BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်နဂါးရဲ့ PDF အဖွဲ့...
သတင်းအတု

ဗိုလ်နဂါးရဲ့ PDF အဖွဲ့ နာမည်သုံးပြီး ဖြန့်ထားတဲ့ ထုတ်ပြန်ချက်အတု

စစ်ကိုင်းတိုင်းအတွင်းက ဗိုလ်နဂါး ဦးစီးတဲ့ မြန်မာ့တော်ဝင်နဂါးတပ် နာမည်သုံးပြီး မည်သည့် PDF အဖွဲ့နဲ့မှ ပူးပေါင်းခြင်း မရှိဘူးလို့ ဖြန့်ထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  5 April 2022 7:27 PM IST
  • ဗိုလ်နဂါးရဲ့ PDF အဖွဲ့ နာမည်သုံးပြီး ဖြန့်ထားတဲ့ ထုတ်ပြန်ချက်အတု

    အဆိုပါ ကြေညာချက်အတုကို ဧပြီလ ၂ ရက်နေ့က ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး ကြေညာချက် အတုထဲမှာ ၎င်းတို့ရဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ဟာ ဆက်ကြေးကောက်ခံခြင်း မရှိဘဲ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်နေတဲ့ အဖွဲ့ဖြစ်ကြောင်း၊ မည်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့မှလည်း ပူးပေါင်းခြင်း မရှိကြောင်း၊ ဗိုလ်သံမဏိလို လူသတ်သောအဖွဲ့နှင့် ပူးပေါင်းခြင်းရော ပတ်သက်ခြင်းရော မရှိကြောင်း၊ ဗိုလ်သံမဏိရဲ့ လူသတ်တဲ့ သတင်းဟာ အင်မတန် စက်ဆုပ်စရာ သတင်းဖြစ်ကြောင်း၊ ဗိုလ်သံမဏိရဲ့ ယင်းမာပင် PDF ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စာရင်းက ပယ်ဖျက်လိုက်ကြောင်း၊ ပုလဲနယ်မြေကို ခြေချလာပါက စစ်ရေးအရ ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ထပ်ဆင့်မျှဝေခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ပုလဲ ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်က မည်သည့် PDF နဲ့မှ မပူပေါင်းဘဲ ဗိုလ်သံမဏိအဖွဲ့ ပုလဲမြေကို ခြေချလာရင် စစ်ရေးအရ ဖြေရှင်းမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၂ ဘက် ပဋိပက္ခဖြစ်ပွားအောင် ရန်တိုက်ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီထုတ်ပြန်ချက်ဟာ သတင်းအမှားဖြန့်သူတွေဘက်က Photoshop နဲ့ ဖန်တီးပြီး ပြုလုပ်ထားတဲ့ ထုတ်ပြန်ချက် အတုသာ ဖြစ်ပြီး ပုလဲ ဗိုလ်နဂါးရော၊ မြန်မာ့တော်ဝင်နဂါးတပ်တော်ရောက ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း ပြောဆိုထားခြင်း မရှိသလို မည်သည့် သတင်းဌာနကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ မြန်မာ့တော်ဝင်နဂါးတပ်တော် နဲ့ ပုလဲ ဗိုလ်နဂါးတို့ရဲ့ ဖေ့စ်ဘွတ် တွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ဗိုလ်သံမဏိရဲ့ ယင်းမာပင် PDF က အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗိုလ်နဂါးက မတ်လ ၁၈ ရက်နေ့က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ "ဒီကိစ္စမျိုးဟာ အပြန်လှန် တွန်းကန်နေကြရပြီဆိုတာကို တဖက်ကသိရင် ဝမ်းသာစရာဖြစ်နိုင်ပေမယ့် မရှင်းပဲထားပြီး ပိုပိုဆိုးလာရင် တော်လှန်ရေးကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း အများကြီးကို စိတ်တွေထိန်းပြီး တိတ်တိတ်လေးနဲ့ ပြေလည်သွားအောင် ကြိုးစား ဖြေရှင်းနေကြပါတယ်" လို့ အသိပေး ရေးသားထားပါတယ်။ ဗိုလ်နဂါး လူမှုကွန်ယက်ပေါ် အသိပေး ရေးသားထားတဲ့ စာကို ဒီနေရာမှာ ဖတ်ပါ။

    ဗိုလ်နဂါးက ဒီစာအပြင် တစ်ခြား တစ်စုံတစ်ရာ ထပ်မံပြောဆို ထုတ်ပြန်ထားခြင်း မရှိပါဘူး။

    အခု သတင်းအမှားမထွက်ခင်မှာ ဗိုလ်သံမဏိနဲ့ ဗိုလ်နဂါးအကြား ရန်တိုက်ထားတဲ့ သတင်းအမှားတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပါသေးတယ်။ ပထမ ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားတွေကို အောက်ပါ Link တွေမှာ ဖတ်ပါ။

    ဗိုလ်နဂါးကို အသေဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

    ဗိုလ်သံမဏိကို သတ်ဖြတ်ဖို့ ဗိုလ်နဂါးကို ‌NUG ကတာဝန်ပေးထားတယ် ဆိုတဲ့ သတင်းအမှား



    Tags

    Fake statementBo Naga PDFCoupMilitaryထုတ်ပြန်ချက်အတုပုလဲ ဗိုလ်နဂါး
    Read Full Article
    Claim :   မည်သည့် PDF အဖွဲ့နှင့်မှ ပူပေါင်းခြင်း မရှိကာ ဗိုလ်သံမဏိအဖွဲ့ကနယ်မြေကျူးကျော်လာရင် စစ်ရေးအရ ဖြေရှင်းမည်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!