BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို KIA က...
သတင်းအတု

စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို KIA က ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းအတု

မကြာသေးခင်ကမှ KIA နယ်မြေထဲထိုးစစ်ဆင်ခဲတာကြောင့် လူပေါင်းများစွာသေဆုံးခဲ့တဲ့သတင်းဖြစ်ရပ်ပေါ်အခြေခံပြီး စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို KIA က ပစ်ချပြီး လက်စားချေလိုက်တယ်ဆိုတဲ့ သတင်းအတုတွေ လူမှုကွန်ရက်မှာပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  31 Oct 2022 5:11 PM IST
  • စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို KIA က ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို HT News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာလ ၃၁ ရက်နေ့ မနက် ၉ နာရီ ၂၇ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံမှာ KIA က ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ဓါတ်ပုံနဲ့ တစ်ခြားလက်နက်ကြီးတစ်ခုကိုင်ထားသူတစ်ဦးရဲ့ ဓါတ်ပုံတို့ကို အသုံးပြုကာ ဓါတ်ပုံပေါ်မှာ "၃၀ ရက်နေ့ KIA လက်စားချေပြီ။ စစ်လေယာဉ် ၂ စီး ပစ်ချ" လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း "KIA လက်စားချေပြီ" လို့ ထပ်မံရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို like လုပ်ထားသူ ၁၁၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၁၇၀၀၀ ကျော်ရှိကာ ထပ်ဆင့်ဝေမျှသူ မှတ်ချက်ရေးသားသူတွေ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို KIA က ပစ်ချပြီး လက်စားချေလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ မည်သည့် စစ်လေယာဉ်မှ ပစ်ချခံထားရခြင်း မရှိသလို မည်သည့်အဖွဲ့အစည်း မည်သည့်သတင်းဌာနကမှာ ဖော်ပြထားခြင်း မရှိပါဘူး။

    သတင်းအမှားရဲ့ ခေါင်းစဉ်မှာ စစ်ကောင်စီ လေယာဉ်ကို KIA ပစ်ချပြီး လက်စားခချတယ်လို့ ဆိုထားပေမယ့် သတင်းအမှားအတွင်းမှာတော့ ဒီအကြောင်းအရာ လုံးဝ မပါဝင်ပါဘူး။ ၎င်းတို့ တင်ထားတဲ့ Video ထဲမှာ ဝါရှင်တန်ဒီစီ အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေး ဌာန (CSIS) မှာ လာမယ့် အာဆီယံ၊ အေပက်နဲ့ အရှေ့အာရှ ညီလာခံတွေမှာ အမေရိကန် နိုင်ငံနဲ့ အာရှနိုင်ငံတွေအကြား နိုင်ငံတကာဆက်ဆံရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့တဲ့ သတင်းကိုသာ တင်ထားပါတယ်။ လေယာဉ်ပစ်ချတဲ့အကြောင်းအရာ တစ်ခုမှ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး YouTube နဲ့ Facebook ပေါ်ဖြန့်ဝေကာ ၎င်း video ကို ကြည့်ရှု့သူများလာတဲ့အခါ ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsKIAshot downjet fighterAir strikeMilitaryCoupသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ၃၀ ရက်နေ့ KIA လက်စားချေပြီ။ စစ်လေယာဉ် ၂ စီး ပစ်ချ
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!