BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KNU နယ်မြေမှာ Gen Z တွေ...
သတင်းအတု

KNU နယ်မြေမှာ Gen Z တွေ သေဆုံးခဲ့တဲ့ဖြစ်စဉ်အဖြစ် ဖြန့်ဝေထားတဲ့ Video

သေဆုံးရုပ်အလောင်းတွေကို မြေမြုပ်နေတဲ့ Video file တစ်ခုကို KNU နယ်မြေရောက် Gen Z တွေလို့ ဖြန့်ဝေထားတဲ့ ဝါဒဖြန့်သတင်းတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  4 Oct 2021 7:29 PM IST
  • KNU နယ်မြေမှာ Gen Z တွေ သေဆုံးခဲ့တဲ့ဖြစ်စဉ်အဖြစ် ဖြန့်ဝေထားတဲ့ Video

    အဆိုပါ Video ကို ထိပ်ခေါင်မင်း ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၈ မိနစ်မှာ တင်ထားတာဖြစ်ပြီး "KNUနယ်မြေရောက် GZတို့အဖြစ် NUGမြင်တွေ့နိုင်ပါစေ" လို့ ရေးထားပါတယ်။ ၎င်း Video ဟာ ၁ မိနစ်နဲ့ ၂ စက္ကန့်ကြာမြင့်ပြီး သေဆုံးနေတဲ့ လူသေအလောင်း ၂၀ ကျော်ကို စစ်ဝတ်စုံအပြည့်ဝတ်ဆင်ထားတဲ့ သူ ၃ ယောက်နဲ့ ဘောလုံးဘောင်းဘီဝတ်ဆင်ထားသူ ၃ ယောက်တို့က မြေမြုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ သေဆုံးရုပ်အလောင်းတွေဟာ ရွံ့တွေပေကျံနေပြီး မြေပြင်ပေါ်တန်းစီချထားပါတယ်။ ၎င်းတန်းစီချထားတဲ့ သေဆုံးရုပ်အလောင်းတွေကို ကျင်းပုံစံတူးထားတဲ့ နေရာကို ရွံ့တွေကြားမှာ ဆွဲချပြီး မြေမြုပ်ဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။

    မူရင်းဖြန့်ဝေထားတဲ့ Video ကို ဒီမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားဖြန့်ထားတဲ့ Video ကို Like လုပ်ထားသူ ၃၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၅၀၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိပ်ခေါင်မင်း ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ KNU နယ်မြေရောက် Gen Z တွေဆိုပြီး သေဆုံးရုပ်အလောင်း ၂၀ ကျော်ကို မြုပ်နှံ့နေတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Gen Z တွေနဲ့ သက်ဆိုင်မှု မရှိတဲ့ Video ဖြစ်တာကို တွေ့ရပါတယ်။ အဆိုပါ Video မထွက်ပေါ်ခင်ထဲက KNU ထိန်းချုပ်နယ်မြေမှာ Gen Z တွေ အသတ်ခံထားရတယ်ဆိုတဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။

    ယခင်ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားတွေကို အောက်က Link မှာ ဖတ်ပါ။

    ဒီဗီဒီယိုတွေက ကေအန်ယူတပ်မဟာ ၆ နယ်မြေက ဖြစ်စဉ်မဟုတ်ပါ

    KNU တပ်မဟာ ၆ အကြောင်း ဖြန့်ဝေထားတဲ့ သတင်းအမှား

    ဒီ Video ထဲမှာပါတဲ့ အကြောင်းအရာဟာ မေလ ၃၁ ရက်နေ့ KNDO နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားပြီး သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ တည်ဆောက်ရေးလုပ်ငန်းခွင်က အရပ်သား ၂၅ ဦးကို ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) က သတ်ဖြတ်လိုက်တယ်လို့ ဇွန်လ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

    KNDO ကတော့ သေဆုံးခဲ့ရသူ ၂၅ ဦးဟာ လမ်းလုပ်သားယောင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်က လူတွေဖြစ်ပြီး စစ်ယူနီဖောင်းတွေအပါအဝင် အထောက်အထားတွေရရှိထားတယ်လို့ ၎င်းတို့သိမ်းဆည်းရမိတဲ့ တံဆိပ်တွေ အသုံးအဆောင်တွေနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

    KNDO က ဖြေကြားထားတဲ့ သတင်းကို အောက်ပါ link မှာ ဖတ်ပါ။

    မြဝတီ လူ ၂၅ ဦး သတ်ဖြတ်ခံရမှု KNDO ရှင်းလင်းချက်




    Tags

    false newsGen ZKNU control areaCoupMilitaryသတင်းအတုစစ်ကောင်စီPDF
    Read Full Article
    Claim :   ထိပ်ခေါင်မင်း ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ KNU နယ်မြေရောက် Gen Z တွေဆိုပြီး သေဆုံးရုပ်အလောင်း ၂၀ ကျော်ကို မြုပ်နှံ့နေတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေး
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!