BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လူမျိုးရေး၊ ဘာသာရေး...
သတင်းအတု

လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်တဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ အစ္စလာမ်ဘာသာဝင် လွှတ်တော်ကိုယ်စားလှယ် ၄၃ ယောက်နဲ့ အစ္စလာမ်မိုက်ဇေးရှင်း လုပ်တော့မယ် ဆိုတဲ့ ဘာသာရေးသွေးထိုး လှုံ့ဆော်ထားတဲ့ သတင်းအမှားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  21 Nov 2020 10:33 AM IST
  • လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်တဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို တက္ကသိုလ်ဝိဇ္ဇာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားရဲ့ ထိပ်ဆုံးမှာ လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းနဲ့ခေါင်းစဉ်တပ်ရေးသားထားတာဖြစ်ပါတယ်။

    အချက်အလက်အမှားတွေနဲ့ ရေးသားထားတဲ့အပြင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ပုံကို ကာတွန်းရေးဆွဲထားပြီး နောက်ခံမှာ ဆော်ဒီနိုင်ငံက မက္ကာဟ်ဝတ်ကျောင်းပုံကို နောက်ခံ ပြုလုပ်ထားပါတယ်။ ၎င်းရေးသားထားတဲ့ အကြောင်းအရာထဲမှာ အစ္စလာမ်ဘာသာဝင် အမတ် ၄၃ နေရာကနေ မြန်မာပြည်မှာ အစ္စလာမ်မိုက်ဇေးရှင်း ပြုလုပ်တော့မယ့် ပုံစံဖြစ်အောင် ရေးသားထားတာဖြစ်ပါတယ်။

    ရေးသားမှုထဲက တချို့ကို ဖော်ပြရရင် "ဥပေဒများကို တဖြေးဖြေးခြင်း အစ္စလာမ်မစ်နိုင်ငံတွေနဲ့ တူသွားအောင် အာဏာပိုင်များမှတဆင့် ပြင်သွားရင်လည်း ပြည်သူတွေကိုယ်တိုင် မသိလိုက်ပဲ အစ္စလာမ်မိုက်ဇေးရှင်း လုပ်ခံရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လပိုင်းတွေဆီက အသက် ၁၈ နှစ် မပြည့်ခင် လက်ထပ်ခွင့် ဥပေဒကို လွှတ်တော်က အတည်ပြုလိုက်တာ မှတ်မိ ကြမယ် ထင်ပါတယ်။ သည့်နောက်ပိုင်း မှာလည်း သက်ငယ်မဒိန်းကို အသက် ၁၂ နှစ်အောက် ကျူုးလွန်မှ ပြစ်မှု မြောက်ပြီး အသက် ၁၂ နှစ်အထက်နှင့် ၁၈ နှစ်အောက် ကြားကာလကို သက်ငယ်မုဒိန်း ဥပေဒ မမြောက်တော့ကြောင်း ဥပဒေကြမ်း တစ်ခုထပ်မံ၍ထုတ်ပြန် ကြေငြာသွားပြန်တယ်။ ခပ်စောစောပိုင်းက ခိုးဝင်ဘင်္ဂါလီတွေ မများမီ နယ်စပ်ဖြတ်ကျော်ဂိတ် စစ်ဆေးခွင့် ဥပေဒ

    ဧည့်စာရင်း ဥပေဒ နောက်ယောင်ခံ ဥပဒေ စသည်များကို ကြိုတင် ဖျက်ထားနှင့်သည်ကိုလည်းတွေ့ရပြီးဖြစ်တယ်။

    ဒီလို ဥပေဒေတွေတစ်ဆင့်ခြင်း ပြင်လာပုံကို သုံးသပ်လျှင် ထိုလုပ်ရပ်အရ အစ္စလာမ်တွေ လွှမ်းမိုးဖို့ အစ္စလာမ်ယဉ်ကျေးမှုနှင့် တူညီသည့် ကျင့်ထုံးများဆီ တစ်ဆင့်ခြင်း သွားနေတာသာဖြစ်တယ်" လို့ ရေးသားထားပြီး မွတ်စလင် လွှတ်တော် ကိုယ်စားလှယ် ၄၃ ယောက်က သေနတ် ကျည်ဆန် တစ်ချက်မှ မဖောက်ပဲ ဥပဒေတွေကို တဖြည်းဖြည်း ပြုပြင်သွားပြီး အစ္စလာမ်မစ် နိုင်ငံတော်ကြီးအဖြစ် ပြောင်းလဲ ပစ်လိမ့်မယ်လို့ ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်မှာ ရေးသားထားပါတယ်။

    မူရင်းရေးသားမှု အပြည့်အစုံကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    တက္ကသိုလ်ဝိဇ္ဇာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေထားတဲ့ အစ္စလာမ်ဘာသာဝင် လွှတ်တော်ကိုယ်စားလှယ် ၄၃ ယောက်နဲ့ အစ္စလာမ်မိုက်ဇေးရှင်း လုပ်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ ကိန်းဂဏာန်း အချက်အလက်အမှားတွေနဲ့ အမုန်းစကား ဖြန့်ဝေပြီး နိုင်ငံရေး အမြတ်ထုတ်ထားတာကို တွေ့ရပါတယ်။

    ယခု ရေးသားထားတဲ့ အစ္စလာမ် ဘာသာဝင် လွှတ်တော်ကိုယ်စားလှယ် ၄၃ ယောက်ဆိုတဲ့ သတင်းအမှားသာ ဖြစ်ပြီး ဒီရေးသားဖြန့်ဝေမှုတွေဟာ ရွေးကောက်ပွဲ မတိုင်ခင်ကာလက ဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေကို အခြေခံပြီး ဆက်လက် ဖြန့်ဝေနေခြင်းသား ဖြစ်ပါတယ်။ မဲဆွယ်ကာလမှာ NLD ပါတီမှာ အစ္စလာမ် ကိုယ်စားလှယ် ၆၈% ပါဝင်တယ် လို့ ရေးသားမှုတွေ ၄၈ ယောက်ပါဝင်တယ်ဆိုတဲ့ သတင်းအမှားတွေ များစွာ ထွက်ပေါ်ခဲ့ပါသေးတယ်။

    အဲ့ဒီ အကြောင်းအရာတွေနဲ့ ပတ်သတ်တဲ့ Boom ရဲ့ အချက်အလက်စစ်ဆေးမှုတွေကို အောက်ပါ Link တွေမှာ ဖတ်နိုင်ပါတယ်။

    NLD အမတ် ၆၈% က အစ္စလာမ် ဘာသာဝင်များ ဖြစ်မည် ဆိုတဲ့ သတင်းအမှား

    NLD ပါတီမှာ မွတ်စလင်ကိုယ်စားလှယ် ၄၈ ဦး ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းအမှား


    ဖြန့်ဝေခဲ့တဲ့အပြင် မင်းကင်းမြို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီက ဦးမောင်မြင့်က NLD ပါတီမှာ မွတ်စလင် ကိုယ်စားလှယ် ၄၃ ယောက်ပါဝင်တယ်လို့ မဲဆွယ်စည်းရုံးစဉ်မှာ ပြောကြားခဲ့ပါသေးတယ်။

    မင်းကင်း ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း မဲဆွယ်စဉ်မှာ ပြောကြားခဲ့တဲ့ သတင်းအမှားအကြောင်းကို အောက်ပါ Link မှာ ဖတ်ပါ။

    ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဘာသာရေးသတင်းအမှားဖြင့် မဲဆွယ်

    ဒီလို သတင်းအမှားဖြန့်ပြီး ဘာသာရေး အမုန်းစကား ဖြန့်ဝေထားတာနဲ့ ပတ်သက်ပြီး အစ္စလာမ့်ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) က "ပါလီမန်ထဲမှာ ဥပဒေတစ်ခု ပြင်ဖို့ဆိုတာ မွတ်စလင်က Minority လေ။ Majority ဖြစ်တဲ့ NLD တောင် ပြင်လို့ မရဘူး သဘောပြောတာက။ ဒီလိုဟာမျိုးတွေက ဒီကနေသွားပြီး အစ္စလာမ်မိုက်ဇေးရှင်း လုပ်မယ်တို့ ဘာတို့ ဆိုတာက ဒါက ဒဏ္ဍာရီဆန်တဲ့ ကိစ္စတွေ။ လွှတ်တော်ရဲ့ နိုင်ငံရေးမှာ ဒါတွေက ဖြစ်လာစရာ အကြောင်းမရှိဘူး" လို့သုံးသပ်ပါတယ်။




    Tags

    False newsMuslim MPsNLDIslamizationဘာသာရေးသွေးထိုးလှုံ့ဆော်သတင်းအမှား
    Read Full Article
    Claim :   တက္ကသိုလ်ဝိဇ္ဇာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေထားတဲ့ အစ္စလာမ်ဘာသာဝင် လွှတ်တော်ကိုယ်စားလှယ် ၄၃ ယောက်နဲ့ အစ္စလာမ်မိုက်ဇေးရှင်း လုပ်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!