BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • AA ထံမှာ စစ်ပညာသင်နေတဲ့ PDF တွေ...
      သတင်းအတု

      AA ထံမှာ စစ်ပညာသင်နေတဲ့ PDF တွေ အများအပြား ထွက်ပြေးတယ်ဆိုတဲ့ သတင်းအတု

      အာရက္ခတပ်တော် AA ထံမှာ စစ်ပညာသင်ကြားနေသူတွေ အများအပြားထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  3 May 2024 9:24 PM IST
    • AA ထံမှာ စစ်ပညာသင်နေတဲ့ PDF တွေ အများအပြား ထွက်ပြေးတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေတဆင့် ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “AA ခဲဝါများ၏ နှိပ်စက်မှုကြောင့် PDF သင်တန်းသား အများအပြားထွက်ပြေး” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ ချင်းလူမျိုးနဲ့ ဗမာလူမျိုးအများစုပါဝင်တဲ့ CDF နဲ့ PDF သင်တန်းသားတွေ ဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ AA ဆီကနေ စစ်ပညာသင်ယူနေစဉ်မှာ AA က လူမဆန်စွာ ပါးရိုက်ခြင်း၊ တုတ်ဖြင့်အချက်ပေါင်းများစွာရိုက် နှက်နှိပ်စက်တာတွေ လုပ်ဆောင်ခံနေရတဲ့အပြင် အမျိုးသမီးသင်တန်းသားများ ကိုလည်း ကာဣန္ဒြေပျက်ပြားအောင် ပြုလုပ်ခံနေရလို့ CDF နဲ့ PDF သင်တန်းသားတွေဟာ နေ့စဉ်နဲ့အမျှအများအပြားထွက်ပြေးနေကြရတယ်လို့ ရေးသားဖြန့်ဝေထားပါတယ်။

      မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      အာရက္ခတပ်တော် AA ထံမှာ စစ်ပညာသင်ကြားနေသူတွေ အများအပြားထွက်ပြေးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ရက္ခိုင့်တပ်တော် AA ထံမှာ စစ်ပညာသင်ကြားရင် တိုက်ပွဲအတွေ့အကြုံဖော်ဆောင်နေတဲ့ PDF တွေ များစွာရှိနေပြီး တပ်ရင်အလိုက် စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ AA က စစ်ပညာသင်ကြားပေးထားတဲ့ PDF တပ်ရင်းတွေရဲ့ သင်တန်းဆင်းပွဲတွေလည်း မကြာခဏပြုလုပ်နေပြီး AA နဲ့ ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေဆဲသာ ဖြစ်ပါတယ်။

      သတင်းအမှားထဲမှာ ရေးသားထားသလို PDF တွေက AA လက်အောက်က ထွက်ပြေးခြင်းဖြစ်စဉ် မရှိပါဘူး။ ၎င်းတို့ဆန္ဒအလျှောက် စစ်ကောင်စီကို တိုက်ခိုက်နေဆဲသာဖြစ်ပြီး အဆိုပါ တပ်ဖွဲ့တွေထဲ ဝင်ရောက်သူ များပြားလာနေဆဲသာ ဖြစ်ပါတယ်။

      ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ အထိနာလာတဲ့အတွက် AA အပေါ် တိုက်ခိုက်တဲ့သတင်းအမှားတွေ လူမျိုးရေး သွေးထိုးလှုံ့ဆော်တဲ့သတင်းအမှားတွေ မကြာခဏ ဖြန့်သလို PDF တွေကို AA က သတ်ပစ်တယ်ဆိုတဲ့ သတင်းအမှားတွေ၊ PDF တွေက AA လက်အောက်ကနေ ထွက်ပြေးနေတယ်ဆိုတဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေလေ့ရှိပါတယ်။

      AA နဲ့ ပတ်သက်ပြီး ယခင် ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းအမှားတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

      Tags

      Fake newsMilitaryCouprunning awayArakan ArmyPeople defense forceသတင်းအတုအာရက္ခတပ်တော်ပြည်သူ့ကာကွယ်ရေးတပ်
      Read Full Article
      Claim :   AA ခဲဝါများ၏ နှိပ်စက်မှုကြောင့် PDF သင်တန်းသား အများအပြားထွက်ပြေး
      Claimed By :  Facebook, Telegram
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!