BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG ဝန်ကြီးတွေ ဒေါ်လာ ၁၂ သန်း...
သတင်းအတု

NUG ဝန်ကြီးတွေ ဒေါ်လာ ၁၂ သန်း ကိုယ်ကျိုးသုံးစွဲတယ်ဆိုတဲ့ ဝါဒဖြန့်သတင်းတု

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီး နှစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်တို့ ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်လို့ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတစ်ခုကို စစ်တပ်အတွက်ဝါဒဖြန့်နေတဲ့ တယ်လီဂရမ်းချယ်နယ်တွေနဲ့ ၎င်းတို့နဲ့ဆက်စပ်နေတဲ့ ဖေ့စ်ဘွတ် ပေ့ချ်တချို့မှာ ဆက်တိုက်ဖြန့်ဝေလာပါတယ်။

By - Boom Live Myanmar |
Published -  27 Sept 2023 11:56 AM IST
  • NUG ဝန်ကြီးတွေ ဒေါ်လာ ၁၂ သန်း ကိုယ်ကျိုးသုံးစွဲတယ်ဆိုတဲ့ ဝါဒဖြန့်သတင်းတု

    ဒီအကြောင်းအရာကို ဖြန့်ဝေရာမှာ ယခင်ကာလတွေက သတင်းတု သတင်းမှားဖြန့်ဖြူးသူတွေဖန်တီးနေကြပုံစံအတိုင်း သတင်းစာစာမျက်နှာပါ သတင်းတစ်ပုဒ်ပုံစံ ဖန်တီးထားပြီး ခေါင်းစဉ်မှာ “ဒေါက်တာဇော်ဝေစိုး နှင့် ဦးရည်မွန်တို့ နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲသည့်အတွက် လူမှုကွန်ရက်တွေ ဝေဖန်မှုများရှိနေ” (မူရင်းဖော်ပြထားသည့် အတိုင်း) လို့ ရေးသားထားပါတယ်။

    သတင်းအမှားထဲမှာတော့ အနောက်နိုင်ငံတွေက မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်ဘဏ်တွေကနေတဆင့် NUG နဲ့ CRPH ကို ဒေါ်လာ ၁၂ သန်း ထောက်ပံ့ခဲ့ကြောင်း၊ NUG ဝန်ကြီးနှစ်ဦးဟာ အဆိုပါ ငွေတွေနဲ့ အကြမ်းဖက်မှုတွေ၊ ဖျက်ဆီးမှုတွေ ပြုလုပ်ဖို့ညွှန်ကြားခဲ့ကြောင်း၊ နောက်ပိုင်းမှာ PDF တွေကို မထောက်ပံ့နိုင်တော့ကြောင်း၊ ဒီအခြေအနေကို သိတဲ့ အမေရိကန်နဲ့ CIA က ဒေါ်လာ ၁၂ သန်းကိစ္စ မေးမြန်းတဲ့အခါမှာ အဆိုပါ ဝန်ကြီး နှစ်ဦးလုံး ထွက်ပြေးတိမ်းရှောင်သွားကြောင်း မဲခေါင်သတင်းက ဖော်ပြထားတယ်လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    NUG ဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်တို့ ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တဲ့အတွက် ဝေဖန်ခံနေရကာ CIA က ခေါ်ယူစစ်ဆေးတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတုတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီး နှစ်ဦးက ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက်သုံးစွဲလို့ လူမှုကွန်ယက်ပေါ် ဝေဖန်ခံနေရတယ်လို့ ဖော်ပြထားပေမယ့် ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်တို့ ငွေကြေး အလွဲသုံးစားလုပ်တယ်ဆိုတဲ့ ဖြစ်စဉ်မျိုးပေါ်ပေါက်ထားခြင်းမရှိသလို ဒီလိုအခြေအနေမျိုးနဲ့ပတ်သက်လို့ NUG အစိုးရအဖွဲ့အတွင်းမှာ သတင်းထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာတော့ ဗိုလ်နဂါးနဲ့ NUG အဖွဲ့အတွင်း ငွေကြေးကိစ္စ အငြ်းပွားတဲ့ပြသနာတွေပေါ်ထွက်ခဲ့ဖူးပေမယ့် ဒီအခြေအနေကလည်း အခုသတင်းတုမှာရည်ညွှှန်းတဲ့အကြောင်းအရာမျိုးနဲ့ဆက်စပ်နေခြင်းမရှိပါဘူး။

    ဒါ့အပြင် သတင်းအတုထဲမှာရည်ညွှန်းထားတဲ့ CIA က ခေါ်ယူစစ်ဆေးတယ်ဆိုတဲ့အကြောင်းအရာမှာလည်း ပြည့်စုံလုံလောက်တဲ့အထောက်အထား အကိုးအကားနဲ့ရေးသားထားတာမဟုတ်တာ တွေ့ရပါတယ်။ ဒီသတင်းမှာကိုးကားထားတဲ့ ဒီသတင်းကို မဲခေါင်သတင်းဌာနမှာ ဖော်ပြထားတယ်ဆိုတဲ့အချက်ကလည်း မှားယွင်းနေပါတယ်။ မဲခေါင်သတင်းဌာနမှာလည်း ဒီသတင်းအကြောင်းအရာ တင်ထားခြင်း လုံးဝမရှိပါဘူး။

    ဒီသတင်းဟာ စစ်ကောင်စီဘက်က ဝါဒဖြန့်ချီဖို့ သတင်းစာပါ သတင်းတစ်ပုဒ်ပုံစံ ဖန်တီးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။ ဒီလို သတင်းစာပါ သတင်းအတု ပုံစံတွေကိုလည်း ယခင်ရွေးကောက်ပွဲ မတိုင်ခင်ကာလထဲက ဖြန့်ဝေနေကြဖြစ်ပြီး အာဏာသိမ်းကာလမှာလည်း ဝါဒဖြန့်ချီဖို့ တစ်ခါတစ်ရံမှာ ပြန်လည်ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    သတင်းစာပုံစံ ဖြန့်ဝေလေ့ရှိတဲ့ သတင်းအတု တွေက အောက်ပါ link တွေမှာ ဖတ်ပါ။

    NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတယ်ဆိုတဲ့ သတင်းအမှား

    NUG လုပ်ရပ်တွေအပေါ် ဒေါ်စုမှတ်ချက်ပြုမထားပါ

    ဆန္ဒပြသူတွေကို နှိမ်နှင်းဖို့ သမ္မတက အမိန့်ပေးခဲ့တယ်ဆိုတဲ့ သတင်းအမှား



    Tags

    False NewsPropagandaMilitaryCoupNUGFake Newspaperသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ဦးရည်မွန်နဲ့ ဒေါက်တာဇော်ဝေစိုးတို့ ဒေါ်လာ ၁၂ သန်း ကိုယ်ကျိုးအတွက် သုံးစွဲခဲ့
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!