BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြင်းမူ PDF အမျိုးသမီးတွေမှာ...
သတင်းအတု

မြင်းမူ PDF အမျိုးသမီးတွေမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းအမှား

By - Boom Live Myanmar |
Published -  22 Feb 2022 6:37 PM IST
  • မြင်းမူ PDF အမျိုးသမီးတွေမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းအမှား

    ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စစ်ကောင်စီတွေရဲ့ ဝင်ရောက်စီးနင်းမှုခံရပြီး ဖမ်းဆီးခံခဲ့ရတဲ့ မြင်းမူမြို့က PDF အမျိုးသမီးတွေထံမှာ ကိုယ်ဝန်ရှိကြောင်း တွေ့ရတယ် ဆိုတဲ့ သတင်းအမှားတွေကိုစစ်ကောင်စီထောက်ခံသူတွေရဲံအကောင့်တွေနဲ့ Page တွေကနေ ယခုရက်ပိုင်းအတွင်းဖြန့်ဝေခဲ့ကြပါတယ်။

    အဆိုပါ သတင်းအမှားကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ်ကို ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး ၎င်းသတင်းအမှားကို ဖြန့်ဝေရာမှာ စစ်ကောင်စီထံ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမျိုးသမီး (၇) ဦးနဲ့ အမျိုးသား (၃) ဦး ကို လက်နက်တွေနဲ့ အတူရိုက်ကူးထားတဲ့ ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပါတယ်။ အဆိုပါ ဓါတ်ပုံနဲ့အတူ "ယနေ့ဖမ်းမိသော PDF အကြမ်းဖက် မိန်းကလေး၇ ဦးအား ဆီးစစ်ရာ ၆ ဦး ကိုယ်၀န်ရှိကြောင်းသိရ" လို့ ရေးသားထားပါတယ်။ အချို့ဖေ့စ်ဘွတ်အကောင့်တွေက အဆိုပါ စာသားအပြင် ညစ်ညမ်းတဲ့ စာသား တချို့ပါ ရေးသားပြီး ဖြန့်ဝေနေကြပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ရာပေါင်းများစွာနဲ့ ထပ်ဆင့်ဝေမျှသူ၊ ကူးယူဖော်ပြသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီထံ ဖမ်းဆီးခံခဲ့ရတဲ့ PDF တပ်ဖွဲ့ဝင် အမျိုးသမီး ၇ ဦးကို စစ်ဆေးကြည့်ရာ ၆ ဦးမှာ ကိုယ်ဝန်ရှိနေတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ PDF တပ်ဖွဲ့ဝင် မိန်းကလေးတွေကို သိက္ခာကျဆင်းဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ ဓါတ်ပုံထဲက ဖမ်းဆီးခံထားရသူ ၁၀ ဦးဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် စံဒင်ကင်းကျေးရွာအနီးက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့စခန်းတစ်ခု စီးနင်းခံရပြီး PDF ရဲဘော်နှစ်ဦးကျဆုံးကာ ၁၀ ဦးဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ်က ဓါတ်ပုံတွေ ဖြစ်ပါတယ်။ အဲ့ဒီ ၁၀ ဦးထဲမှာ အမျိုးသမီး ၇ ဦး နဲ့ အမျိုးသား ၃ ဦးတို့ ပါဝင်တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်က ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၇နာရီခန့်မှာ စံဒင်ကင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက် ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ကာ အခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး လက်လုပ်သေနတ်တွေ အပါအဝင် ဆက်စပ်ပစ္စည်းတွေပါ သိမ်းဆည်း ခံခဲ့ရတယ်လို့ NUG အစိုးရရဲ့ သတင်းဌာနဖြစ်တဲ့ People's Spring (လူထုနွေဦး) က ထုတ်ပြန်ထားပါတယ်။

    People's Spring က ဖော်ပြထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

    စစ်ကောင်စီထံမှာ ဖမ်းဆီးခံရသူတွေဟာ စစ်ကြောရေးမှာ ရိုက်နှက် နှိပ်စက်ခံရပြီး တစ်ခါတစ်ရံ သေဆုံးတဲ့အထိပါ ကြုံရလေ့ရှိပါတယ်။စစ်ကောင်စီတပ်တွေကဖမ်းဆီးထိမ်းသိမ်းခံရတဲ့သူတွေထဲက တချို့အမျိုးသမီးတွေကို စစ်ကြာရေးမှာ လိင်ပိုင်းဆိုင်ရာကျုးလွန်တဲ့ဖြစ်စဉ်တွေရှိခဲ့ဖူးပါတယ်။ဒီအကြောင်းအရာတွေကို ဘီဘီစီဆောင်းပါး နဲ့ ဧရာ၀တီသတင်းဌာနက ရေးသားတဲ့ ဆောင်းပါး တွေမှာ လေ့လာနိုင်ပါတယ်။

    အခု ဖမ်းဆီးခံရတဲ့ မြင်းမူ PDF က အမျိုးသမီးတွေရဲ့ နောက်ဆက်တွဲသတင်းတွေကို စုံစမ်းလို့ မရသေးသလို မည်သည့် သတင်းဌာနကမှလည်း နောက်ဆက်တွဲ သတင်းတွေ ဖော်ပြထားခြင်း မရှိပါဘူး။ဒါ့အပြင် စစ်ကောင်စီ ထောက်ခံသူတွေဟာ တော်လှန်ရေး အင်အားစုဝင်တွေထဲက အမျိုးသမီးတွေကို ဒီလို သတင်းအမှားတွေနဲ့ မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။

    အာဏာသိမ်းပြီး ကာလ တစ်လျှောက်လုံးမှာ စစ်ကောင်စီထောက်ခံသူတွေက KNU ထိန်းချုပ်နယ်မြေရောက်နေတဲ့ မိန်းကလေးတွေ အဓမ္မကျင့်ခံရတာကြောင့် ကိုယ်ဝန်ရကြတယ်ဆိုတာမျိုး၊ သရုပ်ဆောင် မြနှင်းရည်လွင်နဲ့ ထားထက်ထက် တို့ အဓမ္မပြုကျင့်ခံရတာကြောင့် ကိုယ်ဝန်ဆောင်ကြရတယ်ဆိုတာမျိုးတွေကိုလည်း စစ်တပ်ထောက်ခံသူ တွေဖက်က အကြိမ်ပေါင်းမြောက်များစွာရေးသားဖြန့်ဝေကြပါတယ်။ ၎င်းတို့ ယခင်ဖြန့်လေ့ရှိတဲ့ သတင်းအမှားတွေကို အောက်ပါ Link မှာ ဖတ်ပါ။

    စစ်တပ်ထောက်ခံသူတွေ ဘယ်လိုသတင်းအမှားတွေဖြန့်နေလဲ



    Tags

    fake newsarrestMyinn Mu
    Read Full Article
    Claim :   ဖမ်းဆီးခံရတဲ့ မြင်းမူ PDF အမျိုးသမီးတွေမှာ ကိုယ်ဝန်ရှိနေ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!