BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြန်ကြားရေးဝန်ကြီးသစ် RFM...
သတင်းအတု

ပြန်ကြားရေးဝန်ကြီးသစ် RFM သတင်းအမှားအဖွဲ့ရေးသားသည့်ပို့စ်ကို ဖေ့စ်ဘွတ်တွင်ဖြန့်ဝေ

ရွေးကောက်ပွဲအကြိုကာလကနေ ရွေးကောက်ပွဲအလွန်ကာလအထိ သတင်းတု၊ သတင်းမှားတွေကို ဆက်တိုက် ဖြန့်ဝေလာတဲ့ Radio Free Myanmar (RFM) လိုဂိုပါ Template နဲ့ သတင်းကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လောလောလတ်လတ် ခန့်အပ်ခံရတဲ့ ဦးချစ်နိုင်က ပြန်လည်ဖြန့်ဝေခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  2 Feb 2021 5:23 PM IST
  • ပြန်ကြားရေးဝန်ကြီးသစ် RFM သတင်းအမှားအဖွဲ့ရေးသားသည့်ပို့စ်ကို ဖေ့စ်ဘွတ်တွင်ဖြန့်ဝေ

    ဒီရေးသားဖြန့်ဝေမှုကို Kothumg ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ရေးသာဖြန့်ဝေခဲ့တာဖြစ်ပြီး လောလောလတ်လတ် ပြည်ထောင်စုဝန်ကြီး ဖြစ်လာသူ ဦးချစ်နိုင်က တပ်မတော် အာဏာသိမ်းယူခဲ့သည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ပြန်လည်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    မူရင်းဖြန့်ဝေမှုမှာ ရေးသားထားတာက "၂၀၂၀ မဲသူခိုးပါတီ အသိုင်းအဝန်းမှာ တပ်မတော်က ဥပဒေအတိုင်းလုပ်ဆောင်မည်ကို သိလို့ နိုင်ငံခြားတိုင်းပြည်တွေကို အကူအညီတောင်းရုံမက တပ်မတော်ဆီကိုပါ လာရောက်ခယကြောင်း၊ ကိုယ်စားလှယ်အဖွဲ့နဲ့ တပ်မတော်နဲ့ တွေ့ဆုံရာမှာ ဗိုလ်မှူးချုပ်အဆင့်ရှိသူ တစ်ဦးက တွေ့ဆုံသူတွေကို ရှည်ရှည်ဝေးဝေးပြောမနေနဲ့ မလိမ့်တပါတ်လုပ်တာများပြီ ပိုနေတဲ့ ပြဿနာကို အရင်ရှင်းလို့ ပြောဆိုကြောင်း၊ မဲပြဿနာတွေကို ပြေလည်အောင်မရှင်းဘဲ (၁) ရက်နေ့ လွှတ်တော်ခေါ်မယ်ဆိုရင်တော့ ဘာမှပြောစရာ မရှိဘူးလို့ ပြောဆိုကြောင်း၊ တပ်မတော်ဟာ နိုင်ငံရေးပါတီအဖွဲ့ အစည်းမဟုတ်တဲ့ကြောင်းနဲ့ အာဏာရူးတဲ့ နိုင်ငံရေးသမားတွေကြောင့် ပြဿနာတွေ ဒီနေ့ထိဖြေရှင်းနေရတာဖြစ်တယ်ဆိုပြီး မောင်းထုတ်ခဲ့ကြောင်း" ရေးသားထားတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းကို မဲစာရင်း မှားယွင်းမှုအပေါ် အခြေခံကာ တပ်မတော်ရဲ့ စွပ်စွဲ၊ တောင်းဆိုချက်များ ငြင်းပယ်ခံရပြီး နိုင်ငံရေးအရ တင်းမာနေချိန်၊ အာဏာသိမ်းရန် ခြိမ်းခြောက်မှုများဖြစ်ပေါ်နေချိန်မှာ အချိန်ကိုက် ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

    ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့် လုပ်ပိုင်ခွင့်အာဏာ လွှဲအပ်ခြင်း ခံရသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတခုဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်၊ အစိုးရတို့နှင့် နည်းလမ်းရှာ ညှိနှိုင်းဖြေ ရှင်းရန်၊ စုပေါင်းအဖြေရှာရန် မည်သည့် ဥပဒေကမျှ အာဏာအပ်နှင်းထားခြင်း မရှိကြောင်း တုံ့ပြန်ထားပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာ မျိုးညွန့်ကလည်း "ဥပဒေကို မလိုက်နာနိုင်တာ ဘယ်သူလဲဆိုတာ ကျနော်တို့ မရှင်းဘူး။ အဲဒီတော့ ဖျက်မယ့်လူက သူ မလိုက်နာနိုင်ရင် ဖျက်မယ်လို့ ပြောတာလား အဲဒီစကားက မရှင်းပါဘူး။ တခြားလူက ဥပဒေကို မလိုက်နာရင်တော့ ဥပဒေနဲ့အညီပဲ အရေးယူရ မှာပေါ့။ ကိုယ်မလိုက်နာနိုင်တော့လို့ ဥပဒေကို ဖျက်တော့မယ်ဆိုရင်တော့ ဒါက အင်အားရှိနေတဲ့သူတွေ အနေနဲ့တော့ လုပ်လို့ရတာပေါ့ဗျာ။ ပြည်သူ့ဆန္ဒနဲ့ အညီ ဖြစ်မဖြစ်ကတော့ တပိုင်းပေါ့။" လို့ ပြောဆိုထားပါတဲ့ အကြောင်း ဧရာဝတီသတင်းဌာနမှာ ဇန်နဝါရီ ၂၉ ရက်မှာ ဖော်ပြထားပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    တပ်မတော်ရဲ့ စွပ်စွဲ၊ တောင်းဆိုချက်တွေကို ဒီလိုတွေ တုံ့ပြန်ထားတာကို ကြည့်ရုံနဲ့ NLD ပါတီအနေနဲ့ သွားရောက်တောင်းပန်တယ်ဆိုတာ မဖြစ်နိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

    ဒါ့အပြင် Radio Free Myanmar (RFM) ဆိုတာ ရွေးကောက်ပွဲကာလတလျှောက်လုံးမှာ သတင်းမှားတွေကို အသုံးချပြီး နိုင်ငံရေးမတည်ငြိမ်အောင်လုပ်ဆောင်နေတဲ့ အပြင် မဲပေးသူတွေ ဆုံးဖြတ်ချက်ဝေဝါးစေဖို့၊ ရွေးကောက်ပွဲကိုနှောက်ယှက်ဖို့၊ အာဏာရပါတီဖြစ်တဲ့ NLD နဲ့ ပါတီတွင်းက အထင်ကရပုဂ္ဂိုလ်တွေကို နိုင်ငံရေးထိုးနှက်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖန်တီးတဲ့ သတင်းတု၊ သတင်းမှားတွေကို စနစ်တကျပြင်ဆင်ဖြန့်ဝေကြတာဖြစ်ပါတယ်။

    Radio Free Myanmar (RFM) နဲ့ ပါတ်သတ်ပြီး BOOM အနေနဲ့ အကြိမ်ကြိမ်ရေးသားထားပြီး ဖြစ်ပါတယ်။ Radio Free Myanmar (RFM) ဟာ လွတ်လပ်တဲ့အာရှအသံ Radio Free Asia (RFA) နဲ့ အမည်ဆင်တူရိုးမှားပြုလုပ်ပြီး ဖေစ့်ဘွတ်ပေါ်မှာ သတင်းအမှားတွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ဖြစ်ပြီး သတင်းမှားအများစုဟာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားထားတာ ဖြစ်ပါတယ်။

    RFM ဟာ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့အတွက် Facebook က ဒီပေ့ချ်ကို ဖြုတ်ချထားခဲ့ပြီးပါပြီ။ ဒါပေမယ့် စာတွေကို ကြိုက်နှစ်သက်ရာ ရေးနိုင်အောင်ဖန်တီးထားတဲ့ Template အလွတ်တွေသုံးပြီး RFM လိုဂိုတပ်ကာ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုတွေကို ဆက်တိုက် တင်နေဆဲဖြစ်ကြောင်း တွေ့ရပါတယ်။

    RFM နဲ့ ပတ်သက်ပြီး BOOM ရဲ့ ရေးသားဖော်ပြမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။


    ဒီလို သတင်းမှားတွေ တင်နေတဲ့ ပေ့ချ်က သတင်းကို ပြန်ကြားရေးဝန်ကြီးသစ် ဦးချစ်နိုင်ကသူ့အကောင့်မှာထပ်မံဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ဦးချစ်နိုင်ဟာ တပ်မတော် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ခဲ့သလို ၁၉၉၅ ခုနှစ် ဩဂုတ်လမှ ၁၉၉၇ ခုနှစ်နိုဝင်ဘာလအထိ မြဝတီစာပေတိုက် တွင်အမှု့ဆောင်အရာရှိ စာတည်းမှူးချုပ်တာဝန်များကိုထမ်းဆောင်ခဲ့ဖူးပါတယ်။

    ဒါ့အပြင်ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တာဝန်များကို ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းပြီးအချိန်မှာတော့ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသူ ဖြစ်ပါတယ်။

    Tags

    New Information MinisterRFMပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးFake Newsvote fraudတပ်မတော် အာဏာသိမ်း
    Read Full Article
    Claim :   ရွေးကောက်ပွဲအကြိုကာလကနေ ရွေးကောက်ပွဲအလွန်ကာလအထိ သတင်းတု၊ သတင်းမှားတွေကို ဆက်တိုက် ဖြန့်ဝေလာတဲ့ Radio Free Myanmar (RFM) လိုဂိုပါ Template နဲ့ သတင်းကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လောလောလတ်လတ် ခန့်အပ်ခံရတဲ့ ဦးချစ်နိုင်က ပြန်လည်ဖြန့်ဝေခဲ့တဲ့ အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!