BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကျီးအာသီးပင်က...
သတင်းအတု

ကျီးအာသီးပင်က မြွေဆိပ်ဖြေနိုင်တယ်ဆိုတဲ့ အချက်အလက်အမှား

ကျီးအာသီးပင်ရဲ့ ဥကို အစိမ်းတိုင်းစားပါက မြွေပွေးအပါအဝင် အဆိပ်ရှိမြွေတွေရဲ့ အဆိပ်တွေဖြေနိုင်တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  9 Sept 2023 9:45 AM IST
  • ကျီးအာသီးပင်က မြွေဆိပ်ဖြေနိုင်တယ်ဆိုတဲ့ အချက်အလက်အမှား

    ဒီအကြောင်းအရာကို ‘လက်တွေ့အသုံးချဆေးနည်းများ’ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၃ ရက်နေ့ နေ့လည်ပိုင်းမှာ ဖြန့်ဝေ ထားတာဖြစ်ပြီး ၂၄ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေမှု သောင်းကျော်ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ‘မြွေဆိပ်ဖြေဆေး ကျီးအာသီးပင်အစွမ်း’ လို့ ရေးသားကာ ဖြန့်ဝေထားတာပါ။ ပေးထားတဲ့ လင့်ထဲမှာတော့ ‘မြွေဆိပ် ဖြေဆေး။ ဆေးထိုးရွာ နွားထိုးကြီးမြို့နယ် မြင်းခြံမြို့က ကိုဇော်လတ်က သူတို့အရပ်မှာ ပိုးထိတိုင်းသုံးစွဲလေ့ရှိတဲ့ မြွေဆိပ်ဖြေဆေး ကိုပြောပြခဲ့ပါတယ်။ သူတို့ရွာမှာမြွေပွေးပေါပါတယ်။ တခြားမြွေဆိုးတွေ လည်းရှိပါတယ်တဲ့။ သူပြောတဲ့ဆေးပင်က "ကျီးအာသီးပင်" ပါ။ ဒီအပင်က သူတို့ဒေသမှာ ပေါက်ပါတယ်။အလေ့ကျပေါက်ပင်တွေပါ။ ဆေးအသုံးက"ပိုးထိတဲ့သူကိုကျီးအာသီးပင်ရဲ့ ဥကိုတူး ယူပြီး အစိမ်းတိုင်းစားခိုင်းတာပါပဲ။အဲဒီလိုစားလိုက်ရင် မြွေဆိပ်တွေပြေပြီး ဆေးရုံရောက်ရင်လည်း မြွေဆိပ်ရှာ မရတော့ပါဘူးတဲ့။ သူတို့ရွာမှာ အမြဲသုံးနေကြဖြစ်ပြီး ဒီဆေးကြောင့်တော့ အခုအထိ အဖိတ်အစင်မရှိသေးပါဘူးတဲ့။ ဘယ်မြွေမျိုးရဲ့ အဆိပ်ကိုမဆိုနိုင်တာ တွေ့ရပါ တယ်တဲ့။ သုတေသနပြုလုပ်ပြီး မြွေဆိပ်ဖြေဆေးထုတ်လုပ်နိုင်ခဲ့ရင် လယ်ယာလုပ်ငန်းခွင်မှာပိုပြီး အန္တရာယ်ကင်းစွာ လုပ်ကိုင် ဆောင်ရွက် နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဆေးနည်းပြောပြပေးတဲ့ ကိုဇော်လတ်ကို ကျေးဇူးတင်မိပါ တယ်ခင်ဗျား’ လို့ ရေးသား ထားတာပါ။

    တကယ်တော့ ဒီပိုစ့်ကို ပထမဆုံးဖြန့်ဝေထားတာ ၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ Shwe La Thar Win ဆိုတဲ့ ဖေစ့်ဘွတ် အကောင့်က ပထမဆုံးဖြန့်ဝေထားတာပါ။

    သူ့ရဲ့ ဖြန့်ဝေမှုကို ပြန်လည်ဖြန့်ဝေထားသူ နှစ်သောင်းလေးထောင်ကျော်လည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကျီးအာသီးပင်ရဲ့ ဥကို အစိမ်းတိုင်းစားပါက မြွေပွေးအပါအဝင် အဆိပ်ရှိမြွေတွေရဲ့ အဆိပ်တွေဖြေနိုင်တယ်ဆိုပြီး ဖြန့်ဝေနေတာ တွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    ကျီးအာသီးပင်ရဲ့ ဥ က မြွေဆိပ်နဲ့ အခြားအဆိပ်တွေကို ကုသနိုင်တယ်ဆိုပြီး သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်မှု လုပ်ထားတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ မရှိသေးပါ။

    တခါတရံမှာ အဆိပ်ရှိမြွေ အကိုက်ခံရပေမယ့် အဆိပ်မတက်တဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကတော့ dry bite လို့ ခေါ်တဲ့ အဆိပ်မထိုးသွင်းပဲ ခြောက်လှန့်ရုံ အကိုက်ခံရလို့ပဲ ဖြစ်ပါတယ်။ ဒီလို အဆိပ်မထိုးသွင်းပဲ အကိုက်ခံရချိန် ခုဖြန့်ဝေနေတဲ့ သစ်ဥ၊ သစ်ဖုတွေနဲ့ ကုသတာနဲ့ တိုက်ဆိုင်ပြီး မြွေဆိပ် ပျောက်ကင်းတယ်၊ မြွေဆိပ်ဖြေနိုင်တယ် ဆိုပြီး ဖြန့်ဝေနေတာပါ။

    ကမ္ဘာတစ်ဝန်းမှာ မြွေ ကိုက်ရောဂါနဲ့ ပက်သက်ပြီး အာနိသင်အစွမ်းထက်ပါတယ်ဆိုတဲ့ ဆေးဖက်ဝင်အပင်ပေါင်းများစွာကို စနစ်တကျ စမ်းသပ် သုတေသနပြုလုပ်တင်ပြချက်များစွာရှိကြောင်း၊ မြန်မာနိုင်ငံမှာလည်း မြွေကိုက်၊ မြွေဆိပ်သင့်ခြင်းကိုကာကွယ်နိုင်တယ်ဆိုပြီး လူအများ ပြောနေတဲ့ မြန်မာ့ဆေးဖက်ဝင် အပင်တွေများစွာရှိကြောင်း၊ သို့သော် မည်သည့် ဆေးဖက်ဝင်အပင်မျှ ဈေးကွက်တွင် တရားဝင်ခွင့်ပြု ရောင်းချနေခြင်း မရှိသေးကြောင်း၊ မည်သည့် ဆေးဝါးကုမ္ပဏီကမှလည်း စျေးကွက်မှာ တရားဝင်ထုတ်လုပ် ရောင်းချတာ ယနေ့အထိ မရှိသေးကြောင်း ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာဝင်းအောင်ရဲ့ “မြွေဆိပ်သင့်ခြင်းနှင့် ဆေးဖက်ဝင်အပင်များ၏ အခန်းကဏ္ဍ” ဆောင်းပါးမှာ ရေးသားထားပါတယ်။


    ဆောင်းပါးထဲမှာ အဆိပ်ရှိမြွေ အကိုက်ခံရတိုင်းလည်း မြွေဆိပ်သင့်တာ မဟုတ်ကြောင်း၊ အဆိပ်ပမာဏ များစွာဝင်မှသာလျှင် မြွေဆိပ် တက်နိုင်ကြောင်း၊ အဆိပ်ရှိမြွေ အကိုက်ခံရမှုရဲ့ ၄၄ ရာခိုင်နှုန်းသာ အန္တရာယ်ပြုနိုင်လောက်တဲ့ မြွေဆိပ်ပမာဏဝင်ပြီး အသက် သေဆုံး နိုင်တာ ဖြစ်ကြောင်း၊ ဒါကြောင့် တချို့မြွေကိုက်ခံရမှုတွေမှာ မြွေဆိပ်ဖြေဆေးထိုးနှံမှု (သို့မဟုတ်) ဆေးမကုသပဲ အလိုအလျောက် ပြန်ကောင်းသွားတာ ဖြစ်ကြောင်း၊ သို့ပေမယ့် အဆိပ်ရှိမြွေ အကိုက်ခံရသူတွေမှာ မှန်ကန်ထိရောက်တဲ့ မြွေဆိပ်ဖြေဆေး အချိန်မီ သတ်မှတ် ပမာဏ မရရှိပါက ရာနှုန်းပြည့် အသက်အန္တရာယ် ကြုံတွေ့နိုင်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

    ဒါ့အပြင်မြန်မာနိုင်ငံမှာ ၁၉၆၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း ဆေးသုတေသန ဦးစီးဌာနမှာ မြွေဆိပ်သင့်ခြင်းအတွက် စနစ်တကျ သုတေသန ပြုလုပ်ထားတဲ့ ဆေးဖက်ဝင် အပင်တွေ ရှိပေမယ့် ဒီဆေးဖက်ဝင်အပင်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ အဆိပ် ချေဖျက် နိုင်တဲ့ ဆေးပမာဏ အတိအကျကို ဖော်ထုတ်တင်ပြ နိုင်ခြင်း မရှိသေးကြောင်းနဲ့ မြွေဆိပ်သင့် လူနာတွေပေါ်မှာ အမှန်တကယ် အစွမ်း အာနိသင် ရှိ၊ မရှိ ဆိုတာတွေက စမ်းသပ်ပြီး သုတေသန ပြုလုပ်ဖို့ လိုအပ်ဦးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဒေါက်တာဝင်းအောင် (သုတေသီ) ရေးသားခဲ့တဲ့ ဆောင်းပါးအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    မြွေဆိပ်ဖြေဆေး၊ ပြေဆေးတွေနဲ့ ဆက်စပ်ပြီး BOOM အနေနဲ့ မကြာခန ရေးသားဖော်ပြခဲ့ပြီးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လ အတွင်း ကလည်း ‘အာတာလွတ်ပင်နဲ့ အာတာလွတ်ဥတွေက မြွေဆိပ်ဖြေနိုင်တယ်’ ဆိုပြီး ဖြန့်ဝေခဲ့တဲ့ အတွက် BOOM က သတင်းဆန်းစစ် ခဲ့ပါသေးတယ်။


    BOOM က သတင်းဆန်းစစ်ချက်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    the raven almondcure snake venomကျီးအာသီးပင်မြွေဆိပ်ဖြေဆေးdestroy snake venom
    Read Full Article
    Claim :   ကျီးအာသီးပင်ရဲ့ ဥကို အစိမ်းတိုင်းစားပါက မြွေပွေးအပါအဝင် အဆိပ်ရှိမြွေတွေရဲ့ အဆိပ်တွေ ဖြေနိုင်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!