BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သခွပ်ပင်အခေါက်ဟာ...
သတင်းအတု

သခွပ်ပင်အခေါက်ဟာ မြွေဆိပ်ဖြေပေးနိုင်သလား

သခွပ်ပင်ဟာ အဆိပ်ပြင်းမြွေတွေရဲ့ အဆိပ်ကို ဖြေပေးနိုင်တဲ့အပြင် အခြားအဆိပ်ရှိ သတ္တဝါတွေ အကိုက်ခံရလျှင်လည်း ပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  6 April 2023 8:37 AM IST
  • သခွပ်ပင်အခေါက်ဟာ မြွေဆိပ်ဖြေပေးနိုင်သလား

    ဒီအကြောင်းအရာကို ပြီးခဲ့တဲ့နှစ် အစောပိုင်းကတည်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ယခုနှစ်မတ်လကုန်ပိုင်းမှာ ထပ်မံဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ‘အဆိပ်အားလုံးရဲ့ ဖြေဆေး မြွေဆိပ်နိုင်တဲ့ ဟင်းငုတ်ပင် (ခ) သခွပ်ပွင့်’ လို့ရေးသားကာ အောက်မှာ မြွေပွေး၊ မွေဟောက်၊ ငန်းတော်ကျားနဲ့ ငန်းမြွေတွေ အကိုက်ခံရလျှင် သခွပ်ပင်အခေါက်ကို အမြန်ဝါးစားပါက အဆိပ်မရှိတော့ကြောင်း၊ သခွပ်ပွင့်ကို ရှေးယခင်ကပင် ကလေးတွေကို ရောဂါကင်းဖိုနဲ့ အဆိပ်အတောက်ကင်းအောင် သုပ်ကျွေးကြောင်း၊ ဘီပိုး စီပိုးပျောက်ကင်းကြောင်း၊ ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်လျှင် သခွပ်ရွက်ကျွေးပါက တစ်ရက်နဲ့ ပျောက်ကြောင်း၊ မြွေပွေး၊ မြွေဟောက်ကိုက်ခံရသူများ အခေါက်စားသွားပါက ဆေးရုံရောက်တဲ့အခါ အဆိပ်မရှိတော့ကြောင်း၊ လက်သန်းမြွေပွေးကိုက်ခံရသူ တစ်ဦးကတော့ ဆေးရုံ မသွားတော့ဘဲ အခေါက်စားပြီး အရွက်နဲ့ စည်းထားခဲ့ကြောင်း ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မြွေကိုက်ခံလူနာတွေ သခွပ်ပင်အခေါက်ကို ဝါးစားပါက အဆိပ်မရှိတော့ဘူးလို့ ရေးသားဖြန့်ဝေနေတာတွေဟာ အချက်အလက်အမှား တွေပဲ ဖြစ်ပါတယ်။

    သခွပ်ပင်က မြွေဆိပ်နဲ့ အခြားအဆိပ်တွေကို ကုသနိုင်တယ်ဆိုပြီး သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်မှု လုပ်ထားတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ မရှိသေးပါ။

    ကမ္ဘာတစ်ဝန်းမှာ မြွေ ကိုက်ရောဂါနဲ့ ပက်သက်ပြီး အာနိသင်အစွမ်းထက်ပါတယ်ဆိုတဲ့ ဆေးဖက်ဝင်အပင်ပေါင်းများစွာကို စနစ်တကျ စမ်းသပ် သုတေသနပြုလုပ်တင်ပြချက်များစွာရှိကြောင်း၊ မြန်မာနိုင်ငံမှာလည်း မြွေကိုက်၊ မြွေဆိပ်သင့်ခြင်းကိုကာကွယ်နိုင်တယ်ဆိုပြီး လူအများ ပြောနေတဲ့ မြန်မာ့ဆေးဖက်ဝင် အပင်တွေများစွာရှိကြောင်း၊ သို့သော် မည်သည့် ဆေးဖက်ဝင်အပင်မျှ ဈေးကွက်တွင် တရားဝင်ခွင့်ပြု ရောင်းချနေခြင်း မရှိသေးကြောင်း၊ မည်သည့် ဆေးဝါးကုမ္ပဏီကမှလည်း စျေးကွက်မှာ တရားဝင်ထုတ်လုပ် ရောင်းချတာ ယနေ့အထိ မရှိသေးကြောင်း ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာဝင်းအောင်ရဲ့ “မြွေဆိပ်သင့်ခြင်းနှင့် ဆေးဖက်ဝင်အပင်များ၏ အခန်းကဏ္ဍ” ဆောင်းပါးမှာ ရေးသားထားပါတယ်။


    ၂၀၁၉ ခုနှစ် အတွင်း အစိုးရသတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ ဒေါက်တာဝင်းအောင် (သုတေသီ) ရေးသားခဲ့တဲ့ ဆောင်းပါးထဲမှာ မြန်မာနိုင်ငံတွင်၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နှစ်စဉ်လူဦးရေ ၉၀ဝ၀ ခန့် မြွေကိုက်ခံရပြီး အကိုက်ခံရသူတွေရဲ့ ၆၀ဝ ခန့်(၇ ရာခိုင်နှုန်းခန့်) မှာ အသက်ဆုံးရှုံးရကြောင်း၊ မြန်မာနိုင်ငံတွင် မြွေအမျိုးအစား ၁၅၀ ခန့်ရှိပြီး အဆိပ်ပြင်းသော မြွေဆိုးအမျိုးအစားပေါင်း ၅၀ ခန့် ရှိရာ ၉၀ ရာခိုင်နှုန်းမှာ မြွေပွေးများဖြစ်ကြောင်း၊ အဆိပ်ရှိမြွေ အကိုက်ခံရတိုင်းလည်း မြွေဆိပ်သင့်တာ မဟုတ်ကြောင်း၊ အဆိပ်ပမာဏ များစွာဝင်မှသာလျှင် မြွေဆိပ်တက်နိုင်ကြောင်း၊ အဆိပ်ရှိမြွေ အကိုက်ခံရမှုရဲ့ ၄၄ ရာခိုင်နှုန်းသာ အန္တရာယ်ပြုနိုင်လောက်တဲ့ မြွေဆိပ်ပမာဏဝင်ပြီး အသက်သေဆုံးနိုင်တာ ဖြစ်ကြောင်း၊ ဒါကြောင့် တချို့ မြွေကိုက်ခံရမှုတွေမှာ မြွေဆိပ်ဖြေဆေးထိုးနှံမှု (သို့မဟုတ်) ဆေးမကုသပဲ အလိုအလျောက် ပြန်ကောင်းသွားတာဖြစ်ကြောင်း၊ သို့ပေမယ့် အဆိပ်ရှိမြွေ အကိုက်ခံရသူတွေမှာ မှန်ကန်ထိရောက်တဲ့ မြွေဆိပ်ဖြေဆေး အချိန်မီ သတ်မှတ်ပမာဏ မရရှိပါက ရာနှုန်းပြည့် အသက်အန္တရာယ် ကြုံတွေ့နိုင်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံတွင် ၁၉၆၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဆေးသုတေသန ဦးစီးဌာနမှာ မြွေဆိပ်သင့်ခြင်းအတွက် စနစ်တကျ သုတေသနပြုလုပ်ထားတဲ့ ဆေးဖက်ဝင် အပင်တွေရှိပေမယ့် ဒီဆေးဖက်ဝင်အပင်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ အဆိပ်ချေဖျက်နိုင်တဲ့ ဆေး ပမာဏအတိအကျကို ဖော်ထုတ်တင်ပြနိုင်ခြင်း မရှိသေးကြောင်းနဲ့ မြွေဆိပ်သင့် လူနာတွေပေါ်မှာ အမှန်တကယ် အစွမ်း အာနိသင်ရှိ၊ မရှိ ဆိုတာတွေကစမ်းသပ်သုတေသနပြုလုပ်ဘို့ လိုအပ်ဦးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဒေါက်တာဝင်းအောင် (သုတေသီ) ရေးသားခဲ့တဲ့ ဆောင်းပါးအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    AlumMOHSMyanmarSocial MediaViperSnakeSnake Biteသခွပ်ပင်မြွေဆိပ်ဖြေDolichandrone spathaceasnake venomFakenews
    Read Full Article
    Claim :   သခွပ်ပင်ဟာ အဆိပ်ပြင်းမြွေတွေရဲ့ အဆိပ်ကို ဖြေပေးနိုင်တဲ့အပြင် အခြားအဆိပ်ရှိ သတ္တဝါတွေ အကိုက်ခံရလျှင်လည်း ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!