BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရွေးကောက်ပွဲနီးကပ်ချိန်...
သတင်းအတု

ရွေးကောက်ပွဲနီးကပ်ချိန် ဘာသာရေးလှုံ့ဆော်သည့် သတင်းအမှားများဖြန့်ဝေ

လူမှုကွန်ယက်ပေါ်မှာ LD ပါတီက OIC ဆီက ထောက်ပံ့ကြေးယူပြီး ပုဂံကို ယူနက်စကို ဝင်အောင် လုပ်ပေးခဲ့တယ်ဆိုတဲ့ သတင်းအမှား အပါအဝင် ဗလီတွေဆောက်ဖို့ရှိတယ်ဆိုတဲ့ သတင်းအမှားနဲ့လှုံ့ဆော်ရေးသားမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  2 Oct 2020 5:41 PM IST
  • ရွေးကောက်ပွဲနီးကပ်ချိန် ဘာသာရေးလှုံ့ဆော်သည့် သတင်းအမှားများဖြန့်ဝေ

    အဲ့ဒီ သတင်းအမှားကို တစ်လှေထဲစီး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီ ၈ မိနစ်မှာ ရေးတင်ထားတာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "OIC မှ ပုဂံကို ယူနက်စကို ပြုပေးပြီး ၂၀၂၂ "ဓမ္မရံကြီး"ဘုရားကို လူ ၄ ထောင်ဆန့် ဗလီဆောက်ရန် တူရကီနဲ့ သဘောတူထားတာ NLD ငြင်းရဲလား" လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူဟာ ၁၄၀၀ ကျော် ရှိနေပြီး ထပ်ဆင့်ဝေမျှနေကြဆဲ ဖြစ်ပါတယ်။

    စက်တင်ဘာလ ၃၀ ရက်နေ့ ည မှာပဲ အဲ့ဒီ ဖေ့စ်ဘွတ်အကောင့်က နောက်ထပ် သတင်းအမှား တစ်ပုဒ် ထပ်တင်ထားပါတယ်။ ပထမ တင်ထားတဲ့ သတင်းအမှားဟာ ဒုတိယ တင်ထားတဲ့ သတင်းအမှားနဲ့ အချိန် ၇ မိနစ်သာ ကွာပါတယ်။ ဒုတိယ သတင်းအမှားထဲမှာတော့ "ရန်ကုန်မြောက်ဒဂုံ မှာ လူထောင်ချီဆန့်ဗလီဆောက်ရန် တူရကီနဲ့သဘောတူထားတာ NLD ငြင်းရဲလား" လို့ ရေးသားထားပါတယ်။ အဲ့ဒီ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၁၀၀ နီးပါး ရှိနေပါတယ်။

    မူရင်း ရေးသားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    အထက်ပါရေးသားထားတဲ့ အချက်ထဲမှာ NLD ပါတီက OIC ဆီက ထောက်ပံ့ကြေး ယူထားတယ်လို့ အရင်ဆုံး စွပ်စွဲထားပါတယ်။ NLD ပါတီအပေါ် OIC နဲ့ ပတ်သက်ပြီး စွပ်စွဲမှုတွေ ဟာ ဇွန်လ ခန့်ကတည်း တကျော့ပြန် ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး အဆိုပါ ရေးသားမှုတွေအပေါ် NLD ပါတီ ဗဟို ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင် ဦးဟံသာမြင့် က NLD ပါတီဟာ OIC အပါအဝင် မည်သည့်နိုင်ငံခြား အထောက်ပံ့မှာ ယူခဲ့ဖူးခြင်း မရှိဘူးလို Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို အတည်ပြု ဖြေကြားခဲ့ဖူးသလို၊ ပါတီရဲ့ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း NLD ပါတီဟာ ကိုယ်စားလှယ်တွေရဲ့ လခ ၂၀ % နှုန်းနဲ့ ပါတီထောက်ခံသူတွေလှူဒါန်းရဲ့ ရံပုံငွေနဲ့ ရပ်တည်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

    ယခင် NLD ပါတီက OIC ဆီက ထောက်ပံ့ကြေး ယူခဲ့တယ်လို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို Boom ရဲ့ အချက်အလက် စစ်ဆေးမှုတွေကို ဒီမှာ ဖတ်နိုင်ပါတယ်။

    NLD ပါတီကို OIC က ထောက်ပံ့ကြေးရအောင် မဝေဝေနုက ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ သတင်းအတု

    NLD ပါတီက OIC ထံမှ ထောက်ပံ့ကြေးယူပြီး ကတိမတည်တဲ့အတွက် တရားစွဲခံတော့မယ်ဆိုတဲ့ သတင်းအတု

    ဒါ့အပြင် ယူနက်စကို အဖွဲ့ဆိုတာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ လို့ အဓိပ္ပါယ်ရပြီး ယူနက်စကိုရဲ့ ယဉ်ကျေးမှု ကော်မတီဝင် ၂၁ နိုင်ငံက ပုဂံကို ကမ္ဘာအမွေအနှစ်အဖြစ် ထည့်သွင်းဖို့ အတည်ပြုခဲ့ခြင်းသာ ဖြစ်ပါတယ်။ ပုဂံ ဟာ မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ယူနက်စကို စာရင်းဝင်ခဲ့တာ ဖြစ်ပြီး ၂၀၁၄ တုန်းက ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်း စတဲ့ မြို့(၃) မြို့က ပထမအကြိမ် ယူနက်စကို စာရင်ဝင်ခဲ့တာ ဖြစ်ပါတယ်။

    ယူနက်စကို စာရင်းဝင်ခြင်းဟာ ကမ္ဘာ့အမွေအနှစ်လို့ သတ်မှတ်ခံရတဲ့ ရှေးဟောင်း အဆောက်အအုံတွေကို ရေရည်ထိန်းသိမ်းဖို့ ယူနက်စကို ဆီက နည်းပညာအကူအညီတွေ ရရှိမှာ ဖြစ်တဲ့အပြင် ကမ္ဘာအမွေအနှစ်အဖြစ် သတ်မှတ်ခံရခြင်းအတွက် ခရီးသွားလုပ်ငန်းကို ပိုမို အကျိုးပြုစေမှာ ဖြစ်ပါတယ်။ ၎င်း သတင်းအမှား ဖြန့်ထားတဲ့ ဗလီဆောက်ခွင့်ရမယ် ဆိုတာဟာ လုံးဝ မဟုတ်ပါဘူး။အထက်ပါ ရေးသားမှုဟာ ၂၀၁၀၊ ၂၀၁၂ နဲ့ ၂၀၁၅ မတိုင်ခင်က ဘာသာရေးဆူပူမှု ဖြစ်အောင် သွေးထိုး လှုံ့ဆော်လေ့ရှိတဲ့ ရေးသားမှုမျိုးနဲ့ ဖြန့်ဝေတာကို တွေ့ရပါတယ်။

    ၎င်းရဲ့ ဒုတိယ သတင်းအမှားပိုစ့်မှာ ရေးထားတဲ့ မြောက်ဒဂုံမှာ လူထောင်ချီ ဆန့်တဲ့ ဗလီကြီး ဆောက်ဖို့ NLD နဲ့ သဘောတူ ထားတယ် ဆိုတာဟာလည်း ရွေးကောက်ပွဲ မတိုင်မီ NLD ပါတီအပေါ် လူထုထောက်ခံမှုကျအောင် သွေးထိုး လှုံ့ဆော်မှု သက်သက်သာ ဖြစ်ပါတယ်။

    အဆိုပါ သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာလည်း မည်သူမည်ဝါမှန် ဖော်ပြထားခြင်း မရှိတဲ့ အကောင့်ပုန်း တစ်ခု ဖြစ်တာကို တွေ့ရပြီး NLD ပါတီကို သတင်းအမှားဖြန့် တိုက်ခိုက်ပြီး နိုင်ငံရေး အမြတ်ထုတ်နေတာကို တွေ့ရပါတယ်။

    Tags

    False newsattacked the NLDusing religiouselectionရွေးကောက်ပွဲဘာသာရေးလှုံ့ဆော်သတင်းအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ NLD ပါတီက OIC က ထောက်ပံ့ကြေးယူပြီး ပုဂံကို ယူနက်စကို ဝင်ခွင့်ရအောင်ပြုလုပ်ပြီး ဗလီ ဆောက်လုပ်ပေးဖို့ သဘောတူထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!