BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ပါတီကို OIC က...
သတင်းအတု

NLD ပါတီကို OIC က ထောက်ပံ့ကြေးရအောင် မဝေဝေနုက ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ သတင်းအတု

၂၀၂၀ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ နီးကပ်လာချိန် ဘာသာရေးအသုံးချပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ နိုင်ငံရေး အမြတ်ထုတ်မှုတေ၊ သတင်းအမှားဖြန့်ပြီး ဝါဒဖြန့်ချီမှုတွေ နေ့စဉ်လိုလို တွေ့နေရပါတယ်။

By - Boom Live Myanmar |
Published -  17 July 2020 11:51 AM IST
  • NLD ပါတီကို OIC က ထောက်ပံ့ကြေးရအောင် မဝေဝေနုက ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ သတင်းအတု

    ဒီရက်ပိုင်း အတွင်းမှာ NLD ပါတီကို OIC က ထောက်ပံ့ကြေး ရအောင် မဝေဝေနုက ဆောင်ရွက်ပေး နေတယ်ဆိုတဲ့ သတင်းအမှားဖြန့်ဝေမှုတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ Min Shwe Thway ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုဟာ ဇူလိုင်လ ၇ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်မှာ ထာဝရ ရင်ထဲကတပ်မတော်ဆိုတဲ့ Facebook Group ထဲမှာ ဝါဒဖြန့်ချီထားတဲ့ သတင်းအမှား တစ်ပုဒ် တင်ထားပါတယ်။ အဲ့ဒီ သတင်းအမှားထဲ "ဆလံပါရှင့် ယုံကြည်လေးစားရတဲ့ OIC.ရုံးခွဲတာဝန်ခံကြီးရှင့်၊ ကျွန်မကတော့,မြန်မာနိုင်ငံမှာရိုဟင်ဂျာ တိုင်းရင်းသားအရေးလှုပ်ရှားနေသော ဝေဝေနု.ဖြစ်ပါတယ်ရှင့်။ လက်ရှိ NLD အစိုးရသက်တမ်းမှာလူကြီးမင်းတို့အဖွဲ့ ကြီး၏ကူညီပံ့ပိုးမှုကြောင့်လည်းကေါင်း၊ မြန်မာ့ဒီမိုကရေစီရေးနှင့်တန်းတူညီမျှမှု ရှိရေးကိုစိတ်ဝင်တစား၊ လှုပ်ရှားဆောင် ရွက်ပေးကြတဲ့ NLD.ပါတီဝင်များ၏ ကူညီဆောင်ရွက်မှုကြောင့် လည်းကောင်း၊ ကျွန်မတို့ရဲ့မြင့်မြတ်သောအစ္စလာမ်ဘါသာကြီးအနေဖြင့် ပွဲဦးထွက်မှာအရှိန်အဟုန်ဖြင့်လှုပ်ရှားဆောင်ရွက်နိုင်ယုံမက၊ NLD.ပါတီမှဗုဒ္ဓဘါသာဝင်များအပေါ်ပါ လွှမ်းမိုးနိုင်မှုများရှိခဲ့တာကို ရုံးခွဲတာဝန် ခံကြီးအပါအဝင် OICဆလံလူကြီးများ သိရှိပြီးဖြစ်ပါသည်ရှင့်။ မကြာမီကျင်းပ တော့မည့် ပါတီစုံရွေးကောက်ပွဲကြီးမှာ ကျွန်မတို့ဘာသာဝင်များအနေဖြင့်၊မိမိ ကိုယ်တိုင်ပါတီတည်ထောင်၍မဲဆန္ဒနယ်(၄၀)တွင်လည်းကေါင်း၊ NLD.ပါတီ ရဲ့မဲဆန္ဒနယ်အချို့မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ကျွန်မတို့အစ္စလါမ်ဘါသါ ဝင်ကိုယ်စားလှယ်များသည် (၂၅%)မှ အခြေအနေပေးပါက(၅၀%)ကျော်ထိ ပါဝင်နိုင်ရေးကိုလျာထား ဆောင်ရွက် ပြီးလည်းဖြစ်ပါသည်ရှင့်။ ယခုအခါ၌ အတိုက်အခံအင်အားစုများ , ပါတီရဲ့ အလွဲအမှားအချို့ကြောင့် NLD.ပါတီ သည် မဲအပြတ်နိုင်ရန်မဖြစ်နိုင်ပါ ။ လက်ရှိထေါက်ခံမှုများကျဆင်းလျက် ရှိနေသော်လည်း,ထေါက်ခံနေဆဲအင် အားများကိုထိန်းထားရန်နှင့်ရွေးချယ် ပွဲနီးကပ်လာပါက လူထုမှမျက်နှာလွှဲ မသွားကြရန်အရေးတကြီးလိုအပ်နေ ပြီး ၊ လက်ရှိသုံးနေသော,မီဒီယာအင် အားထက်တိုးချဲ့ဆေါင်ရွက်ခြင်းအပါ အဝင်,မဲဆန္ဒရှင်ပြည်သူများ၊မိတ်ဖက် အဖွဲ့အစည်းဝင်များ၊မဲဆွယ်ရေးတက် ကြွလှုပ်ရှားသူများအားထောက်ပံ့နိုင် ရန်အတွက် ငွေကြေးလိုအပ်ချက်.ရှိ လာခဲ့ပြီဖြစ်ပါသည်ရှင့် ။ သို့အတွက် ကြောင့် ၂၀၁၅.ရွေးကောက်ပွဲကာလ ထောက်ပံ့မှုပမာဏထက် နှစ်ဆတိုး ၍ NLD.ပါတီအားထေါက်ပံ့ပေးနိုင်ပါ က မဲအေါင်နိုင်ရေးနှင့်အတူတကွရရှိ ကြမည့် ရိုဟင်ဂျာအရေး,အစ္စလာမ် ဘာသာတိုးချဲ့ရေး တို့အတွက် ကြီး မြတ်သောအထောက်အပံ့ကောင်းဖြ စ်နိုင်ပါကြောင်းစိစစ်သုံသပ်၍တင်ပြ အပ်ပါသည်ရှင့်။ရွေးကောက်ပွဲမတိုင် မီထူးခြားသတင်း အခြေအနေများကို ဆက်၍အစီရင်ခံသွားပါမည်ရှင့် ။တာဝန်ခံကြီးနှင့်တကွ OIC.အဖွဲ့ဝင်နိုင်ငံ သူနိုင်ငံသါးများ အကြီးအကဲများအါး လုံးစိတ်ရွှင်လန်းကြပါစေ။ အလ္လာဟ် အစ္စလာမ့်သာသနာ ကမ္ဘာကိုလွှမ်းခြုံ နိုင်ရမည်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားဖြန့်ဝေထားတဲ့ Min Shwe Thway ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် ဆန်းစစ်ကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ ဝါဒဖြန့်ချီထားတဲ့ သတင်းအမှားတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    ဒါ့အပြင် ၎င်းသတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ လူများတဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲကို ထပ်ဆင့်ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    Min Shwe Thway ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားဖော်ပြထားတဲ့ NLD ပါတီကို OIC က ထောက်ပံ့ကြေးရအောင် မဝေဝေနု က ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ သတင်းအမှား ဖြန့်ဝေခံရတဲ့ ကာယကံရှင်ဖြစ်သူ မဝေဝေနု နဲ့ NLD ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်တို့ကို ဆက်သွယ် မေးမြန်းထားပါတယ်။

    အဆိုပါ သတင်းတွေဟာ ဝါဒ ဖြန့်ချီထားတဲ့ သတင်းအမှားသာ ဖြစ်တယ်လို့ ဦးဟံသာမြင့်က ပြောပါတယ်။ ဒီသတင်းတွေနဲ့ ပက်သက်ပြီး "အဲ့ဒါကတော့ ဘယ်လိုမှ အခြေအမြစ်မရှိတဲ့ အောက်တန်းကျတဲ့ သတင်းပါ။ ကျွန်တော်တို့က OIC ဆီကလည်း မဟုတ်ဘူး။ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ ယူလို့မရပါဘူး။ အဲ့ဒါကတော့ ပါတီတင် မကပါဘူး၊ ကျွန်တော်တို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထဲမှာ ပါပြီးသားပဲ။ အဲ့အတိုင်း လိုက်နာနေရတာ။ ပါတီက ဘယ်နိုင်ငံခြားက အကူအညီမှ ယူလို့ မရပါဘူး၊ အဖွဲ့အစည်းက မပြောနဲ့ လူဆီကတောင်မှ ကျွန်တော်တို့က နိုင်ငံခြားငွေဆို ယူလို့မရပါဘူး" လို့ Boom Myanmar ပြောပါတယ်။

    သတင်းအမှား ဖြန့်ဝေခံရတဲ့ ကာယံကံရှင် ဖြစ်သူ မဝေဝေနုက "ပထမဦးဆုံးပြောချင်တာက ဒီလို အချက်အလက်အမှန် ရေးသားမှု တွေဟာ တမင်တကာ ကျမကိုသော်လည်းကောင်း NLD ကိုသော်လည်းကောင်း သိက္ခာကျစေ တဲ့အပြင် ဗုဒ္ဓဘာသာဝင်တွေရဲ့ အားပေးမှုသို့ မဲပေးမှုကျစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတယ်ဆိုတာ ထင်ရှားပါတယ်။ ဒုတိယ အနေနဲ့ သူတို့ရေးသားထားတဲ့ အချက်အလက်တွေဟာမှန်ကန်မှု မရှိသလို ကျမကလည်း OIC နဲ့ရော NLD နဲ့ပါ ပတ်သတ်မှု တစ်စုံတရာမရှိပါဘူး။ တတိယ အချက်အနေနဲ့ အခုလို အမုန်းတရား လုံဆော်တဲ့ campaign နဲ့ ကျမကို လူ့ဂုဏ်သိက္ခာ ညိုးနွမ်းစေတဲ့ အသုံးအနှုန်းတွေ ၊ မမှန်ကန်တဲ့လုပ်ကြံထားတဲ့ အချက်အလက်တွေကို သုံးပြီး သိက္ခာကျဆင်းစေခြင်းအတွက် ဥပဒေအရအရေးယူလိုပါတယ်။ ဒီလိုလုပ်နေတာတွေ မကြာခဏတွေ့ရပြီး ကျမဘက်က မှတ်တမ်းတင်ထား နေပါတယ်" လို့ မဝေဝေနုက ပြောပါတယ်။

    Tags

    Fake newsfunding from the OICsupporting to NLDWai Wai NuNLD ပါတီOIC မှ ထောက်ပံ့ကြေးမဝေဝေနုသတင်းအတု
    Read Full Article
    Claim :   Min Shwe Thway ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားဖော်ပြထားတဲ့ NLD ပါတီကို OIC က ထောက်ပံ့ကြေးရအောင် မဝေဝေနု က ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ သတင်းကို Boom Myanmar က သတင်းအမှား ဖြန့်ဝေခံရတဲ့ ကာယကံရှင်ဖြစ်သူ မဝေဝေနု နဲ့ NLD ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်တို့ကို ဆက်သွယ် မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!