BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထပ်တလဲလဲ ဖြန့်ဝေနေတဲ့ Bubble Tea...
သတင်းအတု

ထပ်တလဲလဲ ဖြန့်ဝေနေတဲ့ Bubble Tea နဲ့ ဆိုင်တဲ့ ကောလဟလတွေ

တရုတ်နိုင်ငံက ဆယ်ကျော်သက် ကလေးငယ်တစ်ဦး Bubble Tea သောက်‌ပြီး အစာမချေနိုင်လို့ ဆေးရုံတက် ခွဲစိတ်ရတယ်ဆိုတဲ့ အကြောင်းအရာအပါအဝင် Bubble Tea နဲ့ ပတ်သက်တဲ့ အချက်အလက်အမှားတွေကို နှစ်စဉ် ထပ်တလဲလဲ ပြန်လည်ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  22 Jun 2025 4:56 PM IST
  • ထပ်တလဲလဲ ဖြန့်ဝေနေတဲ့ Bubble Tea နဲ့ ဆိုင်တဲ့ ကောလဟလတွေ

    ဒီအကြောင်းအရာကို ဒီလအစောပိုင်းကစပြီး ဖေစ့်ဘွတ်ပေချ့်နဲ့ အကောင့်တွေမှာ ပြန်လည်ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေရာမှာ ၂၀၂၁ ခုနှစ် ဇွန်လအတွင်းက ဖြန့်ဝေခဲ့တဲ့ 'သောက်မိသူကို အသက်သေစေတဲ့ အထိဖြစ်စေနိုင်တဲ့ မစ်ရှိတ် အအေးဘူး က အလုံးလေးတွေရဲ့ အန္တရာယ်' ဆိုတဲ့ ပိုစ့်ကို ကူးယူပြီး ပြန်လည်ဖြန့်ဝေနေတာပါ။

    ဒီပိုစ့်ထဲမှာ 'Bubble Tea တွေဟာ သောက်မိသူကို အသက်သေစေတဲ့အထိ ဖြစ်စေကြောင်း၊ လူငယ် အများအပြားနဲ့ မိန်းကလေးတွေ နှစ်သက်ကြကြောင်း၊ Bubble အလုံးလေးတွေကို ပီလောပီနံနဲ့ ပြောင်းမှုန့် ရောကြိုပြီးတော့ သကြားနဲ့ သမအောင် လုံးထားတာဖြစ်ကြောင်း၊ အလုံး ၁ လုံးတိုင်းမှာ ၁၄ ကယ်လိုရီ ပါဝင်ပြီး အချိုရည်တစ်ဗူးမှာ အလုံး ၁၀၀ နီးပါး ပါတဲ့အတွက် ၁၄၀ဝ ကယ်လိုရီ ရှိကြောင်း၊ တရုတ်နိုင်ငံက ကျောင်းသူလေးတစ်ဦးဟာ Bubble Tea ကို ၅ နှစ်လောက် ဆက်တိုက် စားသံးခဲ့လို့ ဆေးရုံမှာ စစ်ကြည့်ချိန် အစာအိမ်မှာ အလုံးတွေ ကပ်နေတာကို တွေ့ရကြောင်း၊ တရုတ်နိုင်ငံက tapoica bubble တွေကို ဂျာမနီ ဓာတ်ခွဲခန်းမှာ ပေးပို့စစ်ဆေးစေတဲ့ အခါ အစေ့တွေဟာ ကားတာရာ အဟောင်း သားရေဖိနပ်တွေမှာ ပါတဲ့ ဓာတ်တွေပါဝင်တာ တွေ့ရကြောင်း၊ ဒါတွေဟာ အစာချေဖျက်မှုကို အနှောက်အယှက် ဖြစ်စေပြီး ကာလကြာ အစာမချေနိုင်ခဲ့လို့ အစာအိမ်နံရံတွေမှာ တွယ်ကပ်နေတာဖြစ်ကြောင်း’ တွေ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    BOOM အနေနဲ့ Bubble tea နဲ့ ပက်သတ်တဲ့ ကောလဟလ သတင်းအမှားတွေကို မကြာခန သတင်းဆန်းစစ်ထားခဲ့ပြီး ဖြစ်ပါတယ်။

    အခုဖြန့်ဝေနေတဲ့ အကြောင်းအရာဟာလည်း ယခင်နှစ်တွေက ဖြန့်ထားတဲ့ အကြောင်းအရာတွေကို ပြန်လည်ပြင်ဆင် ဖြတ်တောက်ပြီး ဖြန့်ဝေနေတာပါ။

    တရုတ်ပြည်က ဆယ်ကျော်သက်ကလေးငယ်တစ်ဦး အစာမချေနိုင်လို့ ဆေးရုံမှာ တက်ရောက်ခွဲစိတ်ခဲ့ရတယ်ဆိုတဲ့ သတင်းမှား၊ Bubble Tea အစေ့တွေကြောင့် လည်ချောင်းမှာ တစ်ဆို့ပြီး အသက်ရှူ ရပ်သွားသလို ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းမှား၊ ကလေးတစ်ဦး တစ်ရက်မှာ Bubble Tea နှစ်ခွက်နှုန်း သောက်ခဲ့တဲ့အတွက် ဆီးချိုကိုမာ ဖြစ်တယ်ဆိုတဲ့ သတင်းအမှားတွေကို BOOM က သတင်းဆန်းစစ်ပြီး ဖြစ်ပါတယ်။


    Bubble tea မှာပါတဲ့ အသီးလေးတွေကို အများအားဖြင့် ပလောပီနံနဲ့ လုပ်ထားပြီး ပါဝင်တဲ့ ပစ္စည်းတွေအကုန်လုံးက X-rays မှာသုံးတဲ့ ရေဒီယိုလှိုင်းတွေကို မတားဆီးပါဘူး။ ဒီအဓိပ္ပါယ်က ဒီပလောပီနံ အလုံးတွေကို CT scans ဒါမှမဟုတ် X-rays မှာ မမြင်နိုင်ပါဘူး။

    ဖြန့်ဝေနေတဲ့ ပိုစ့်ထဲမှာ ရေးသားထားတဲ့ Bubble tea အလုံးတွေ အူနံရံမှာ ကပ်နေတယ်ဆိုတာ အချက်အလက် မှားဖြစ်ပါတယ်။

    Bubble tea ထဲက အလုံးလေးတွေနဲ့ ပါတ်သတ်ပြီး Business Insider သတင်းဌာနက ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်မှာ ဖော်ပြခဲ့ရာမှာ Bubble tea မှာပါတဲ့ ပလောပီနံအလုံးလေးတွေဟာ ကာဗွန်ဟိုက်ဒရိတ် အဓိကပါဝင်တဲ့အတွက် လူအများစုမှာ လွယ်ကူစွာ အစာချေဖျက် နိုင်တယ်လို့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့် NYU Langone Health က ဆေးပညာ လက်ထောက်ပါမောက္ခ Dr. Rabia de Latour က ပြောကြားထားတယ်လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် ဒီဖြစ်စဉ်က Bubble tea က ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ အဓိပ္ပါယ် သက်ရောက်တာ မဟုတ်ကြောင်း ပြောထားပါတယ်။

    BOOM က သတင်းဆန်းစစ်ထားမှု အပြည့်အစုံကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    BOOM အနေနဲ့ ဒီရေးသားဖြန့်ဝေမှုတွေရဲ့ မူလအရင်းအမြစ်ကို ရှာကြည့်ရာမှာ ဒီသတင်းဟာ ပြီးခဲတဲ့ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ကမ္ဘာ့မီဒီယာတွေပေါ်မှာ ဖော်ပြခဲ့တဲ့ "တရုတ်မိန်းကလေးတစ်ဦး ၅ ရက်ကြာ ဗိုက်အောင့်တဲ့ ဝေဒနာခံစားခဲ့ရပြီး ဆေးရုံသွားပြရာမှာ အစာအိမ်ထဲမှာ Bubble tea ထဲက အလုံးလေးတွေကြောင့် ဖြစ်နေ" ဆိုတဲ့ သတင်းကို ကိုးကားရေးထားကြောင်း တွေ့ရပါတယ်။

    တရုတ်မီဒီယာတွေဖြစ်တဲ့ Shaoxing News သတင်းဌာနနဲ့ The paper သတင်းဌာနတွေရဲ့ ဖော်ပြချက်ကို ကိုးကားရေးသားထားတဲ့ "Chinese girl suffers from constipation for 5 days due to bubble tea pearls" ဆိုတဲ့ သတင်းမှာ ရေးသားထားတာက "၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ပုလဲမစ်ရှိတ်သောက်ပြီး ငါးရက်ကြာ ဗိုက်အောင့်လို့ မလှုပ်ရှားနိုင်ဖြစ်ရာက ဆေးရုံမှာ CT scan ဖတ်ကြည့်ရာ မစ်ရှိတ်ထဲက အလုံးလေးတွေဟာ အစာမချက်နိုင် ဖြစ်နေကြောင်း ရေးသားထားတာဖြစ်ပါတယ်။

    မူရင်းသတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    ဒီသတင်းကို ကမ္ဘာတစ်ဝန်းကမီဒီယာတွေမှာ ဖော်ပြခဲ့ပေမဲ့ သတင်းမှားမှန် စိစစ်နေတဲ့ တချို့မီဒီယာတွေအတွက်တော့ သံသယဖြစ်စရာ အကြောင်းတရပ်ပေါ်လာပါတယ်။

    ဒါကဘာလည်းဆိုတော့ သတင်းမှာပါဝင်တဲ့ ပုံတွေထဲက ဓါတ်မှန်ရိုက်ယူထားတဲ့ ပုံအပေါ်မှာ တချို့ဆရာဝန်တွေနဲ့ မီဒီယာတွေက မေးခွန်းထုတ်လာတာပါ။


    ပုံမှာမြင်တွေ့ရတဲ့အတိုင်း အနီရောင်ဝိုင်းပြထားတဲ့ နေရာတွေဟာ Bubble tea အလုံးလေးတွေ အစာအိမ်မှာ ကပ်နေတယ်ဆိုပြီး မူရင်းသတင်းမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပါတ်သတ်ပြီး မီယာမီ Nicklaus ကလေးဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ လီနာဖစ်လစ်ပ် က Live Science သတင်းဌာနနဲ့ အင်တာဗျူးမှာ ဒီလိုပြောထားပါတယ်။

    မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    "Bubble tea မှာပါတဲ့ အသီးလေးတွေကို အများအားဖြင့် ပလောပီနံနဲ့ လုပ်ထားပြီး ပါဝင်တဲ့ ပစ္စည်းတွေအကုန်လုံးက X-rays မှာသုံးတဲ့ ရေဒီယိုလှိုင်းတွေကို မတားဆီးပါဘူး။ ဒီအဓိပ္ပါယ်က ဒီပလောပီနံ အလုံးတွေကို CT scans ဒါမှမဟုတ် X-rays မှာ မမြင်နိုင်ပါဘူး။" လို့ ပြောထားတာပါ။


    ဒီအချက်ကို ထောက်ပြဝေဖန်တဲ့ မီဒီယာအများအပြားရှိခဲ့ပြီး ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ်ဖြစ်နိုင်တဲ့အချက်အနေနဲ့ တရုတ်နိုင်ငံက ဒီ bubble တွေပြုလုပ်သူတွေအနေနဲ့ ပလောပီနံ အလုံးတွေ ပြုလုပ်ရာမှာ CT scan မှာ ပေါ်တဲ့ အခြားပါဝင်ပစ္စည်းတွေ သုံးထားတာလည်း ဖြစ်နိုင်ကြောင်း ဒေါက်တာ လီနာဖစ်လစ်ပ်က ပြောထားပါသေးတယ်။

    Bubble tea ထဲက အလုံးလေးတွေနဲ့ ပါတ်သတ်ပြီး Business Insider သတင်းဌာနက ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်မှာ ဖော်ပြခဲ့ရာမှာ Bubble tea မှာပါတဲ့ ပလောပီနံအလုံးလေးတွေဟာ ကာဗွန်ဟိုက်ဒရိတ်အဓိကပါဝင်တဲ့အတွက် လူအများစုမှာ လွယ်ကူစွာ အစာချေဖျက်နိုင်ကြောင်း အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့် NYU Langone Health မှ ဆေးပညာလက်ထောက်ပါမောက္ခ Dr. Rabia de Latour က ပြောကြားထားတယ်လို့ ရေးသား ထားပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်က Bubble tea က ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ အဓိပ္ပါယ် သက်ရောက်တာ မဟုတ်ကြောင်း ပြောထားပါတယ်။

    မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    အထက်ပါ အချက်တွေအရ Bubble tea က ကျန်းမာရေးအတွက် အန္တရယ်ရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သကြားပါဝင်မှုများတဲ့အတွက် တော်သင့်ရုံသာ စားဘို့ ဆရာဝန်တွေက အကြံပေးထားတာပါ။ အထက်ပါ သတင်းမှာ ဖတ်ရှု့နိုင်ပါတယ်။

    ဒီရေးသားဖြန့်ဝေမှုမှာပါတဲ့ "တရုတ်နိုင်ငံက tapioca bubble တွေကို ဂျာမနီ ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးစေခဲ့တဲ့ အခါမှာတော့ အစေ့တွေဟာ ကားတာရာ အဟောင်း သားရေဖိနပ်တွေမှာ ပါတဲ့ ဓာတ်တွေကို တွေ့ခဲ့ရပါတယ်" ဆိုတဲ့ အချက်ဟာလည်း ကောလဟလ သတင်းသာဖြစ်တယ်လို့ Vice သတင်းဌာနမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖော်ပြထားပါတယ်။


    မူရင်းသတင်းကို ဒီနေရာ မှာဖတ်ရှု့နိုင်ပါတယ်။

    Tags

    Bubble Teaကျန်းမာရေးဗဟုသုတအမှားအချက်အလက်အမှားသတင်းတုFakenewshealt issue
    Read Full Article
    Claim :   ထပ်တလဲလဲ ဖြန့်ဝေနေတဲ့ Bubble Tea နဲ့ ဆိုင်တဲ့ ကောလဟလတွေ
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!