ့ အပူချိန်ဟာ ကိုရိုနာဗိုင်းရပ်ပိုးကို မသေစေနိုင်ပါဘူး။ မိမိလက်မှာ ကပ်တွယ်နေတဲ့ ဗိုင်းရပ်ပိုးကို သေစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ အယ်ကိုဟောပါတဲ့ လက်သန့်ဆေးတွေနဲ့ လက်ကို သန့်စင်ဖို့နဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးကြောသင့်တယ်လို့ WHO က အကြံပြုထားပါတယ်။


    ခရမ်းလွန်ရောင်ခြည် မီးချောင်းတွေက Covid-19 ပိုးကို သေစေနိုင်လား

    ခရမ်းလွန်ရောင်ခြည် မီးချောင်းတွေနဲ့ ကိုရိုနာဗိုင်းရပ်ပိုး သတ်ဖို့ အသုံးမပြုသင့်ပါဘူး။ လက်တွေ၊ အရေပြားတွေ ကို ခရမ်းလွန်ရောင်ခြည် နဲ့ ပိုးသတ်ရင် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေးပြားတွေ ထိခိုက်နိုင်တဲ့အတွက် အသုံးမပြုသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆိုပါတယ်။


    ကိုရိုနာရောဂါ ကူးစက်နေသူကို ရှာဖွေဖို့ အပူချိန်တိုင်း ကိရိယာဟာ ဘယ်လောက်အထိ အသုံးဝင်လဲ

    အပူချိန်တိုင်း ကိရိယာဟာ ကိုရိုနာရောဂါ ကူးစက်ခံရပြီး ခန္ဓာကိုယ်အပူချိန်မြင့်မားပြီး ဖျားနာနေသူကို ရှာဖွေတဲ့နေရာမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် ကိုရိုနာရောဂါဟာ ကူးစက်ခံရပြီး ရောဂါလက္ခဏာပြသဖို့ ၂ ရက်ကနေ ၁ဝ ရက်ကျော်ထိ ကြာနိုင်တာမို့ ရောဂါကူးစက်ခံထားရပြီး ဖျားနာခြင်း မရှိသေးတဲ့သူတွေကိုတော့ ရှာဖွေပေးနိုင်မှာ မဟုတ်ပါဘူး။


    အယ်ကိုဟော သို့မဟုတ် ကလိုရင်း နဲ့ ခန္ဓကိုယ်တစ်ခုလုံးကို ဖျန်းခြင်းဟာ ကိုရိုနာဗိုင်းရပ်ပိုးကို သေစေနိုင်လား

    ခန္ဓကိုယ်တစ်ခုလုံးကို အယ်ကိုဟော သို့မဟုတ် ကလို့ရင်း နဲ့ ဖြန်းခြင်းဟာ ခန္ဓကိုယ်အတွင်း ဝင်ရောက်နေတဲ့ ဗိုင်းရပ်ပိုးကို သတ်ပစ်နိုင်ခြင်း မရှိပါဘူး။ ဒီလိုပိုးသတ်ဆေးတွေနဲ့ ခန္ဓာကိုယ်ကို ဖြန်းခြင်းဟာ မျက်လုံး၊ ပါးစပ် အစရှိတဲ့ နေရာတွေကို ဝင်ရောက်သွားရင် အန္တရာယ်များတဲ့အတွက် ရှောင်ရှားသင့်ပြီး အရာဝတ္ထုတွေရဲ့ မျက်နှာပြင်တွေကို ပိုးသတ်ဖို့အတွက်သာ ဒီအရာတွေကို သုံးသင့်တယ်လို့ WHO က အကြံပြုထားပါတယ်။


    ကိုရိုနာရောဂါ ကာကွယ်ဆေးပေါ်ပြီလား

    ကိုရိုနာအဆုပ်ရောင် ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဆေးမပေါ်သေးပါဘူး။ နမိုးရီးယား အဆုပ်ရောင်ရောဂါ ကာကွယ်ဆေးနဲ့ ဟီမိုဂလိုဘင် အုပ်စုခွဲ (ခ) ကြောင့် ဖြစ်ပေါ်တဲ့ တုပ်ကွေး ရောဂါ ကာကွယ်ဆေးတွေဟာ ကိုရိုနာဗိုင်းစက်ကူးစက်မှုကို အကာအကွယ် မပေးနိုင်ပါဘူး။ ကိုရိုနာဗိုင်းရပ်ပိုးဟာ အရင်ဗိုင်းရပ်ပိုးတွေနဲ့ မတူတဲ့အတွက် ဒီဗိုင်းရပ်ပိုးကို သေစေမယ့် ဆေးဝါးအသစ်လိုအပ်ပါတယ်။ ဆေးပညာရှင်တွေကလည်း ဒီဗိုင်းရပ်ပိုးအသစ်ကို သေစေနိုင်မယ့် ဆေးဝါးအသစ်တွေ စမ်းသပ်နေဆဲဖြစ်ပြီး WHO ကလည်း ကိုရိုနာရောဂါပျောက်ကင်းနိုင်တဲ့ ဆေးဝါးအသစ်ထွက်ပေါ်လာဖို့ သုတေသနအဖွဲ့တွေကို ထောက်ပံ့ ပေးနေပါတယ်။ ယခင်အသုံးပြုခဲ့တဲ့ အဆုပ်ရောင် ရောဂါကာကွယ်ဆေးနဲ့ တုပ်ကွေးအဖျားပျောက်ဆေးတွေဟာ ကိုရိုနာဗိုင်းရပ်ကို အကာအကွယ်မပေးနိုင်ပေမယ့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတွေမှာတော့ အသုံးပြုနိုင်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အကြံပြုထားပါတယ်။


    ဆားပျော်ရည်နဲ့ ပုံမှန် နှာခေါင်းဆေးခြင်းဟာ ကိုရိုနာရောဂါ ကူးစက်မှုကို အကာအကွယ်ပေးနိုင်လား

    ဆာပျော်ရည်နဲ့ ပုံမှန်နှာခေါင်းဆေးခြင်းဟာ ကိုရိုနာရောဂါကို ကာကွယ်ပေးနိုင်တယ် ဆိုတာ ဘာအထောက်အထားမှ မရှိဘူးလို့ WHO အဖွဲ့ကြီးက ပြောပါတယ်။ ဒါပေမယ့် ဆားပျော်ရည်နဲ့ ပုံမှန် နှာခေါင်းဆေးခြင်းဟာ သာမန်အဖျားတွေ ပျောက်ကင်းခဲ့တဲ့ သက်သေအထောက်အထား အနည်းငယ် ရှိခဲ့ပေမယ့် ဆားပျော်ရည်နဲ့ ပုံမှန် နှာခေါင်းဆေးခြင်းဟာ အသက်ရှုလမ်းကြောင်းက ဝင်ရောက် ကူးစက်နိုင်တဲ့ ရောဂါကို မကာကွယ်နိုင်ပါဘူး။


    ကြက်သွန်ဖြူစားခြင်းဟာ ကိုရိုနာရောဂါကူးစက်ခြင်းကို ကာကွယ်နိုင်လား

    ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် သင့်တော်ပြီး ဗိုင်းရပ်ပိုးမွှားများကို သေစေနိုင်တဲ့ ဂုဏ်သတ္တိရှိပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာ ကပ်ရောဂါ ကာကွယ်နိုင်တဲ့ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။


    ကိုရိုနာရောဂါဟာ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ငယ်ရွယ်သူတွေကြားမှာ ပိုမိုကူးစက်ခံရနိုင်လား

    ကိုရိုနာရောဂါဟာ အသက်ငယ်ရွယ်သူတွေရော အသက်ကြီးသူတွေကြားမှာပါ ဖြစ်ပွားနိုင်ပါတယ်။ အသက်အရွယ်ကြီးသူတွေနဲ့ ပန်းနာရင်ကျပ်၊ ဆီးချိုနဲ့ နှလုံးရောဂါ ရှိသူတွေ နဲ့ ကိုယ်ခံအားနည်းသူတွေထံမှာ ရောဂါပိုမို ပြင်းထန်နိုင်တဲ့အတွက် အသက်အရွယ်အပိုင်းအခြားမရွေး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးဖို့ အသက်ရှုလေ့ကျင်ခန်းတွေ ပုံမှန်လုပ်ဖို့ WHO က တိုက်တွန်းအကြံပေးထားပါတယ်။


    ပဋိဇီဝ ဆေးတွေက ကိုရိုနာဗိုင်းရပ် ကာကွယ်ကုသရေးမှာ ထိရောက်မှု ရှိပါသလား

    ပဋိဇီဝ ဆေးတွေက ဘတ်တီးရီးယားပိုးမွှားတွေကိုသာ သေစေနိုင်ပြီး ကိုရိုနာဗိုင်းရပ်ကို မကာကွယ်နိုင်ပါဘူး။ Covid-19 ကို ကြိုတင်ကာကွယ်ဖို့နဲ့ ကုသဖို့အတွက် ပဋိဇီဝ ဆေးတွေက အသုံးမဝင်ပေမယ့် ကိုရိုနာရောဂါကြောင့် ဆေးရုံမှာ တက်ရောက်ကုသနေရသူတွေအနေနဲ့တော့ ကူးစက်ရောဂါတွေအတွက် ပဋိဇီဝ ဆေးတွေ သောက်သုံးရနိုင်တယ်လို့ ကမ္ဘာကျန်းမာရေး အဖွဲ့ကြီးက ဆိုပါတယ်။






























    တစ်ကမ္ဘာလုံးမှာ သတင်းအမှားတွေ အချက်အလက်အမှားတွေပျံ့နှံ့နေတဲ့ကာလမှာ ကိုဗစ် ၁၉ ရောဂါနဲ့ပတ်သက်တဲ့ သတင်းအတုအယောင်တွေ အချက်အလက်အမှားတွေဟာလည်း လူထုကြားထဲကို စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ အထူးသဖြင့်ကိုဗစ် ၁၉ ရောဂါနဲ့ပတ်သက်ပြီး လူတွေရဲ့ စိုးရိမ်မှူမြင့်တက်နေတဲ့ အခြေအနေမှာ သတင်းအမှားအချက်အလက်အမှားတွေကြောင့် လူတွေကိုဆုံးဖြတ်ရခက်ခဲစေတဲ့ အခြေအနေတွေ တစ်ကမ္ဘာလုံးကြုံတွေ့နေရပါတယ်။ကိုရိုနာ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အချက်အလက်အမှန် ၊သတင်းအမှန်တွေကနေသွေဖည်နေတဲ့အကြောင်းအရာတော်တော်များများကလည်း လူထုကြားထဲပျံ့နှံ့နေပြီး ကိုဗစ်နဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်ကိစ္စတွေမှာ လူတွေကိုထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေရှိနေပါတယ်။

    ။ ဒီဆောင်းပါးကတော့ ကိုဗစ်နဲ့ပတ်သက်ပြီးလူတွေထင်ယောင်ထင်မှားဖြစ်နေတဲ့ အချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကစုစည်းထုတ်ပြန်ပေးထားတဲ့ဖြေရှင်းချက်တွေကို ရေးသားဖေါ်ပြထားတာဖြစ်ပါတယ်။

    ကိုရိုနာရောဂါက ခြင်ကနေ တဆင့်ကူးစက်ပျံနှံ့နိုင်လား

    Covid-19 ရောဂါပိုးဟာ ခြင်ကနေ တဆင့် ကူးစက်နိုင်ခြင်း မရှိပါဘူး။ ဒီနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်ဟာ ခြင်ကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ ဘာသက်သေ အထောက်အထားမှ မတွေ့ရှိသေးဘူးလို့ WHO က ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်ဟာ အသက်ရှုလမ်းကြောင်းကနေ တဆင့် ကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီး ရောဂါဖြစ်ပွားနေသူတွေရဲ့ နှာချေ၊ ချောင်းဆိုးခြင်းတွေ တံတွေးတွေ ကနေတဆင့်ကူးစက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ် ဟာ ခြင်ကနေ တဆင့် ကူးစက်ပြန့်ပွားနိုင်ခြင်း မရှိပါဘူး။


    တစ်ကမ္ဘာလုံးမှာ သတင်းအမှားတွေ အချက်အလက်အမှားတွေပျံ့နှံ့နေတဲ့ကာလမှာ ကိုဗစ် ၁၉ ရောဂါနဲ့ပတ်သက်တဲ့ သတင်းအတုအယောင်တွေ အချက်အလက်အမှားတွေဟာလည်း လူထုကြားထဲကို စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ အထူးသဖြင့်ကိုဗစ် ၁၉ ရောဂါနဲ့ပတ်သက်ပြီး လူတွေရဲ့ စိုးရိမ်မှူမြင့်တက်နေတဲ့ အခြေအနေမှာ သတင်းအမှားအချက်အလက်အမှားတွေကြောင့် လူတွေကိုဆုံးဖြတ်ရခက်ခဲစေတဲ့ အခြေအနေတွေ တစ်ကမ္ဘာလုံးကြုံတွေ့နေရပါတယ်။ကိုရိုနာ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အချက်အလက်အမှန် ၊သတင်းအမှန်တွေကနေသွေဖည်နေတဲ့အကြောင်းအရာတော်တော်များများကလည်း လူထုကြားထဲပျံ့နှံ့နေပြီး ကိုဗစ်နဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်ကိစ္စတွေမှာ လူတွေကိုထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေရှိနေပါတယ်။

    ။ ဒီဆောင်းပါးကတော့ ကိုဗစ်နဲ့ပတ်သက်ပြီးလူတွေထင်ယောင်ထင်မှားဖြစ်နေတဲ့ အချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကစုစည်းထုတ်ပြန်ပေးထားတဲ့ဖြေရှင်းချက်တွေကို ရေးသားဖေါ်ပြထားတာဖြစ်ပါတယ်။

    ကိုရိုနာရောဂါက ခြင်ကနေ တဆင့်ကူးစက်ပျံနှံ့နိုင်လား

    Covid-19 ရောဂါပိုးဟာ ခြင်ကနေ တဆင့် ကူးစက်နိုင်ခြင်း မရှိပါဘူး။ ဒီနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်ဟာ ခြင်ကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ ဘာသက်သေ အထောက်အထားမှ မတွေ့ရှိသေးဘူးလို့ WHO က ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်ဟာ အသက်ရှုလမ်းကြောင်းကနေ တဆင့် ကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီး ရောဂါဖြစ်ပွားနေသူတွေရဲ့ နှာချေ၊ ချောင်းဆိုးခြင်းတွေ တံတွေးတွေ ကနေတဆင့်ကူးစက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ် ဟာ ခြင်ကနေ တဆင့် ကူးစက်ပြန့်ပွားနိုင်ခြင်း မရှိပါဘူး။


    Tags

    fake newsMyth bustersWHO advicecoronavirusCorona Myanmar
    Read Full Article
    Claim :   ကိုရိုနာရောဂါနဲ့ ပက်သက်ပြီး လူထုကြားမှာ ကျန်းမာရေးဆိုင်ရာ နားလည်မှု လွဲမှားနေတဲ့ အချက်တွေကို Boom Myanmar က စုစည်းဖော်ပြထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!