BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတင်းတု ။ NLD...
သတင်းအတု

သတင်းတု ။ NLD ပါတီပျက်ပြယ်ပြီဖြစ်ကြောင်း RFM သတင်းတုဖြန့်

သတင်းအမှားတွေဆက်တိုက်ဖြန့်ဝေနေတဲ့ RFM အမည်နဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု လူမှုကွန်ရက်မှာပျံ့နှံ့နေပြီး အဲ့ဒီအကြောင်းအရာထဲမှာ NLD ပါတီဟာ ဥပဒေအရပယ်ဖျက်ပြီးဖြစ်တယ်ဆိုတဲ့အကြောင်းအရာကို ဝေမျှလျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  31 Oct 2020 3:29 PM IST
  • သတင်းတု ။ NLD ပါတီပျက်ပြယ်ပြီဖြစ်ကြောင်း RFM သတင်းတုဖြန့်

    Radio Free Myanmar (RFM) တံဆိပ်ပါ အောက်က "NLD ပါတီသည် ဥပဒေအရ ပယ်ပျက်ပြီးဖြစ်သည်ဟုဆို" လို့ ရေးသားထားပြီး Screen Shot ဓါတ်ပုံအဖြစ် ထုတ်ထားတဲ့ ဖြန့်ဝေမှုကို AungMin ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ ဖြန့်ဝေခဲ့တာပါ။

    စာတွေကို ဓါတ်ပုံပြောင်းထားတဲ့ပုံနဲ့အတူ "RFM မှာ အဲ့လိုတော့ တွေ့တယ်။ NLD "" ပါတီသည် ဥပဒေ အရ ပယ်ဖျက်ပြီးဖြစ်သည် ဟုဆို။ UEC ရဲ့ အမိန့်ကိုဘဲ စောင့်နေ..." လို့ ရေးသားထားပါတယ်။ ဒီအကြောင်းအရာကို ထပ်ဆင့်ဖြန့်ဝေသူပေါင်း လေးရာကျော်ရှိနေပါတယ်။

    ပုံထဲက စာမှာ ရေးထားတာက "NLD ပါတီအနေနဲ့ အခြားပါတီတွေအပေါ် အကြမ်းဖက်ခြင်းများ၊ နှောက်ယှက်ခြင်းများ ဟန့်တားခြင်းမျိုးစုံ ပြုလုပ်လျှက်ရှိနေကြောင်း၊ ဘာအတွက် ထိုသို့လုပ်ဆောင်သည်ကို အငြိမ်းစား တရားသူကြီးတစ်ဦးကို RFM က မေးမြန်းခဲ့ကြောင်း၊ တရားသူကြီးက ဖြေကြားရာမှာ ရွေးကောက်ပွဲ ရလဒ် အရှုံးအနိုင်ကို NLD ပါတီက ထည့်မတွက်တော့ကြောင်း၊ ဥပဒေအရ NLD ပါတီသည် ရပ်တည်ခွင့်မရှိတော့ကြောင်း၊ ပယ်ပျက်ပြီး ဖြစ်ကြောင်း၊ UEC (ရွေးကော်) ရဲ့ အမိန့်ကို စောင့်နေတာ ဖြစ်ကြောင်း" ရေးသားထားတာပါ။

    ဖြန့်ဝေထားမှုကို ဒီနေရာ မှာကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    Radio Free Myanmar (RFM) ဟာ လွတ်လပ်တဲ့အာရှအသံ Radio Free Asia (RFA) နဲ့ အမည်ဆင်တူရိုးမှားပြုလုပ်ပြီး ဖေစ့်ဘွတ်ပေါ်မှာ သတင်းအမှားတွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ သတင်းမှားအများစုက လက်ရှိအာဏာရပါတီ NLD နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားထားတာ ဖြစ်ပါတယ်။

    ဒီလိုသတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာကြောင် RFM ကို Facebook က ဖြုတ်ချလိုက်ထားပြီး ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတ အိမ်တော် သတင်းသမားများ ဖေ့ဘွတ်စ် ဂရုကနေ ပြန်လည်ဖြေကြားထားဖူးပါတယ်။


    ဒီအကြောင်းအရာနဲ့ပတ်သက်လို့ RFA သတင်းမှာဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် Facebook က ဖြုတ်ချလိုက်ထားပြီးဖြစ်တဲ့ RFM ပေချ့်ရဲ့ သတင်းတွေဆိုတာ သတင်းမှားတွေသာဖြစ်ပြီး စာတွေကို ကြိုက်နှစ်သက်ရာ ရေးနိုင်အောင်ဖန်တီးထားတဲ့ RFM လိုဂိုပါ Template အလွတ်တွေနဲ့ ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။ ဒါတွေကို တချို့RFM သတင်းတွေဖြန့်ချိနေတဲ့ ပိုစ့်အောက်မှာ အချင်းချင်းမျှဝေနေကြတာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    နောက်ဆုံးအနေနဲ့ "NLD ပါတီသည် ဥပဒေအရ ပယ်ပျက်ပြီးဖြစ်သည်ဟုဆို" လို့ ရေးသားထားချက်ဟာလည်း မှားယွင်းကြောင်း အောက်ဖော်ပြပါပုံကို ကြည့်ရင် သိသာပါတယ်။


    အထက်ပါပုံမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေငြာထားတဲ့ တည်ဆဲ နိုင်ငံရေးပါတီများစာရင်း ဖြစ်ပါတယ်။ UEC ရဲ့ ကြေငြာချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ ဒီအထက်ပါ အချက်တွေကို ကြည့်ရင် ခုရေးသားဖြန့်ဝေနေတဲ့ သတင်းဟာ အမှားဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

    Tags

    Fake facebook Groupfake newspolitically attackspolitical fake newsElection2020 Myanmar ElectionNLD party
    Read Full Article
    Claim :   NLD ပါတီသည် ဥပဒေအရ ပယ်ပျက်ပြီးဖြစ်တယ်လို့ အခြေအမြစ်မရှိ ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!