BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြည်ခိုင်ဖြိုးကိုယ်စားလှယ်...
သတင်းအတု

ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဘာသာရေးသတင်းအမှားဖြင့် မဲဆွယ်

စစ်ကိုင်းတိုင်း မင်းကင်းမြို့မဲဆွယ်စည်းရုံးရေးခရီးစဉ်တစ်ခုမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ဦးမောင်မြင့်က ဘာသာရေးဆိုင်ရာ သတင်းအမှားတချို့ ပြောဆိုပြီးမဲဆွယ်ထားတဲ့ Video တစ်ခု လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  13 Oct 2020 12:38 PM IST
  • ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဘာသာရေးသတင်းအမှားဖြင့် မဲဆွယ်

    ဒီဖြစ်စဉ်ထဲက Video တစ်ခုကို ကြက်ဖကြီး ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ် တင်ထားတာ ဖြစ်ပြီး အဲ့ဒီ Video ထဲမှာ မင်းကင်းမြို့နယ်က ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က "ကျွန်တော်တို့ မှာ ၃ ယောက်ထည့်တာကို အဲ့လောက် ပြစ်တင်ဝေဖန်ကြတဲ့ ပါတီ။ အဲ့ဒီပါတီဟာ အခု ၂၀၂၀ ရွေးကောက်ပွဲဆိုတဲ့ အခါကျတော့ အဲ့ဒီဘာသာဝင် ၄၂ ယောက်ကို ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ လျာထားခဲ့တယ်ဆိုတာကို ပြည်သူတွေ သိရတယ်။ အတိအကျ ပြောမယ် ပန်းပဲတန်း မဲဆန္ဒနယ်မှာ စည်သူမောင် ဆိုတဲ့ ကုလားလေး။ အဲ့ဒါမျိုးတွေ ထည့်ထားတယ်။ ၄၂ ယောက်ရှိတယ်။ ၃ ယောက်ထည့်ခဲ့တာကိုတောင်မှ လက်ညိုးငေါက်ငေါက် ထိုးခဲ့တဲ့ သူတွေ။ ၂၀ မက ၄၂ ယောက် ထည့်တယ်ဆိုတဲ့ အချိန်မှာ မိဘ ပြည်သူတွေ ဘယ်ပါတီဘက်က ရပ်မလဲ။ ဒါကို စဉ်းစားဖို့ သင့်ပါတယ်" (စကားလုံးအသုံးအနှုန်း မူရင်း ပြောဆိုထားသည့်အတိုင်း) လို့ ပြောဆိုထားပါတယ်။ အဲ့ဒီ Video ကို ပြန်တင်ထားတဲ့ ကြက်ဖကြီး ဖေ့စ်ဘွတ်ပေ့ချ်က အဲ့ဒီ Video ဟာ အောက်တိုဘာလ ၂ ရက်နေ့က မင်းကင်းမြို့နယ်မှာ မဲဆွယ်စဉ်က ဦးမောင်မြင့် ပြောဆိုထားတဲ့ Video ဖြစ်တယ်လို့ ရေးသားထားပါတယ်။

    Video ဖိုင်ကို ဒီမှာ ကြည့်ပါ။

    နောက်ထပ် မင်းကင်းမြို့နယ်က ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူ တစ်ဦးက ၎င်းရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ "အကြံပေး အယောက်၉၀ ကျော် ခံလို့အားမဝလို့ လွှတ်တော်ထဲမှာ မွတ်စလင်အမတ် ၆၈%ထည့်ပေးပြီး အသားထဲကလောက်ထွက်တဲ့ သစ္စာဖောက်တွေကို 2020ရွေးကောက်ပွဲမှာအပြီးသတ်မောင်းထုပ်ကြပါစို့ အမျိုးတို့ရေ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားမှုကို ဒီမှာ ကြည့်နိုင်ပါတယ်။

    ဒါ့အပြင် မင်းကင်းမြို့နယ်အတွင်းက သံပေါက် ကျေးရွာအတွင်း ခြံစည်းရိုး တစ်ခုမှာ NLD ပါတီကို ဘာသာရေး အသုံးချပြီး တိုက်ခိုက်တဲ့ အခါမှာ အသုံးပြုလေ့ရှိတဲ့ ဓါတ်ပုံတွေကို ကပ်ထားတယ်လို့ ဒေသခံ တစ်ဦးက အဆိုပါ အကြောင်းအရာကို လူမှုကွန်ယက်ပေါ် ရေးတင်ထားပါတယ်။

    အဆိုပါ ရွာအတွင်း ခြံစည်းရိုးမှာ ကပ်ထားတဲ့ ဓါတ်ပုံ အကြောင်းကို ဒီမှာ ဖတ်ပါ။


    သတင်းဆန်းစစ်ချက်

    မင်းကင်းမြို့နယ်က ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းနဲ့ ပါတီထောက်ခံသူ တစ်ဦး ပြောဆိုထားတဲ့ NLD ပါတီမှာ မွတ်စလင် ကိုယ်စားလှယ် လောင်းများစွာပါဝင်နေတယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားတွေကို အသုံးချပြီးလှုံ့ဆော်ဖြန့်ဝေမှုတွေသာဖြစ်နေပါတယ်။ အထက်ပါကိစ္စတွေမှာ အသုံးပြုနေတဲ့ NLD ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟာ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားနေတဲ နေရာတွေကနေဖြန့်ဝေခဲ့ဖူးပြီး အခုအခါမှာတော့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးမောင်မြင့်နဲ့ ပါတီထောက်ခံသူတချို့ကပါ ဒီအချက်တွေကို ဆက်လက်ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဒီသတင်းအမှားတွေဟာ NLD ပါတီကို ဝါဒဖြန့်သတင်းတွေနဲ့ အစဉ်တိုက်ခိုက်လေ့ ရှိတဲ့ RFM နာမည်နဲ့ သတင်းအမှားဖြန့်တဲ့ အဖွဲ့ က ဇွန်လ ခန့်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး၊ နောက်ထပ် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံအားပေးနေတဲ့ Myanmar Hard Talk ဆိုတဲ့ ပေ့ချ်ကလည်း ဩဂုတ်လမှာ အဲ့ဒီ သတင်းအမှားကို ဖြန့်ဝေခဲ့ပါတယ်။ အဲ့ဒီနောက် USDP ထောက်ခံသူတွေကြားမှာ အဆိုပါ သတင်းအမှားကို မကြာခဏ ဖြန့်ဝေမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ RFM က ဖြန့်ဝေခဲ့တဲ့ သတင်းနဲ့ Myanmar Hard Talk က ဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေ အကြောင်းကို အောက်က Link တွေမှာ ဖတ်နိုင်သလို ဒီအချက်တွေနဲ့ပတ်သက်လို့ Boom Myanmar က အဲ့ဒီကာလကတည်းကလည်း အချက်အလက်စစ်ဆေးခဲ့ဖူးပါတယ်။ ယခင်သတင်းတွေကို အောက်မှာဆက်လက်ဖတ်ရှုပါ။

    NLD အမတ် ၆၈% က အစ္စလာမ် ဘာသာဝင်များ ဖြစ်မည် ဆိုတဲ့ သတင်းအမှား

    NLD ပါတီမှာ အစ္စလာမ်ဘာသာဝင် အမြောက်အများ ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းအမှား

    လက်ရှိ NLD ပါတီမှာ ပါဝင်တဲ့ မွတ်စလင် ကိုယ်စားလှယ် အရေအတွက်နဲ့ ပတ်သက်ပြီး "ဒါ သတင်းအမှားပါ။ ဒေါ်ဝင်းမြမြနဲ့ ကိုစည်သူမောင် ၂ ယောက်ထဲပါ။ ဒါတောင်မှ ရှားရှားပါးပါးပါ။ ဒေါ်ဝင်းမြမြတို့ ကိုစည်သူမောင်တို့ ဆိုတာက သူ့ အရည်အချင်းနဲ့ သူတို့ အရွေးခံရတာပါ။ သူ့ဒေသ လူထုက ကြိုက်လို့ ရွေးချယ်လို့ အရွေးခံရတာပါ။ ကျွန်တော်တို့ ပါတီက လူမျိုးရေးခွဲခြားမှု မရှိဘဲ တော်ရင်တော်သလို နေရာပေးတဲ့ အစဉ်အလာ ရှိပါတယ်" လို့ မုံရွာအောင်ရှင်က ပထမ အကြိမ် သတင်းအမှားတွေ ထွက်ပေါ်စဉ်က Boom Myanmar ကိုပြောခဲ့ပါတယ်။

    မင်းကင်းပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က အဆိုပါ သတင်းအမှားအချက်အလက်တွေကို အသုံးပြုပြီး ကျေးရွာအတွင်း မဲဆွယ်စည်းရုံးစဉ် ပြောကြားတဲ့ အခါမှာ ပန်းပဲတန်း လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင် နဲ့ပတ်သက်လို့ လူမျိုးရေး ခွဲခြားတဲ့ အသုံးအနှုန်းတွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

    မကြာသေးခင်ကလည်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးကလည်း ၎င်းတို့ ပါတီမှာ သွေးနှော လုံးဝ မပါဝင်ဘူး ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ ပါတီထောက်ခံသူတွေက NLD ပါတီဟာ လူမျိုးခြားတွေ အားပေးတဲ့ ပါတီဖြစ်တယ်ဆိုတဲ့ ရေးသားမှုတွေအပြင် အမုန်းစကားဖြန့်ဝေမှုတွေလည်း ပျံနှံ့ခဲ့ပါတယ်။

    ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေနဲ့ ကိုယ်စားလှယ်လောင်း အချို့က ဘာသာရေးအသုံးချပြီး မဲဆွယ်စည်းရုံးမှု ပြုလုပ်တာတွေ မကြာခဏ တွေ့နေရပေမယ့် ၎င်းတို့ ပါတီရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ကြေငြာစာတမ်းမှာ တော့ ဘာသာရေး အသုံးချပြီး မဲဆွယ်မှု မပြု လုပ်ဘူးလို့ ဖော်ပြထားပါတယ်။






    Tags

    USDP candidatecampaignfalse informationreligiousပြည်ခိုင်ဖြိုးကိုယ်စားလှယ်ဘာသာရေးသတင်းအမှားမဲဆွယ်
    Read Full Article
    Claim :   မင်းကင်းမြို့နယ်က ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းနဲ့ ပါတီထောက်ခံသူ တစ်ဦး ပြောဆိုထားတဲ့ NLD ပါတီမှာ မွတ်စလင် ကိုယ်စားလှယ် လောင်းများစွာပါဝင်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!