BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီဗီဒီယိုတွေက ကေအန်ယူတပ်မဟာ ၆...
သတင်းအတု

ဒီဗီဒီယိုတွေက ကေအန်ယူတပ်မဟာ ၆ နယ်မြေက ဖြစ်စဉ်မဟုတ်ပါ

မီးလောင်နေတဲ့မြင်ကွင်းတစ်ခု ပါဝင်တဲ့ Video တစ်ခုကို အသုံးပြုပြီး KNU ထိန်းချုပ်နယ်မြေက ချေမှုန်းခံရတဲ့ဖြစ်စဉ်အဖြစ်ရေးသားဖြန့်ဝေမှုတွေထွက်ပေါ်လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  26 Aug 2021 6:07 PM IST
  • ဒီဗီဒီယိုတွေက ကေအန်ယူတပ်မဟာ ၆ နယ်မြေက ဖြစ်စဉ်မဟုတ်ပါ

    အဆိုပါ Video ကို ဩဂုတ်လ ၂၄ ရက်နေ့မှာ "ဇာတိမာန်" ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ "မျိုးမြတ်မောင်" ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အဆိုပါ Video ကို တင်ထားတာဖြစ်ပြီးအခုလိုရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

    "မိုက်မဲမှုတွေရဲ့ ရလဒ်ပဲ။ တပ်မဟာ ၆ အခြေအနေပါ။ ဒါထက်ဆိုးတာတွေ ရှိသေးတယ်။ ထပ်တင်ပေးမယ်။ စစ်ဆိုတာဒါပဲ" လို့ ရေးသားထားပါတယ်။ အဆိုပါ Video ဆိုဟာ ၃၃ စက္ကန့်ကြာမြင့်ပြီး Tik Tok ပေါ်ဖြန့်ဝေတဲ့ Video အဖြစ်ပြန်လည် ဖြန့်ဝေထားပါတယ်။ ၎င်း Video ထဲမှာ မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပေါ်နေပြီး လူအများပြေလွှား လှုပ်ရှားနေတဲ့ မြင်ကွင်းတွေ တွေ့မြင်ရပါတယ်။ အဲ့ဒီ Video ထဲက လှုပ်ရှားမှုတွေကို Screen Shot ပြုလုပ်ပြီး ဓါတ်ပုံ ပုံစံနဲ့ ပြန်တင်ထားသူတွေလည်း ရှိနေပါတယ်။

    မူရင်း ဖြန့်ဝေထားတဲ့ Video ကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ Video တွေကို လူဦးရေ ရာနဲ့ချီပြီး Like လုပ်ထားကြသလို ထပ်ဆင့်ဝေမျှထားသူ ရာနဲ့ချီပြီး ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတဲ့ KNU တပ်မဟာ ၆ က အခြေအနေဆိုတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၎င်း Video ဟာ တူရကီနိုင်ငံက Video ဖြစ်ကြောင်း တွေ့ရပါတယ်။

    အဆိုပါ Video ထဲက အကြောင်းအရာဟာ ဇူလိူင်လ ၃၁ ရက်နေ့က တူရကီနိုင်ငံ Yinkin မှာ တောမီးလောင်ကျွမ်းစဉ်မှာ မီးငြိမ်းသတ်ဖို့ ကြိုးစားနေတဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ဖြစ်ပါတယ်။ ၎င်း Video ဟာ မြန်မာနိုင်ငံက Video မဟုတ်သလို KNU တပ်မဟာ ၆ က အခြေအနေလည်း မဟုတ်ပါဘူး။

    ဒါ့အပြင် Video အထဲမှာ ပြောထားတဲ့ ဘာသာစကားဟာ မြန်မာဘာသာ စကားလည်း မဟုတ်သလို ကရင်ဘာသာစကားလည်း မဟုတ်ပါဘူး။ ၎င်းတို့ တင်ထားတဲ့ မူရင်း Video ကို တူရကီဘာသာစကားနဲ့ ရေးသားထားတဲ့ Website တစ်ခုမှာ တင်ထားတာကို တွေ့ရသလို YouTube ပေါ်မှာလည်း ပြန်တင်ကြတာကို တွေ့ရပါတယ်။

    တူရကီဘာသာစကားနဲ့ တင်ထားတဲ့ မူရင်း Video ကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။



    Tags

    fake newsTurkeywildfireold videoKNU controlled areaCoupPDFMilitaryသတင်းအမှားတောမီး
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတဲ့ KNU တပ်မဟာ ၆ က အခြေအနေဆိုတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!