BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်နဂါးကို အသေဖမ်းမိတယ်ဆိုတဲ့...
သတင်းအတု

ဗိုလ်နဂါးကို အသေဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ ပုလဲမြို့နယ်က ဗိုလ်နဂါးကို အသေဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ယခုရက်ပိုင်းအတွင် ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  24 March 2022 10:27 PM IST
  • ဗိုလ်နဂါးကို အသေဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို မတ်လ ၂၁ ရက်နေ့က စွန်ရဲဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားထဲမှာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ဗိုလ်နဂါးကို အသေဖမ်းဆီးရမိတယ်လို့ ဆိုထားပါတယ်။ ဒီလိုဖမ်းဆီးရမိတာဟာ ယင်းမှာပင် မြို့နယ်က ဗိုလ်သံမဏိက သတင်းပေးလို့ ဖမ်းဆီးရမိခဲ့တာလို့ ဖြန့်ဝေထားပါတယ်။ ၎င်းရဲ့ မူရင်းရေးသားဖြန့်ဝေမှုမှာ "ဗိုလ်သံမဏိ၏ သတင်းပေးချက်အရ ယနေ့ညနေ ၆း၅၅ မိနစ်တွင် pdf ဗိုလ်နဂါးကို အသေဖမ်းမိ" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၅၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ ကျော်ရှိကာ မှတ်ချက်ရေးသားသူ ၁၀၀ နီးပါးရှိကာ တခြားဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူ ဖော်ပြထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ယင်းမာပင်မြို့နယ်က ဗိုလ်သံမဏိရဲ့ သတင်းပေးချက်အရ ပုလဲမြို့နယ်က မြန့်မာတော်ဝင်နဂါးတပ်တော် အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးကို အသေဖမ်းဆီးရမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီသတင်းအမှားဟာ ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိနဲ့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးတို့ကြားက ပြဿနာကို အသုံးချပြီး အမြတ်ထုတ်ဖို့ ဖန်တီးထားတာမျိုးဖြစ်ပြီး ဗိုလ်နဂါးဟာ ဖမ်းဆီးခံရခြင်းလည်း မရှိသလို သေဆုံးခြင်းလည်း မရှိပါသေးပါဘူး။
    ဗိုလ်နဂါးရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဗိုလ်သံမဏိတို့ရဲ့ ယင်းမာပင် PDF ဟာ အရပ်သားတွေနဲ့ PDF တပ်ဖွဲ့တွေအပါအဝင် ၂၁ ဦးကို သတ်ဖြတ်ထားတယ်ဆိုတဲ့ စွဲချက်နဲ့ လက်နက်ချပြီး အဖွဲ့ဖျက်သိမ်းဖို့ တောင်းဆိုခံထားရပါတယ်။ NUG ကလည်း ကြားဝင်ဖြေရှင်းဖို့ ကြိုးစားနေသလို ပုလဲဗိုလ်နဂါးကလည်း တွေ့ဆုံဖြေရှင်းဖို့ ကြိုးစားနေပေမယ့် ဗိုလ်သံမဏိက အတွေ့မခံဘဲ ရှောင်ထွက် သွားတယ်လို့ ဗိုလ်နဂါးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

    ဒီအကြောင်းအရာကို အခြေခံကာ စစ်ကောင်စီအသိုင်းအဝိုင်းက သတင်းအမှားတွေ ဆက်တိုက်ဖြန့်ပြီး ဒီ ၂ ဖွဲ့ကြား ပြဿနာပိုကြီးမားအောင် သွေးထိုးလှုံ့ဆော်မှု ဆက်တိုက် ပြုလုပ်လာတာကို တွေ့ရပါတယ်။ သတင်းအမှားဖြန့်နေကြအဖွဲ့ RFM ကလည်း ဗိုလ်သံမဏိ နဲ့ ဗိုလ်နဂါးကြား ပြဿနာ ကြီးထွားအောင် ရန်တိုက်ပေးတဲ့ သတင်းအမှားတစ်ပုဒ် ဖြန့်ခဲ့ပါသေးတယ်။ RFM က ဖြန့်ထားတဲ့ ဗိုလ်နဂါးနဲ့ ဗိုလ်သံမဏိကြား ရန်တိုက်ပေးထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ပါ။

    ဗိုလ်သံမဏိကို သတ်ဖြတ်ဖို့ ဗိုလ်နဂါးကို ‌NUG ကတာဝန်ပေးထားတယ် ဆိုတဲ့ သတင်းအမှား

    ဒီရက်ပိုင်းအတွင်း ပြဿနာတွေနဲ့ ပတ်သက်ပြီး ဗိုလ်နဂါးက ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ "ဒီကိစ္စမျိုးဟာ အပြန်လှန် တွန်းကန်နေကြရပြီဆိုတာကို တဖက်ကသိရင် ဝမ်းသာစရာဖြစ်နိုင်ပေမယ့် မရှင်းပဲထားပြီး ပိုပိုဆိုးလာရင် တော်လှန်ရေးကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း အများကြီးကို စိတ်တွေထိန်းပြီး တိတ်တိတ်လေးနဲ့ ပြေလည်သွားအောင် ကြိုးစားဖြေရှင်းနေကြပါတယ်" လို့ အသိပေး ရေးသားထားပါတယ်။

    Tags

    False newsPearl PDFPDF leaderkilledCoupMilitaryသတင်းအမှားအာဏာသိမ်း
    Read Full Article
    Claim :   ဗိုလ်သံမဏိ၏ သတင်းပေးချက်အရ ယနေ့ညနေ ၆း၅၅ မိနစ်တွင် pdf ဗိုလ်နဂါးကို အသေဖမ်းမိ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!