BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြွေဆိပ်ဖြေဆေးပင်ဆိုပြီး...
သတင်းအတု

မြွေဆိပ်ဖြေဆေးပင်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

တိမ်ကြာပင်လို့ခေါ်တဲ့ အပင်ရဲ့ အမြစ်က မြွေဆိပ်ဖြေနိုင်တယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  10 July 2025 10:08 PM IST
  • မြွေဆိပ်ဖြေဆေးပင်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Aung Ko Oo ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ မေလ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဒီပိုစ့်ကို ၃ သောင်း ကျော် ပြန်လည်ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှု့သူ ၂.၅ သန်းကျော် ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁ မိနစ်ခွဲ့ခန့်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘သူတူးယူ ပြသနေတာက မြွေဆိပ်ဖြေဆေးပင် ဖြစ်ကြောင်း၊

    ဆေးနည်း ပေးချင်တဲ့အတွက် တင်ပြတာဖြစ်ကြောင်း၊ တိမ်ကြာပင်လို့ ခေါ်တဲ့ အပင်ရဲ့ အမြစ် ၁၀ ဥ၊ ၁၅ ဥ လောက်စားရုံနဲ့ မြွေပွေးအဆိပ်ကို အထူးအာမခံကြောင်း၊ သူပေးတဲ့ ဆေးနည်းနဲ့ လူ ၁၅ ယောက် အယောက် ၂၀ လောက် အသက်ရှင်ခဲ့ ကြောင်း’ တွေ ပြောဆိုနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ အချက်အလက်တွေ လွဲမှားနေတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

    အပင်၊ အရွက်၊ အမြစ်တွေ စားရုံနဲ့ မြွေဆိပ်နဲ့ အခြားအဆိပ်တွေကို ကုသနိုင်တယ်ဆိုပြီး သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်မှု လုပ်ထားတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ မရှိသေးပါ။

    ကမ္ဘာတစ်ဝန်းမှာ မြွေ ကိုက်ရောဂါနဲ့ ပက်သက်ပြီး အာနိသင်အစွမ်းထက်ပါတယ်ဆိုတဲ့ ဆေးဖက်ဝင်အပင်ပေါင်းများစွာကို စနစ်တကျ စမ်းသပ် သုတေသနပြုလုပ်တင်ပြချက်များစွာရှိကြောင်း၊ မြန်မာနိုင်ငံမှာလည်း မြွေကိုက်၊ မြွေဆိပ်သင့်ခြင်းကို ကာကွယ်နိုင်တယ်ဆိုပြီး လူအများ ပြောနေတဲ့ မြန်မာ့ဆေးဖက်ဝင် အပင်တွေများစွာရှိကြောင်း၊ သို့သော် မည်သည့် ဆေးဖက်ဝင် အပင်မျှ ဈေးကွက်တွင် တရားဝင်ခွင့်ပြု ရောင်းချနေခြင်း မရှိသေးကြောင်း၊ မည်သည့် ဆေးဝါးကုမ္ပဏီက မှလည်း စျေးကွက်မှာ တရားဝင်ထုတ်လုပ် ရောင်းချတာ ယနေ့အထိ မရှိသေးကြောင်း ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာဝင်းအောင်ရဲ့ “မြွေဆိပ်သင့်ခြင်းနှင့် ဆေးဖက်ဝင်အပင်များ၏ အခန်းကဏ္ဍ” ဆောင်းပါးမှာ ရေးသားထားပါတယ်။


    ဆောင်းပါးထဲမှာ အဆိပ်ရှိမြွေ အကိုက်ခံရတိုင်းလည်း မြွေဆိပ်သင့်တာ မဟုတ်ကြောင်း၊ အဆိပ်ပမာဏ များစွာဝင်မှသာ လျှင် မြွေဆိပ် တက်နိုင်ကြောင်း၊ အဆိပ်ရှိမြွေ အကိုက်ခံရမှုရဲ့ ၄၄ ရာခိုင်နှုန်းသာ အန္တရာယ်ပြုနိုင်လောက်တဲ့ မြွေဆိပ် ပမာဏဝင်ပြီး အသက် သေဆုံး နိုင်တာ ဖြစ်ကြောင်း၊ ဒါကြောင့် တချို့မြွေကိုက်ခံရမှုတွေမှာ မြွေဆိပ်ဖြေဆေးထိုးနှံမှု (သို့မဟုတ်) ဆေးမကုသပဲ အလိုအလျောက် ပြန်ကောင်းသွားတာ ဖြစ်ကြောင်း၊ သို့ပေမယ့် အဆိပ်ရှိမြွေ အကိုက်ခံရသူ တွေမှာ မှန်ကန်ထိရောက်တဲ့ မြွေဆိပ်ဖြေဆေး အချိန်မီ သတ်မှတ် ပမာဏ မရရှိပါက ရာနှုန်းပြည့် အသက်အန္တရာယ် ကြုံတွေ့နိုင်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

    ဒါ့အပြင်မြန်မာနိုင်ငံမှာ ၁၉၆၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း ဆေးသုတေသန ဦးစီးဌာနမှာ မြွေဆိပ်သင့်ခြင်းအတွက် စနစ်တကျ သုတေသန ပြုလုပ်ထားတဲ့ ဆေးဖက်ဝင် အပင်တွေ ရှိပေမယ့် ဒီဆေးဖက်ဝင်အပင်တွေရဲ့ ဘေးထွက်ဆိုးကျိုး တွေနဲ့ အဆိပ် ချေဖျက်နိုင်တဲ့ ဆေးပမာဏ အတိအကျကို ဖော်ထုတ်တင်ပြနိုင်ခြင်း မရှိသေးကြောင်းနဲ့ မြွေဆိပ်သင့် လူနာတွေပေါ်မှာ အမှန်တကယ် အစွမ်း အာနိသင် ရှိ၊ မရှိ ဆိုတာတွေက စမ်းသပ်ပြီး သုတေသန ပြုလုပ်ဖို့ လိုအပ်ဦးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဒေါက်တာဝင်းအောင် (သုတေသီ) ရေးသားခဲ့တဲ့ ဆောင်းပါးအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    မြွေဆိပ်ဖြေဆေး၊ ပြေဆေးတွေနဲ့ ဆက်စပ်ပြီး BOOM အနေနဲ့ မကြာခန ရေးသားဖော်ပြခဲ့ပြီးလည်း ဖြစ်ပါတယ်။

    'သခွပ်ပင်အခေါက်ဟာ မြွေဆိပ်ဖြေပေးနိုင်သလား' ဆိုတဲ့ သတင်းဆန်းစစ်ချက်နဲ့ 'ကျီးအာသီးပင်က မြွေဆိပ်ဖြေနိုင်တယ် ဆိုတဲ့ အချက်အလက်အမှား' ဆိုတဲ့ သတင်းဆန်းစစ်ချက် အကြောင်းအရာတွေကို ဒီနေရာ နဲ့

    ဒီနေရာ တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    Tags

    မြွေဆိပ်ဖြေဆေးမြွေဆိပ်ဖြေသတင်းတုသတင်းမှားFakenewssnake venomMisinformation
    Read Full Article
    Claim :   တိမ်ကြာပင်လို့ခေါ်တဲ့ အပင်ရဲ့အမြစ်က မြွေဆိပ်ဖြေနိုင်တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!