BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KNLA က ရဟတ်ယာဉ်တစ်စင်းကို...
သတင်းအတု

KNLA က ရဟတ်ယာဉ်တစ်စင်းကို ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းအမှား

ချောင်းနှစ်ခွ စခန်းသိမ်းတိုက်ပွဲမှာ ရဟတ်ယာဉ် (၁) စင်း KNLA ပစ်ချလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 Nov 2022 10:05 AM IST
  • KNLA က ရဟတ်ယာဉ်တစ်စင်းကို ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ Rambo New ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး နာရီအနည်းငယ်အတွင်း ကြည့်ရှု့သူနဲ့ ပြန်လည်ဖြန့်ဝေသူ အများအပြား ရှိနေပါတယ်။

    သတင်းကို ၉ မိနစ်နီးပါရှိတဲ့ ရုပ်သံဖိုင်နဲ့အတူ 'ချောင်းနှစ်ခွ စခန်းသိမ်းတိုက်ပွဲမှာ ရဟတ်ယာဉ် (၁) စင်း KNLA ပစ်ချလိုက်ပြီ။ လေယာဉ်မှူးသေဆုံး' တယ်ဆိုပြီး ရေးသားဖြန့်ဝေခဲ့တာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ချောင်းနှစ်ခွ စခန်းသိမ်းတိုက်ပွဲမှာ ရဟတ်ယာဉ် (၁) စင်း KNLA ပစ်ချလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom က အချက်အလက် စစ်ဆေးကြည့်ရှု့ရာမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    မွန်ပြည်နယ်၊ ချောင်းနှစ်ခွကျေးရွာရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေက နိုဝင်ဘာ ၁၂ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ခဲ့တယ်ဆိုတဲ့ သတင်းကိုတော့ ယုံကြည်ရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြနေတာ ရှိပါတယ်။

    ဒါပေမယ့် ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ မည်သည့် သတင်းဌာနတွေမှာမှ ဖော်ပြထားတာ မရှိသလို စစ်ကောင်စီကလည်းကြေငြာထားတာမရှိပါဘူး။

    ခုဖြန့်ဝေမှုမှာပါတဲ့ ဗွီဒီယိုဖိုင်ကို ဝင်ကြည့်ရင် ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအကြောင်းအရာ ပါဝင်ခြင်းမရှိပဲ တခြား သတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီဖေ့စ်ဘွတ်ပေ့ချ်တွေမှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီး ဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

    သတင်းအမှားတွေ လုပ်ကြံဖြန့်ဝေသူအများစုဟာ လူအများစိတ်ဝင်စားတဲ့ စစ်ကောင်စီလေယာဉ် ပစ်ချတယ်၊ ရဟတ်ယာဉ် ပစ်ချတယ်ဆိုတဲ့ အကြောင်းအရာတွေကို မကြာခန ဖြန့်ဝေလေ့ရှိတဲ့အတွက် BOOM အနေနဲ့ မကြာခန သတင်းဆန်းစစ်မှုတွေ လုပ်ထားပါသေးတယ်။


    BOOM က သတင်းဆန်းစစ်ထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ချောင်းနှစ်ခွကျေးရွာရဲစခန်းရဲစခန်းသိမ်းပိုက်helicopter shot downKNLA shot downကာကွယ်ရေးအဖွဲ့PDFClickbaitsfakenewsKNLA
    Read Full Article
    Claim :   ချောင်းနှစ်ခွ စခန်းသိမ်းတိုက်ပွဲမှာ ရဟတ်ယာဉ် (၁) စင်း KNLA ပစ်ချလိုက်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!