BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုရိုနာနဲ့ပတ်သက်ပြီး...
သတင်းအတု

ကိုရိုနာနဲ့ပတ်သက်ပြီး လူတွေယုံကြည်မိတဲ့ အမှားတွေ

သင့်ကိုထင်ယောင်ထင်မှားဖြစ်စေတဲ့ ကိုဗစ် 19 အချက်အလက်အမှားတွေကဘာတွေဖြစ်မလဲ။ ဒီဆောင်းပါးကတော့ ကိုဗစ်နဲ့ပတ်သက်ပြီးလူတွေထင်ယောင်ထင်မှားဖြစ်နေတဲ့ အချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကစုစည်းထုတ်ပြန်ပေးထားတဲ့အချက်တွေကို ရေးသားဖေါ်ပြထားတာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  10 April 2020 7:47 PM IST
  • ကိုရိုနာနဲ့ပတ်သက်ပြီး လူတွေယုံကြည်မိတဲ့ အမှားတွေ

    တစ်ကမ္ဘာလုံးမှာ သတင်းအမှားတွေ အချက်အလက်အမှားတွေပျံ့နှံ့နေတဲ့ကာလမှာ ကိုဗစ် 19 ရောဂါနဲ့ပတ်သက်တဲ့ သတင်းအတုအယောင်တွေ အချက်အလက်အမှားတွေဟာလည်း လူထုကြားထဲကို စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ အထူးသဖြင့်ကိုဗစ် 19 ရောဂါနဲ့ပတ်သက်ပြီး လူတွေရဲ့ စိုးရိမ်မှူမြင့်တက်နေတဲ့ အခြေအနေမှာ သတင်းအမှားအချက်အလက်အမှားတွေကြောင့် လူတွေကိုဆုံးဖြတ်ရခက်ခဲစေတဲ့ အခြေအနေတွေ တစ်ကမ္ဘာလုံးကြုံတွေ့နေရပါတယ်။ကိုရိုနာ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အချက်အလက်အမှန် ၊သတင်းအမှန်တွေကနေသွေဖည်နေတဲ့အကြောင်းအရာတော်တော်များများကလည်း လူထုကြားထဲပျံ့နှံ့နေပြီး ကိုဗစ်နဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်ကိစ္စတွေမှာ လူတွေကိုထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေရှိနေပါတယ်။

    Boom က အခုဖေါ်ပြမယ့်ဆောင်းပါးကတော့ ဒီလို အချက်အလက်အမှား၊ သတင်းအမှားတွေနဲ့ပတ်သက်လို့ လူထုကြားထဲပျံံ့နှံ့နေတဲ့ အကြောင်းအရာအမှန်တွေကို ကမာ့္ဘကျန်းမာရေးအဖွဲ့ WHO ကပြန်လည်ဆန်းစစ်ပေးထားတဲ့ အချက်တွေကို စုစည်းပေးလိုက်တာဖြစ်ပါတယ်။

    5G Mobile Network က ကိုရိုနာဗိုင်းရပ်ကို ပျံနှံ့စေတယ်ဆိုတဲ့အချက်

    ဗိုင်းရပ်စ်ပိုးတွေဟာ ရေဒီယိုလှိုင်းတွေ၊ Mobile Network တွေကနေ တဆင့် မပျံ့နှံ့နိုင်ပါဘူး။ ကိုရိုနာဗိုင်းရပ်ပိုးဟာ ရောဂါကူးစက်ခံနေရသူရဲ့ ချောင်းဆိုး၊ နှာချေခြင်း၊ အနီးကပ် ထိတွေ့ စကားပြောမိခြင်းတွေက ကူးစက်နိုင်တာ ဖြစ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ပျံနှံ့ စေနိုင်သလို ဗိုင်းရပ်ပိုးရှိတဲ့ မျက်နှာပြင်ကို ထိတွေ့မိရာကနေ မိမိရဲ့ မျက်လုံး၊ ပါးစပ် နဲ့ နှားခေါင်းတို့ကို ကိုင်တွယ်မိရာက ဗိုင်းရပ်ပိုး ကူးစက်စေနိုင်ပါတယ်။ လက်ရှိ Covid-19 ဖြစ်ပွားနေတဲ့ တိုင်းပြည်တွေထဲမှာ 5G Mobile Network မရှိသေးတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် 5G Mobile Network က ကိုရိုနာဗိုင်းရပ် ကို ကူးစက်ပြန့်ပွားစေနိုင်ခြင်း မရှိဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။


    နေပူဆာလှုံတာနဲ့ ကိုဗစ်ကို မကာကွယ်နိုင်ပါဘူး

    ကိုဗို-၁၉ ရောဂါဟာ ရာသီဥတုအပေါ် မှီခိုမှု မရှိဘူးလို့ ကမ္ဘာကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုရှိတဲ့ နိုင်ငံတွေမှာ လည်း ကိုရိုနာဗိုင်းရောဂါဟာ ကူးစက်ပျံပွားနေဆဲ ဖြစ်ပါတယ်။ နေပူဆာလှုံခြင်းဟာ ကိုရိုနာဗိုင်းရပ် ကို မကာကွယ်နိုင်တဲ့အတွက် မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ သန့်ရှင်းစွာနေထိုင်ပြီး လက်ကိုမကြာ မကြာ ဆေးပေဖို့နဲ့ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတွေကို ထိတွေ့ခြင်း ရှောင်ကျဉ်ဖို့ WHO က လမ်းညွှန်ထားပါတယ်။ နေပူဆာလှုံခြင်းဟာ ကိုရိုနာဗိုင်းရပ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့သတင်းအမှားတွေဟာလူတွေကြားထဲကို အတန်သင့်ပျံ့နှံ့သွားခဲ့ရပါတယ်။


    ကိုရိုနာရောဂါဟာ နာတာရှည် ရောဂါလား

    ကိုရိုနာရောဂါဟာ နာတာရှည် ရောဂါတစ်ခု မဟုတ်ပါဘူး။ ရောဂါလုံးဝ ကင်းစင်သွားအောင် ကုသလို့ ရတဲ့ ရောဂါ အမျိုးအစားပဲ ဖြစ်ပါတယ်။ရောရါကြောင့် သေဆုံးရသူတွေရှိသလို ဗိုင်းရပ်စ်ပိုးကင်းစင်သွားအောင် ကုသပြီး ရောဂါကင်းစင်သွားကြတာတွေရှိပါတယ်။ မိမိတို့မှာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်း စတဲ့ Covid-19 ရောဂါ လက္ခဏာတွေ ကြုံတွေလာရပြီဆိုရင် ဆေးဝါးကုသမှု အမြန်ဆုံးခံယူဖို့ World Health Organization က တိုက်တွန်းထားပါတယ်။


    အသက်ရှုလေ့ကျင့်ခန်းက Covid-19 ရှိ၊ မရှိ စမ်းသပ်နိုင်တယ်ဆိုတာ မှားပါတယ်

    အသက်ရှုခြင်းကို ၁ဝ စက္ကန့်နဲ့ အထက် ကြာအောင် အောင့်ထားတဲ့အခါ ချောင်းဆိုးခြင်း၊ မသက်မသာခံစားရခြင်း မရှိခြင်းက Covid-19 သို့မဟုတ် တခြား အဆုတ်ရောဂါတွေ ကင်းစင်နေတယ်လို့ ယူဆမရကြောင်း WHO အဖွဲ့က ဆိုပါတယ်။

    Covid-19 ရဲ့ တွေ့ရများတဲ့ ရောဂါလက္ခဏာတွေထဲမှာ ချောင်းခြောက်ဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတွေ ခံစားရနိုင်ပြီး အချို့ ရောဂါကူးစက်ခံရသူများမှာ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ကိုရိုနာရောဂါ ရှိမရှိ စစ်ဆေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဓါတ်ခွဲခန်းမှာ စမ်းသပ်မှု ပြုလုပ်တာပဲ ဖြစ်ပါတယ်။ အသက်ရှု လေ့ကျင့်ခန်းနဲ့ Covid-19 ရှိမရှိ အတည်မပြုနိုင်တဲ့အပြင် တစ်ခါတစ်ရံမှာ ဒီလေ့ကျင့်ခန်းက လူကိုပါ အန္တရာယ် ဖြစ်စေနိုင်တဲ့လို့ WHO အဖွဲ့က ဆိုပါတယ်။


    အရက်သောက်ရင်ကိုဗစ်ပျောက်တယ်ဆိုတဲ့ အချက်အလက်အမှား

    အရက်သောက်သုံးခြင်းဟာ Covid-19 ကို အကာအကွယ်မပေးနိုင်တဲ့အပြင် အန္တရာယ်ပါ ဖြစ်စေနိုင်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။ အရက်ကို မကြာခဏ သို့မဟုတ် အလွန်အကျွံ သောက်သုံးခြင်းဟာ ကျန်းမာရေးပြဿနာကိုပါ ထိခိုက်နိုင်တဲ့အတွက် အရက်သောက်သုံးခြင်းကို ရှောင်ရှားဖို့ WHO အဖွဲ့ကြီးတိုက်တွန်းထားပါတယ်။


    ကိုရိုနာဗိုင်းရပ်က ပူပြင်းပြီ စိုစွတ်တဲ့ ရာသီဥတုမှာ ကူးစက်ပျံနှံ့နိုင်လား

    ကိုရိုနာဗိုင်းရပ်ပိုးဟာ ပူပြင်းပြီး ဆိုထိုင်းတဲ့ ရာသီဥတုတွေမှာပါ ကူးစက်ပြန့်နှံ့နိုင်ပါတယ်။ Covid-19 ဗိုင်းရပ်ပိုးဟာ ပူပြင်း စွတ်စိုတဲ့ ရာသီဥတုရှိတဲ့နေရာတွေအပြင် နေရာဒေသ အသီးသီးကို ကူးစက်ပျံနှံ့နိုင်တဲ့ သက်သေ အထောက်အထားတွေ ရှိခဲ့ပြီလို့ WHO က ကြေငြာထားပါတယ်။ ဒါ့ကြောင့် ရာသီဥတုကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ ကိုယ်နေထိုင်တဲ့ နေရာ သို့မဟုတ် Covid-19 ဖြစ်ပွားနေတဲ့နေရာတွေကို သွားမယ်ဆို အကာအကွယ် ပေတဲ့နည်းလမ်းတွေကို အသုံးပြုဖို့ WHO က တိုက်တွန်းထားပါတယ်။ Covid-19 ကို ကာကွယ်ဖို့ အကောင်းဆုံးနည်း ကတော့ လက်ကို မကြာခဏ ဆေးကြောခြင်းနဲ့ မျက်လုံး၊ ပါးစပ် နဲ့ နှာခေါင်းတွေကို ထိခြင်းကို ရှောင်ရှားရမှာပဲ ဖြစ်ပါတယ်။



    အေးမြတဲ့ ရာသီဥတုနဲ့ နှင်းတွေက ကိုရိုနာဗိုင်းရပ်ကို သေစေနိုင်လား

    အေးမြတဲ့ ရာသီဥတုမှာ ကိုရိုနာဗိုင်းရပ်နဲ့ တခြားရောဂါပိုးတွေကို သေစေနိုင်တယ် ဆိုတာ ယုံကြည်စရာ ဘာအကြောင်းပြချက်မှ အကြောင်းမရှိဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။ ပတ်ဝန်းကျင် ရာသီဥတုတဲ့ အပူချိန်ဟာ ဘယ်လောက်ပဲ ရှိနေပါစေ လူတစ်ယောက်ရဲ့ ခန္ဓကိုယ်အပူချိန်ဟာ ၃၆.၅℃ ကနေ ၃၇.၅ ℃ ကြားမှာသာ ရှိနေပါတယ်။ ခန္ဓကိုယ်ထဲက ဗိုင်းရပ်ပိုးကို ပြင်ပ ရာသီဥတု အပူချိန်ကသတ်နိုင်စွမ်းမရှိပါဘူး။


    ရေနွေးနဲ့ ရေချိုးခြင်းက ကိုရိုနာရောဂါကို ကာကွယ်နိုင်လား

    ရေနွေးနဲ့ ရေချိုးခြင်းဟာ ကိုရိုနာရောဂါကို မကာကွယ်နိုင်ပါဘူး။ ရေချိုးတဲ့အခါအသုံးပြုတဲ့ ရေရဲ့ အပူချိန်ဟာ ဘယ်လောက်ပဲ ရှိနေပါစေ ခန္ဓာကိုယ်အပူချိန်က ၃၆.၅ ကနေ ၃၇ အတွင်းတည်ရှိပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကိုရိုနာဗိုင်းရပ်ကို မကာကွယ်နိုင်တဲ့အပြင် ရေနွေးအရမ်းပူရင် လူကိုပါ အန္တရာယ်ဖြစ်စေနိုင်ပြီး အပူလောင်နိုင်ပါတယ်။ ဒါ့ကြောင့် Covid-19 ကို ကာကွယ်ဖို့ အကောင်းဆုံးနည်း ကတော့ လက်ကို မကြာခဏ ဆေးကြောခြင်းနဲ့ မျက်လုံး၊ ပါးစပ် နဲ့ နှာခေါင်းတွေကို ထိခြင်းကို ရှောင်ရှားရမှာပဲ ဖြစ်တယ်လို့ WHO က အကြံပြု တိုက်တွန်းထားပါတယ်။




    Tags

    Corona MyanmarWrong Health Tips5G mobile networksCovid and temperaturesDrinking alcohol
    Read Full Article
    Claim :   အရက်သောက်ပြီး ရောဂါပျောက်တယ်ဆိုတာ၊ 5G network က ရောဂါကူးဆက်စေတယ်ဆိုတာတွေအပါအဝင် ကိုဗစ်နဲ့ပတ်သက်တဲ့ အချက်အလက်အမှားတွေကို ဒီဆောင်းပါးမှာဖေါ်ပြပေးထားပါတယ်။
    Claimed By :  Facebook, website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!