BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF အမျိုးသမီးတွေကို...
သတင်းအတု

PDF အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ပုတ်ခတ်ထားတဲ့ သတင်းအမှား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေတောထဲမှာ ၇၀ ရာခိုင်နှုန်းခန့် ကိုယ်ဝန်ဆောင်ထားရပြီး အတင်းအဓမ္မ ကိုယ်ဝန်ဖက်ချ ခံနေရတယ်ဆိုတဲ့ သတင်းအမှားတွေ ယခုရက်ပိုင်းအတွင်းထပ်မံဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  26 March 2022 9:34 PM IST
  • PDF အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ပုတ်ခတ်ထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို မတ်လ ၂၀ ရက်နေ့မှာ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက် စာမျက်နှာတွေပေါ် ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "PDF အဖွဲ့တွေအတွင်းမှာ တာ၀န်ထမ်းဆောင်နေတဲ့ အမျိုးသမီးအချို့ အတင်းအဓမ္မ ကိုယ်၀န် ဖျက်ချခိုင်းခြင်းခံနေရ" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ၎င်းသတင်းအမှားရဲ့ အတွင်းမှာတော့ "စကစ ကို တော်လှန်မယ်ဆိုပြီး လက်နက်ကိုင်ကာ တောခိုသွားတဲ့ PDF အမျိုးသမီးအချို့ တောတွင်းမှာ ၇၀ ရာခိုင်နှုန်းလောက် ကိုယ်၀န်တွေရနေကြပါတယ်။ ကိုယ်၀န်မယူဖို့ တားမြစ်ထားကြပေမယ့် တော်လှန်ရေးပြီး လို့ မြို့ကိုပြန်လာရင် လက်မထပ်ပဲ ပစ်ထားခံရမှာ ကြောက်သည့်အတွက် ကိုယ်၀န်ဆောင်ခဲ့ကြောင်းသိရ အဆိုပါ ကိုယ်၀န်ဆောင်များကို သူ့တို့စခန်းမှာရှိတဲ့ ခေါင်းဆောင်တွေက အတင်းအဓမ္မ ဖျက်ချခိုင်းနေပါတယ်။ ….." (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ကူးယူဖော်ပြခြင်း ထပ်ဆင့်မျှဝေခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ထားရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အထောက်အထားအခိင်အလုံမပါဝင်ပဲ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားတွေဖြစ်ကြောင်း ဖြစ်ကြောင်း တွေ့ရပါတယ်။

    လွတ်မြောက်နယ်မြေမှာရောက်ရှိနေတဲ့ အမျိုးသမီးတွေအပါအဝင် ထင်ရှားသူတွေနဲ့ပတ်သက်တဲ့ အလားတူသတင်းတွေကို စစ်ကောင်စီကိုထောက်ခံတဲ့ အကောင့်တွေနဲ့ Page တွေမှာ အကြိမ်ပေါင်းများစွာဖြန့်ဝေလေ့ရှိခဲ့ပြီး၊ Boom Myanmar က ဒီလိုသတင်းအမှားပေါင်းများစွာကို ပြီးခဲ့တဲ့လတွေကတည်းကစိစစ်တွေ့ရှိခဲ့ပါတယ်။

    ဒီလို သတင်းအမှားတွေကို ပြည်ခိုင်ဖြိုးပါတီ facebook group တွေ၊ စစ်တပ်ထောက်ခံသူရှိတဲ့ ဖေ့စ်ဘွတ် Group တွေမှာ ဖြန့်ဝေထားတာကို တွေ့ရပြီး ၎င်းတို့က ထိန်းချုပ်နယ်မြေရောက် အမျိုးသမီးတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူအဖြစ် သတင်းအမှားတွေနဲ့ အဆက်မပြတ် တိုက်ခိုက်လေ့ရှိပါတယ်။

    အခုလို PDF အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ထားရတယ်ဆိုတဲ့ သတင်းအမှားတွေဟာ ၂၀၂၁ ခုနှစ်ဩဂုတ်လ ခန့်ထဲက စစ်ကောင်စီ ထောက်ခံသူတွေဘက်က ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး လစဉ်လတိုင်းလိုလို ရေးသားဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် လူသိများကျော်ကြားတဲ့ သရုပ်ဆောင်တွေ အနုပညာရှင်တွေကိုလည်း လိင်းပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေအဖြစ် ပုံစံမျိုးစုံနဲ့ သတင်းအမှားတွေ ဖြန့်ခဲ့ကြတာကို တွေ့ရပါတယ်။

    ယမန်နှစ်ကနေ အခုချိန်ထိ PDF အမျိုးသမီးတွေ၊ လူသိများကျော်ကြားသူတွေ၊ သရုပ်ဆောင်တွေအပေါ် တိုက်ခိုက်လေ့ရှိတဲ့ သတင်းအမှားတွေကို အောက်ပါ Link တွေမှာ ဖတ်ပါ။

    KNU ထိန်းချုပ်နယ်မြေက မိန်းကလေးတွေကိုယ်ဝန်ဆောင်နေရတယ်ဆိုတဲ့ သတင်းအတု

    မြင်းမူ PDF အမျိုးသမီးတွေမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းအမှား

    မြနှင်းရည်လွင်အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားတဲ့ သတင်းအမှား

    မြနှင်းရည်လွင်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူအဖြစ် ပုံဖျက်တဲ့ သတင်းအမှား

    ထိန်းချုပ်နယ်မြေက မိန်းကလေးတွေအပေါ် ဒီလို သတင်းအမှားတွေ ဖြန့်လေ့ရှိတာနဲ့ ပတ်သက်ပြီး Boom Myanmar က KNU ထိန်းချုပ်နယ်မြေအတွင်း ရောက်ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးကို ဆက်သွယ်မေမြန်းကြည့်တဲ့အခါ "ညီမတို့ ဒီကို ရောက်နေတာ ၁ နှစ်ကျော်ပြီ။ ညီမတို့ဆို အစောဆုံးရောက်လာကြတဲ့ သူတွေထဲမှာပါတယ်။ အစကတော့ အိမ်က အမေက ပြန်လာခိုင်းတာတော့ ရှိတာပေါ့။ ဒီမှာရှိတဲ့ အကိုတွေ၊ အငယ်တွေနဲ့ အိမ်က အမေနဲ့ ဖုန်းတွေပြောရင် ညီမအရင်းလို နွေးနွေးထွေးထွေး စောင့်ရှောက်ကြတာ ပြောပြမှ အမေလည်း ပြန်လာဖို့ မပြောတော့ဘူး။ အရေးတော်ပုံ ပြီးတဲ့အထိလည်း ဒီမှာတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်။ ဒီမှာက တိုက်ပွဲဖြစ်တာ၊ လက်နက်ဖိုး၊ ရိက္ခာတွေ လိုအပ်တာက လွဲပြီး တစ်ခြား ဘာပြဿနာမှ မရှိဘူး။ မရှိအတူ ၊ရှိအတူပဲ" လို့ ပြောပါတယ်။

    Tags

    Fake newsPDFWomenMilitaryCoupKNUသတင်းအမှားထိန်းချုပ်နယ်မြေ
    Read Full Article
    Claim :   တောခိုသွားတဲ့ PDF အမျိုးသမီး ၇၀% ခန့် ကိုယ်ဝန်ဆောင်ထားကြပြီး အတင်းအဓမ္မ ဖျက်ချခိုင်းခံနေရ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!