BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြနှင်းရည်လွင်ကို...
သတင်းအတု

မြနှင်းရည်လွင်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူအဖြစ် ပုံဖျက်တဲ့ သတင်းအမှား

သရုပ်ဆောင်မြနှင်းရည်ဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရပြီ းဆိုးဆိုးရွားရွားအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ပုံဖျက်ရေးသားထားတဲ့အကြောင်းအရာတွေလူမှုကွန်ရက်ပေါ်မှာ ယခုကာလအတွင်းဖြန့်ဝေလာကြပါတယ်။

By - Boom Live Myanmar |
Published -  11 Oct 2021 9:13 PM IST
  • မြနှင်းရည်လွင်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူအဖြစ် ပုံဖျက်တဲ့ သတင်းအမှား

    အဆိုပါ အကြောင်းအရာမျိဲးကို အဲယ်အဲယ်မွှေး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ ၅ ရက်နေ့ ၈ နာရီ ၄၀ မိနစ်မှာ ရေးသားဖြန့်ဝေလာတာဖြစ်ပြီး မြနှင်းရည်လွင်ယခင်ကရိုက်ကူးထားဖူးတဲ့ ဓါတ်ပုံတွေနဲ့အတူ အဆိုပါသတင်းအမှားကို ဖြန့်ဝေထားတာဖြစ်ပါတယ်.

    မူရင်းရေးသားမှုတွေထဲမှာ "မြနှင်းရည်လွင်ဟာ တောတွင်းတနေရာမှာ ဘာသာခြားအမျိုးသားတယောက်ရဲ့ အလိုမတူဘဲ သားမယား ပြုကျင့်ခံခဲ့ရပြီ လက်ရှိအချိန်မှာ ထိုင်းနိူင်ငံအတွင်း ဖြစ်သလို နေထိုင်စားသောက် နေရတယ်လို့သိရပါတယ်" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၁၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူများရှိကာ တစ်ခြား ဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    သရုပ်ဆောင် မြနှင်းရည်လွင် အပေါ်တိုက်ခိုက်ထားတဲ့ သတင်းအမှားနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးဖို့ ထိန်းချုပ်နယ်မြေတွေမှာရှိသူတွေနဲ့ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ အဆိုပါ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပြီး ထိန်းချုပ်နယ်မြေက အနုပညာရှင် အမျိုးသမီးတွေကို ဒီလို သတင်းအမှားတွေနဲ့ မကြာခဏ တိုက်ခိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် သရုပ်ဆောင် မြနှင်းရည်လွင်ဟာ ထိုင်းနိုင်ငံမှာနေထိုင်နေတာ မဟုတ်ကြောင်းလည်းသိရပါတယ်။မြနှင်းရည်လွင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကမှ သူမရဲ့ ဖေ့စ်ဘွတ် မှာ တောထဲက သင်းခွေချပ်တစ်ကောင်ကို ကယ်ထားတဲ့ Video အတိုလေး တင်ထားခဲ့ပါသေးတယ်။

    RFA သတင်းဌာနနဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ကပြုလုပ်ထားတဲ့ အင်တာဗျူးမှာလည်း လက်နက်ကိုင်ထိန်းချုပ်နယ်မြေကိုသွားဖို့ လုံးဝ စိတ်ပိုင်းဖြတ်ပြီး ထွက်လာခဲ့တာဖြစ်ပြီး တောထဲမှာပဲ ဆက်လက်နေထိုင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဖြေကြားထားပါတယ်။RFA သတင်းဌာနကို ဖြေကြားထားတဲ့ အင်တာဗျူးသတင်းကို ဒီမှာ ကြည့်ပါ။


    Tags

    False newspersonal attackPDFArmed controlled areaCoupMilitaryသတင်းအမှား
    Read Full Article
    Claim :   သရုပ်ဆောင် မြနှင်းရည်လွင် အပေါ်တိုက်ခိုက်ထားတဲ့ သတင်းအမှားနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!