BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF အဖွဲ့တွေ ပြည်သူကို...
သတင်းအတု

PDF အဖွဲ့တွေ ပြည်သူကို တိုက်နေတာလို့ AA ပြောတယ်ဆိုတဲ့ သတင်းအမှား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီကို မတိုက်ဘဲ လက်နက်မဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က ပြောထားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  8 April 2022 10:06 PM IST
  • PDF အဖွဲ့တွေ ပြည်သူကို တိုက်နေတာလို့ AA ပြောတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Dar Dar ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၄ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "PDF အဖွဲ့ဟာစစ်ကောင်စီကို တော်လှန်နေတာ မဟုတ်ပဲ လက်နက်မဲ့တဲ့အရပ်သားတွေကို တော်လှန်နေတာလို့ AAပြော" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    သတင်းအမှားရဲ့ အတွင်းမှာတော့ "PDF အဖွဲ့တွေဟာစစ်ကောင်စီကို တော်လှန်တာမဟုတ်ပဲ လက်နတ်မဲ့အရပ်သားတွေကို တော်လှန်နေတာဟု AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်မှ ပြောကြားလိုက်ပါတယ်။ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ဗမာတပ်မတော်နဲ့ ဗမာစစ်သွေးကြွ PDF တွေဖြစ်နေတာမဟုတ်ပဲ လက်နက်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာကတော်လှန်ရေးမဟုတ်ဘူး ဒါကတော့ လူမှုရေးကိစ္စတွေကို မကျေနပ်လို့ ဒလန်ဆိုပြီးသတ်နေကြတာ။ ကျွန်တော်တို့ ရခိုင့်တပ်တော်အနေနဲ့အခုချိန်ထိ လက်နက်မဲ့တဲ့ ပြည်သူကိုမသတ်ဖူးဘူး" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားကာ AA အဖွဲ့ဟာ ရခိုင်ပြည်မှာဆိုရင် PDF တွေကို နေရာမပေးထားကြောင်း၊ PDF တွေဟာ တော်လှန်ရေးလုပ်နေတာ မဟုတ်ဘဲ အကြမ်းဖက်နေခြင်းသာ ဖြစ်ကြောင်း၊ ဒီအတိုင်းလွတ်ထားရင် ဗမာအချင်းချင်းသတ်ပြီး မျိုးတုံးတော့မှာ ဖြစ်ကြောင်း၊ PDF တွေ လာပူးပေါင်းတာကို လက်မခံကြောင်း၊ လိုအပ်လာရင် ရှင်းလင်းသွားမှာ ဖြစ်ကြောင်း သတင်းအမှားထဲမှာ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ထပ်ဆင့်မျှဝေခြင်း ကူးယူဖော်ပြမှုတွေရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    AA အဖွဲ့ဟာ PDF တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုထားခြင်းမရှိပါဘူး။ ယမန်နှစ် ဧပြီလမှာ NUG က တော်လှန်ရေးမှာ လက်နက်ကိုင်အားလုံးချိတ်ဆက်ဆောင်ရွက်ဖို့ AA ကို သွားရောက်ဖိတ်ကြားခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် AA ကတော့ ၎င်းတို့ရဲ့ ရက္ခိတ လမ်းစဉ်ကို ဆက်လက်လျှောက်လမ်းဖို့ ရည်မှန်းချက်ကြောင့် NUG ရဲ့ ကမ်းလှမ်းဖိတ်ခေါ်မှုကို ပူပေါင်းခဲ့ခြင်း မရှိပါဘူး။

    AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ၎င်းရဲ့ Twitter ပေါ်မှာ "ငါ ရို့ကို ဂရုတစိုက်နန့်ခေါ်ခဘာရေ။ ကိုယ့်ရပ်တည်ချက်နန့်ကိုယ် မပါလိုက်စွာရာ ။ ယင်းသူရို့ကို အပြစ်ပြောစရာမလိုအပ်ပါ" လို့ ရေးတင်ခဲ့ပါတယ်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် Twitter ပေါ် ရေးသားထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။


    ဒါ့အပြင် ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မဟာမိတ်ဆက်ဆံရေး ကော်မတီက ULA/AA ကို မိတ်ဆက်ခြင်းနှင့် အလွတ်သဘောတွေ့ဆုံလိုကြောင်း ထုတ်ပြန်တောင်းဆိုခဲ့ပြီး AA က အစည်းအဝေးထိုင်ပြီး စနစ်တကျ ဆုံးဖြတ်သွားမယ်လို့ ဆိုထားပါတယ်။ NUG က AA ကို တွေ့ဆုံဖို့ ကမ်းလှမ်းထားပြီး AA က ပြန်လည် ပြောဆိုထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။

    ရခိုင်ပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ AA နဲ့ စစ်ကောင်စီတပ်တွေကြား သဘောထားပြန်လည်တင်းမှာနေပြီး တစ်ကျော့ပြန် တိုက်ပွဲ ဖြစ်ပွားနိုင်ခြေတွေလည်းရှိနေပါတယ်။ NUG ကလည်း တော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ် ကမ်းလှမ်းမှုတွေထွက်ပေါ်ပြီးတဲ့နောက် စစ်ကောင်စီ ထောက်ခံသူတွေဖက်က အခုလိုသတင်းအမှားတွေမကြာခနဖြန့်ဝေမှုတွေရှိနေပါတယ်။

    ယခင် ထွက်ပေါ်ခဲ့တဲ့ NUG နဲ့ AA ကို ထိပ်တိုက်တွေ့စေဖို့ရည်ရွယ်တဲ့ သတင်းအမှားတချို့လည်းရှိခဲ့ပြီး ဒီသတင်းတွေထဲက တစ်ပုဒ်ကိုတော့ အောက်ပါ Link မှာ ဖတ်ရှုနိုင်ပါတယ်

    နွေဦးတော်လှန်ရေးမှာ မပါဝင်တဲ့ အဖွဲ့တွေကို ဖျက်သိမ်းဖို့ ဒေါက်တာဇော်ဝေစိုး မပြောပါ



    Tags

    false newsArakan ArmyAAPDFMilitaryCoupသတင်းအမှားစစ်ကောင်စီ
    Read Full Article
    Claim :   PDF အဖွဲ့ဟာစစ်ကောင်စီကို တော်လှန်နေတာ မဟုတ်ပဲ လက်နက်မဲ့တဲ့အရပ်သားတွေကို တော်လှန်နေတာလို့ AAပြော
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!