BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်သံမဏိကို သတ်ဖြတ်ဖို့...
သတင်းအတု

ဗိုလ်သံမဏိကို သတ်ဖြတ်ဖို့ ဗိုလ်နဂါးကို ‌NUG ကတာဝန်ပေးထားတယ် ဆိုတဲ့ သတင်းအမှား

ရွေးကောက်ပွဲကာလမတိုင်ခင်ကတည်းက သတင်းအမှားပေါင်းများစွာ ဖြန့်ခဲ့တဲ့ RFM အဖွဲ့က ဒီရက်ပိုင်းအတွင်းမှာ ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိကို သတ်ဖြတ်ဖို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးကို NUG က တာဝန်ပေးအပ်ခဲ့တယ် ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဖြန့်ဝေထားပါတယ်။

By - Boom Live Myanmar |
Published -  24 March 2022 10:25 PM IST
  • ဗိုလ်သံမဏိကို သတ်ဖြတ်ဖို့ ဗိုလ်နဂါးကို ‌NUG ကတာဝန်ပေးထားတယ် ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို RFM အဖွဲ့က ဖြန့်ဝေနေကျပုံစံအတိုင်း template တစ်ခုပြုလုပ်ပြီး ဖြန့်ထားတာ ဖြစ်သလို ၎င်းတို့ရဲ့ Website ကနေလည်း ဖြန့်ထားပြီး ခေါင်းစဉ်ကို "နဂါးလား တီကောင်လား သံမဏိလား ဖယောင်းလား ကွဲပြားတော့မည်" လို့ ရေးသားထားပါတယ်။

    သတင်းအမှားရဲ့ အတွင်းပိုင်းမှာတော့ စစ်ကောင်စီက ဝါဒဖြန့်လေ့ရှိတဲ့ အသုံးအနှုန်းတွေဖြစ်တဲ့ NLD ပါတီက PDF တွေကို ဖွဲ့စည်းခဲ့ကြောင်းအပါအဝင်၊ အဆိုပါ PDF တွေထဲမှာ ဗိုလ်နဂါးနဲ့ ဗိုလ်သံမဏိဟာ ကျေးရွာတွေ မီးရှို့ဖျက်ဆီးတဲ့ လက်မရွံ့အကြမ်းဖက် အဖွဲ့တွေ ဖြစ်ကြောင်း၊ ဗိုလ်နဂါးအဖွဲ့ကို ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ခေါင်းဆောင် ခန့်အပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဗိုလ်မသံမဏိက လက်မခံခဲ့လို PDF အချင်းချင်း ချေထိုးလုပ်ကြံမှုတွေ ဖြစ်ခဲ့ကြောင်း၊ ဒီရက်ပိုင်းအတွင်းမှာ NUG က ဗိုလ်သံမဏိကို လုပ်ကြံရှင်းလင်းဖို့ ဗိုလ်နဂါးတို့အဖွဲ့ကို ၂ ကြိမ်တိတိ စေလွှတ်ခဲ့ကြောင်း၊ ၂ ဘက်အပြန်အလှန် ပစ်ခတ်ရင် ၂ ဖက်စလုံး အထိနာတော့မှာ ဖြစ်ကြောင်း၊ ဗိုလ်သံမဏိက ဘုန်းကြီးဖြစ်နေလို့ ဗုဒ္ဓဘာသာကို နေရာမပေးချင်လို့ ရှင်းလင်းပစ်ခိုင်းတာ ဖြစ်ကြောင်း ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို RFM website ကနေ ဖေ့စ်ဘွတ်အကောင့်တုတွေ Page အတုတွေကနေတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ဝေနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG က ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိကို လုပ်ကြံသတ်ဖြတ်ဖို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးကို တာဝန်ပေးခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ PDF ၂ ဖွဲ့ကြား သွေးခွဲပြီး အမြတ်ထုတ်ဖို့ ရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ယင်းမာပင် မြို့နယ်က ဗိုလ်သံမဏိ ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အရပ်သား ၁၀ ဦးအပါအဝင် သတ်ဖြတ်မှု ၅ ကြိမ်ကျူးလွန်ခဲ့ပြီး စုစုပေါင်း ၂၁ ဦး သတ်ဖြတ်ခဲ့ကြောင်း ပြည်ထောင်စုကာကွယ်ရေးနဲ့ လွတ်မြောက်ရေး မဟာမိတ်တပ်ပေါင်းစု (UDLA) က မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပြီး ဒေသခံ PDF ၆၃ ဖွဲ့ကလည်း ယင်းမာပင် PDF ကို လက်နက်ချပြီး တရားစီရင်ရေးအတွက် စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။

    ဗိုလ်သံမဏိကလည်း အဆိုပါ လူသတ်မှုအတွက် ဝန်ခံထားပြီး လူသတ်မှုတွေမှာ ၎င်းကိုယ်တိုင် တိုက်ရိုက် ပါဝင်ထားခြင်း၊ အမိန့်ပေးထားခြင်း မရှိကြောင်း ထိုကဲသို့ ကိစ္စတွေကို မကျူးလွန်ဖို့ လမ်းညွှန်မှုပေးထားကြောင်း၊ ကြေညာချက်လည်း ထုတ်ပြန်ထားကြောင်း နိုဝင်ဘာလ အရှေ့ပိုင်းက ဖြစ်စဉ်တွေကို တာဝန်မယူနိုင်ကြောင်း နောက်ပိုင်း ဒီလိုကိစ္စရပ်တွေ ထပ်မဖြစ်အောင် တင်းတင်းကြပ်ကြပ် ကိုယ်တွယ်နေကြောင်း သတင်းမီဒီယာတွေမှာ ဖြေကြားထားပါတယ်။

    အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်နဂါက ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ "ဒီကိစ္စမျိုးဟာ အပြန်လှန်တွန်းကန်နေကြရပြီဆိုတာကိုတဖက်ကသိရင် ဝမ်းသာစရာဖြစ်နိုင်ပေမယ့် မရှင်းပဲထားပြီး ပိုပိုဆိုးလာရင် တော်လှန်ရေးကိုကြီးကြီးမားမားထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း အများကြီးကို စိတ်တွေထိန်းပြီး တိတ်တိတ်လေးနဲ့ ပြေလည်သွားအောင် ကြိုးစားဖြေရှင်းနေကြပါတယ်" လို့ အသိပေး ရေးသားထားပါတယ်။ ဗိုလ်နဂါး လူမှုကွန်ယက်ပေါ် အသိပေး ရေးသားထားတဲ့ စာကို ဒီနေရာမှာ ဖတ်ပါ။

    NUG အတွင်းဝန် ဦးနိုင်ထူးအောင်က ယင်းမှာပင် PDF အဖွဲ့ဟာ NUG ထဲ ဝင်ချင်တယ်လို့ လျှောက်ထားကြောင်း၊ သို့ပေမယ့် NUG ရဲ့ Command အောက် မရောက်သေးကြောင်း၊ NUG ကာကွယ်ရေးဝန်ကြီးရဲ့ Command အောက်မှာ ကိုယ်ပိုင်နံပါတ် ထွက်ပြီးသားဆိုရင် စစ်ခုံရုံးတင်ပြီး စစ်လို့ရကြောင်း၊ နံပါတ်တွေ မထွက်သေးတဲ့အတွက် လျှောက်ထားဆဲမှာပဲ ရှိပြီး ၎င်းအဖွဲ့ကို မည်သည့်အရာမှ မထုတ်ပေးနိုင်သေးတဲ့အတွက် အရပ်ဘက် တရားစီရင်ရေးနဲ့ စီရင်ရမယ့် အခြေအနေဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ဖြေကြားထားပါတယ်။

    NUG က ဦးနိုင်ထူးအောင် ဖြေကြားထားတဲ့ အကြောင်းအရာ ပါဝင်တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

    သတင်းအမှားဖြနါ့ထားတဲ့ RFM မှာ ရေးထားတဲ့ ပုံစံဟာ အဖွဲ့ ၃ ဖွဲ့ကြား ရန်တိုက်ဖို့ လုပ်ကြံရေးသားထားခြင်းမျိုး ဖြစ်ပါတယ်။ RFM အဖွဲ့ဟာ ရွေးကောက်ပွဲမတိုင်ခင် ကာလက NLD ပါတီကို တိုက်ခိုက်ဖို့ သတင်းအမှား ရာနဲ့ချီပြီး ဖြန့်ဝေခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ RFM အဖွဲ့အကြောင်း Boom က ရေးသားထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ပါ။

    စနစ်ကျတဲ့သတင်းအမှားဂိုဏ်း (သို့မဟုတ်) RFM ကွန်ရက်


    Tags

    False newsNUGassignedBo NagarAssassinateYin Mar Pin PDFPDF leaderBo Than Maniယင်းမာပင် PDFဗိုလ်သံမဏိဗိုလ်နဂါးသတင်းအမှား
    Read Full Article
    Claim :   NUG က ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိကို သတ်ဖြတ်ဖို့ ဗိုလ်နဂါးကို တာဝန်ပေး
    Claimed By :  facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!