BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KNU တပ်မဟာ ၆ အကြောင်း ဖြန့်ဝေထားတဲ့...
သတင်းအတု

KNU တပ်မဟာ ၆ အကြောင်း ဖြန့်ဝေထားတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ KNU တပ်မဟာ ၆ အကြောင်း ဖြန့်ဝေထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Aug 2021 2:52 PM IST
  • KNU တပ်မဟာ ၆ အကြောင်း ဖြန့်ဝေထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "ရက်စက်မှု့သရဖူဆောင်း ကော့ကရိတ်အရှေ့တောင်ခြမ်းက KNU တပ်မဟာ ၆ ယုတ်မာရက်စက်မှု့တွေကို နယ်မြေရှင်း တိုက်ခိုက်သုတ်သင်နေတဲ့ တပ်တွေ အဝင်မခံတာ ဒါကြောင်ကိုး KNU တပ်မဟာ၆ သူတို့နယ်မြေထဲ စစ်ကြောင်းတပ်မတော်နဲ့ ကရင်မင်းသားBGFတပ်တွေ ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ သိမ်းပိုက်မိတဲ့ လက်နက်.ခဲယမ်းအသုံး အဆောင်ပစ္စည်းတွေအပြင် လူသတ် မုဒိမ်းကျင့် မြှုပ်နှံထားတဲ့လူသေကျင်းတွေ အများကြီးတွေ့ရတယ် ခန့်မှန်း အလောင်းအရေအတွက် ၅၀၀ ကျော်ခန့် ရှိမည်ဟုခန့်မှန်းရ၏" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပြီး စစ်တပ်က တပ်မဟာ ၆ PDF စခန်းကို ဝင်သိမ်းခဲ့ကြောင်း၊ ဒီလိုဝင်သိမ်းတဲ့အခါမှာ မတူညီတဲ့ နေရာ ၉ ခုမှာ ပျက်ယွင်းနေတဲ့ အလောင်းပေါင်းများစွာ တွေ့ရကြောင်း၊ တချို့အလောင်းတွေဟာ ဦးခေါင်းတောင် မပါတော့ကြောင်း၊ တချို့ မိန်းခလေး အလောင်းတွေကို အဝတ်မဲ့နဲ့ ကြိုးတုပ် မုဒိန်းကျင့်ကာ သတ်ထားကြောင်း ၎င်း သတင်းအမှားထဲမှာ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ဖြန့်ချီထားတဲ့ KNU တပ်မဟာ ၆ နယ်မြေကို စစ်တပ်က သိမ်းယူပြီး သတ်ဖြတ်ထားတဲ့ အလောင်း ၅၀၀ ကျော်တွေ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    လက်ရှိအချိန်ထိ တပ်မဟာ ၆ နယ်မြေကို စစ်ကောင်စီတပ်တွေက သိမ်းယူနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကိုတော့ KNLA တပ်မဟာ ၆ က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Karen Information Center – KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။


    KIC သတင်းဌာန မှာဖော်ပြထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။

    ဒါ့အပြင် ရက်ပိုင်းအတွင်းမှာလည်း KNU တပ်မဟာ ၆ က PDF ၊ Gen Z တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီး PDF ၅၀ ကျော် ကျဆုံးခဲ့တယ် ဆိုတဲ့ သတင်းအမှား ထွက်ပေါ်လာသေးပါတယ်။ အဆိုပါ အကြောင်းအရာ နဲ့ ပတ်သက် KNU နယ်မြေ သတင်းပြန်ကြားရေးအဖွဲ့က သတင်းအမှားဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


    ဒူးပလားခရိုင်က ထုတ်ပြန်ချက်ကို ဒီမှာ ကြည့်ပါ။

    အဆိုပါ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေရောက်ရှိနေသူ တစ်ဦးက Online ပေါ်မှာ ပြန့်နေတဲ့ အကြောင်းအရာတွေဟာ သတင်းအမှားသာဖြစ်ပြီး အားလုံး လုံခြုံစွာ ရှိနေတယ်လို့ Boom Myanmar ကို ပြောပါတယ်။

    Tags

    false newsKNU Brigade 6Controlled areaCoupMilitaryသတင်းအတုPDF
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ဖြန့်ချီထားတဲ့ KNU တပ်မဟာ ၆ နယ်မြေကို စစ်တပ်က သိမ်းယူပြီး သတ်ဖြတ်ထားတဲ့ အလောင်း ၅၀၀ ကျော်တွေ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!