BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗုံးကြဲလေယာဉ် ၁ စီးကို PDF တွေ...
သတင်းအတု

ဗုံးကြဲလေယာဉ် ၁ စီးကို PDF တွေ ပစ်ချတယ်ဆိုတဲ့ သတင်းအမှား

စစ်ကိုင်းမှာ ဗုံးကြဲလေယာဉ် ၁ စီးကို PDF တွေ ပစ်ချတယ်ဆိုတဲ့ သတင်းအပါအဝင် စစ်ကောင်စီ လေယာဉ် NUG ပစ်ချလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  19 Oct 2022 8:02 AM IST
  • ဗုံးကြဲလေယာဉ် ၁ စီးကို PDF တွေ ပစ်ချတယ်ဆိုတဲ့ သတင်းအမှား

    စစ်ကောင်စီ လေယာဉ်ကို ပစ်ချလိုက်ပြီဆိုတဲ့ သတင်းတွေကို အောက်တိုဘာလ ၁၃ ရက်က စပြီး Best Page ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့် အပါအဝင် အခြားသတင်းမှားဖြန့်ဝေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ပုံစံအမျိုးမျိုးနဲ့ ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးကျော်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'စစ်ကိုင်းမှာ ဗုံးကြဲယာဉ် ၁စီး PDFပစ်ချနိုင်ပြီ' လို့ ရေးသား ဖြန့်ဝေတာတွေ ရှိသလို 'ပြောတဲ့အတိုင်း NUG ပစ်ချလိုက်ပြီ' ဆိုပြီး ရေးသားထားတာတွေလည်း ရှိပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လေယာဉ်တွေ ပစ်ချလိုက်ပြီဆိုတဲ့ သတင်းမှားတွေကို လေယာဉ်ပစ် လက်နက်တွေ ရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အောက်တိုဘာ ၇ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြီးနောက်ပိုင်း ပုံစံအမျိုးမျိုးနဲ့ ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    စစ်ကိုင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲလေယာဉ် ပစ်ချလိုက်ပြီဆိုပြီး ရေးဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ လေယာဉ်ပစ်ချခံရတယ်ဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ မည်သည့် သတင်းဌာနတွေမှာမှ ဖော်ပြထားတာ မရှိသလို စစ်ကောင်စီကလည်းကြေငြာထားတာမရှိပါဘူး။

    ခုဖြန့်ဝေမှုမှာပါတဲ့ ဗွီဒီယိုဖိုင်ကို ဝင်ကြည့်ရင် လေယာဉ်ပစ်ချတယ်ဆိုတဲ့ သတင်းအကြောင်းအရာ ပါဝင်ခြင်းမရှိပဲ တခြား သတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီဖေ့စ်ဘွတ်ပေ့ချ်တွေမှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီး ဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

    လေယာဉ်ပစ် လက်နက်တွေ ရရှိထားတာနဲ့ ပတ်သက်ပြီး လက်နက်အမျိုးအစားနဲ့ အသုံးပြုမယ့်နေရာတွေကို ထုတ်မပြောနိုင်ပေမယ့် အဆိုပါ နေရာတွေကို ရောက်လာတဲ့ စစ်ကောင်စီရဲ့ လေယာဉ်တွေကို ပစ်ချတိုက်ခိုက်သွားမယ်လို့ NUG ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင် က ပြောထားပါတယ်။

    ဒါ့အပြင်လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ လက်ဝယ်မရောက်သေးတဲ့အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင်ဗိုလ်နဂါး ပြောထားပါသေးတယ်။


    ဒီသတင်းကို DVB သတင်းဌာနမှာ အောက်တိုဘာ ၁၅ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    jet fighter shot downSagaingဗုံးကြဲလေယာဉ် ပစ်ချခံရလေကြောင်းရန်ကာကွယ်ရေးလက်နက်Military CoupFakenewsClickbait
    Read Full Article
    Claim :   စစ်ကိုင်းမှာ ဗုံးကြဲလေယာဉ် ၁ စီးကို PDF တွေ ပစ်ချတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!